စာသင်ကျောင်းနှစ်ရာနီးပါးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ပေးမည်

0
479

တိုင်းအတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း နှစ်ရာနီးပါးတွင် နိုင်ငံ သားစိစစ်ရေးကတ်ပြားများ လုပ်ပေးသွား မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသ ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဆိုင်ရာရုံး(လ၀က)ထံမှ သိရသည်။

ယခုနှစ်အတွင်း ကျောင်းပေါင်း ၁၇၃ ကျောင်းတွင် အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေး ရန် လျာထားပြီး အခငွေကြေး တစ်စုံ တစ်ရာ ပေးစရာမလိုကြောင်း ဒု-တိုင်း ဦးစီးမှူးက ပြောသည်။

“ကျောင်းမပိတ်ခင် တောက်လျှောက် လုပ်ပေးသွားမှာပါ”ဟု လ၀က ဒုတိုင်း ဦးစီးမှူးက ဆိုသည်။
ယခုနှစ်တွင် ဇူလိုင်လ ၁ ရက်မှ ဩဂုတ်လ ၂ ရက်အထိ တိုင်းတွင်းရှိ အခြေခံပညာကျောင်း ၂၈ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၄၀၇၀ ဦးကို ပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း တိုင်းဒေသ ကြီး လ၀က ဒုတိယတိုင်းဦးစီးမှူးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က အခြေခံ ပညာကျောင်း ၁၅၇ ကျောင်းမှ ကျောင်း သူ၊ ကျောင်းသား ၁၁၆၄၆ ဦးကို အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အားဆိုင်ရာရုံး(လ၀က)ထံမှ သိရသည်။