တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ ရန်ကုန်ပို့လည်း လက်ခံမည်

0
403

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ ကို ထားဝယ်တက္ကသိုလ်သို့ပေးပို့ရ မည် ဟု ထုတ်ပြန်ထားသော်လည်း အဆင့်မြင့် ပညာဦးစီးဌာန ရန်ကုန်ရုံးခွဲသို့ တိုက် ရိုက်ပေးပို့သည့် လျှောက်လွှာများကို လည်း လက်ခံမည်ဖြစ်ကြောင်း အဆင့် မြင့်ပညာဦးစီးဌာန ရန်ကုန်ရုံးခွဲမှဒုတိယ ညွှန်ကြားရေးမှူးက ပြောကြားသည်။

တနင်္သာရီတိုင်းအတွင်း မြိတ်ခရိုင် နှင့် ကော့သောင်းခရိုင်မှ တက္ကသိုလ်ဝင် တန်း အောင်မြင်ထားသည့် ကျောင်းသူ ကျောင်းသား အချို့က လျှောက်လွှာများ ကို ထားဝယ်တက္ကသိုလ်သို့ပေးပို့ခြင်းမရှိဘဲ အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန် ရုံးခွဲသို့ စာတိုက်မှတစ်ဆင့် ပေးပို့လျက် ရှိသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အဆင့် မြင့်ပညာဦးစီးဌာန ရန်ကုန်ရုံးခွဲသို့ တနင်္သာရီအပတ်စဉ်မှ ဆက်သွယ်မေး မြန်းရာ ဒုတိယညွှန်ကြားရေးမှူး ဦးစော ခိုင်က ယင်းသို့ဖြေကြားခဲ့ခြင်း ဖြစ် သည်။

“ကလေးတွေ မသိတာရော၊ သိ လျက်နဲ့ အဆင်ပြေတာ မပြေတာအပေါ် မူတည်ပြီးတော့ အ.ဆ.ည (အဆင့်မြင့် ပညာဦးစီးဌာန)ကို ရောက်လာရင် ကျွန် တော်တို့ လက်ခံရတာပါပဲ။ အဲဒီအတွက် ကလေးတွေအပေါ် ပြဿနာ သိပ်မရှိပါ ဘူး”ဟု ဦးစောခိုင်ကပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့် ကျောင်းသားကျောင်းသူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ထားဝယ်တက္ကသိုလ်သို့ ပေးပို့လျှောက် ထားရမည်ဖြစ်ပြီး ဩဂုတ်လ ၂၅ ရက် ထက်နောက်ကျပါက ရန်ကုန်ရုံးခွဲသို့ ပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန် ထား သည်။