မူလတန်းကျောင်းသား သုံးဆယ်ကျော်ဖျားနာသည့်ကျောင်း ယာယီပိတ်

0
435

လောင်းလုံးမြို့နယ်အတွင်းရှိ ရာဟောင်းဝရွာ မူလတန်းကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား သုံးဆယ်ကျော် ဖျားနာကာ ကျောင်းပျက်ခဲ့သည့်အတွက် ကျောင်းကို ယာယီပိတ်လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူး ရုံးထံမှ သိရသည်။

ဩဂုတ်လ ၁၆ ရက်က ကျောင်း သားအချို့ ကျောင်းစပျက်ခဲ့ကြပြီး ဩဂုတ်လ ၁၇ ရက်တွင် ကျောင်းသား ၃၅ ဦး ကျောင်းပျက်ကွက်ခဲ့သဖြင့် နေအိမ်များကို လိုက်လံ စစ်ဆေးကြည့်ရာ ကျောင်းသားများ နေမကောင်းဖြစ် နေ သည်ကို တွေ့ခဲ့ရကြောင်း ရာဟောင်း ၀ရွာ မူလတန်း ကျောင်းအုပ်ဆရာမ ကြီးထံမှ သိရသည်။

“ကျန်းမာရေးဌာနက အကြံပြု ချက်အရ ယာယီပိတ်လိုက်တာပါ” ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကျောင်းကို ဩဂုတ်လ ၁၈ ရက်မှ ၂၁ ရက်အထိ ၄ ရက်ပိတ် လိုက်ခြင်း ဖြစ်သည်။
အဆိုပါကျောင်းမှ ကျောင်းသား များ နေမကောင်းသဖြင့် စစ်ဆေးပြီး ၃ ဦးကို ဩဂုတ်လ ၁၇ ရက်တွင် ထား ဝယ်ဆေးရုံသို့တင်ပို့ခဲ့ကြောင်း လောင်း လုံးမြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာန ဌာနမှူးဒေါက်တာသူဇာဝင်းက ပြောသည်။

ဖျားနာနေသည့် ကျောင်းသားများ အနက် ရာသီ တုပ်ကွေးလက္ခဏာများဖြစ် သည့် ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် နှင့်အထက်ရှိသူ၊ ဆေးကုသမှုခံယူပြီး အဖျားမကျသည့် ကလေးများကို ဦးစား ပေးကာ ဆေးရုံကို လွှဲပြောင်းကုသစေခဲ့ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည် သူ့ကျန်းမာရေးဦးစီးမှူးက ဆိုသည်။
“ကျန်တဲ့ ကျောင်းသားတွေကို စောင့်ကြပ်ကြည့်ရှုနေတယ်၊ ပတ်ဝန်း ကျင်မှာလည်း ဖျားနာလူနာ ရှာဖွေတာ တွေ လုပ်နေတယ်”ဟု အထက်ပါ တိုင်းဦးစီးမှူးက ပြောသည်။

၎င်းအပြင် ရာဟောင်းဝကျေးရွာ၏ အနီးအနား ကျေးရွာတစ်ရွာဖြစ်သည့် မင်းရပ်ရွာရှိ နန္ဒသီရိဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင်လည်း စာသင်ပေး နေသည့် ဆရာမ ၃ ဦးနှင့် ကျောင်းသူ၊ ကျောင်းသား ၇ ဦး ဖျားနာနေသည့် အတွက် အဆိုပါ ကျောင်းကိုလည်း ယာယီပိတ်လိုက်ကြောင်း သိရသည်။

ဩဂုတ်လ ၁၈ ရက်တွင် ရွာ ဟောင်းဝ မူလတန်းကျောင်းမှ ကျောင်း သားတစ်ဦးနှင့် နန္ဒသီရိ ဘ.က ကျောင်း မှ ကျောင်းသား တစ်ဦးတို့ကိုလည်း ရာသီတုပ်ကွေးရောဂါ H1N1 သံသယ ရှိသည့်အတွက် ထားဝယ်ဆေးရုံသို့ ပို့ ဆောင်ခဲ့ကြောင်း တိုင်းပြည်သူ့ ကျန်းမာ ရေး ဦးစီးဌာနထံမှ သိရသည်။

ဖျားနာကျောင်းသားများအား သွေး လွန်တုပ်ကွေး၊ ငှက်ဖျားရောဂါများ စစ် ဆေးခဲ့ကြပြီး သွေးလွန်တုပ်ကွေးရောဂါ ရှိသူ ကျောင်းသားတစ်ဦးကိုလည်း လောင်း
လုံးဆေးရုံသို့တင်ပို့ပေးခဲ့ကြောင်း သိရ သည်။