ထားဝယ် သီတင်းကျွတ်သပိတ်မျှောပွဲည မီးအလှ ကပြမည်

0
471

ထားဝယ်မြို့တွင် နှစ်စဉ်စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိသည့် သပိတ်မျှော်ပွဲပြုလုပ်မည့် သီတင်းကျွတ် လဆန်း ၁၄ ရက်ညတွင် မီးအလှ ကပြမည် ဖြစ်ကြောင်း ထားဝယ်တက် ကြွလူငယ်အဖွဲ့ထံမှ သိရသည်။

မြို့ပေါ်ရှိ လူစည်ကားရာ လမ်းဆုံ လမ်းခွများတွင် မီးကပွဲကို ပြုလုပ်မည် ဖြစ်ပြီး မူးယစ်ဆေးသုံးစွဲမှု အသိပညာ ပေးဟေားပြောခြင်း၊ လက်ကမ်း စာစောင် များ ဖြန့်ဝေခြင်းများကိုလည်း ပြုလုပ် မည်ဖြစ်ကြောင်း ထားဝယ် တက်ကြွ လူငယ်အဖွဲ့မှ ကိုဝေဖြိုးက ပြောသည်။

“အဓိက ဒီပွဲက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပညာပေး Performance (ပြကွက်) တွေ လုပ်မယ်ပေါ့”ဟု ကိုဝေဖြိုး က ဆိုသည်။
ယင်းမီးအလှကပြပွဲကို ထား ဝယ် တက်ကြွလူငယ်အဖွဲ့၊ DMC(Dawei Motorcycle Club) နှင့် ထိုင်းရောက် ထားဝယ်သား မီးအကအဖွဲ့တို့ ပူပေါင်း ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။