တနင်္သာရီတိုင်း နိုင်ငံခြားခရီးသွား ဝင်ရောက်မှု မထူးခြား

0
382

တိုင်းအတွင်းကို နယ်စပ်ဝင် ပေါက်များက ဝင်ရောက်လာသည့် နိုင်ငံ ခြားသား ခရီးသွားဝင်ရောက်မှုမှာ ပြီးခဲ့သည့်နှစ်ထက် သိသိသာသာ တိုး တက်လာခြင်းမရှိကြောင်း ထားဝယ်ခရိုင် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က တိုင်းအတွင်းသို့ နိုင်ငံခြားခရီးသွား ၃ သိန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလအထိ ၃ သိန်းကျော်ဝင်ရောက် ကာ သိသိသာသာ မြင့်တက်လာခြင်း မရှိကြောင်း ခရိုင်ဟိုတယ်/ခရီးမှ တာဝန် ရှိသူတစ်ဦး ကဆိုသည်။

နိုင်ငံခြားသား ခရီးသွားများက ပင်လယ်ကမ်းခြေဒေသများတွင် နေထိုင် တည်းခိုရသည်ကို နှစ်သက်ကြပြီး ကမ်း ခြေများတွင် ဘန်ဂလိုများ ပိုမိုလိုအပ်နေ သေးကြောင်း ၎င်းကပြောသည်။

“ကမ်းခြေတွေမှာ ဘန်ဂလိုတွေ များများရှိဖို့ လိုနေသေးတယ်”ဟု ခရိုင် ဟိုတယ်/ခရီး တာဝန်ရှိသူက ဆိုသည်။

ကမ်းခြေတွင် နိုင်ငံခြားသားများ တည်းခိုခွင့်ရှိသည့် ဘန်ဂလိုများ တည် ဆောက်နိုင်ရန် လျှောက်ထားရာတွင် ကြန့်ကြာမှုများ ကြုံတွေ့နေရကြောင်း ဘန်ဂလိုတည်ဆောက်ရန် လျှောက်ထား သည့် လုပ်ငန်းရှင် အချို့ထံမှ သိရသည်။

တိုင်းအတွင်းသို့ နယ်စပ်ဝင်ပေါက်များမှ နိုင်ငံခြားသားများ နှစ်အလိုက် ဝင်ရောက်မှု စာရင်း

၂၀၁၃           ၂၀၁၄             ၂၀၁၅            ၂၀၁၆ နိုဝင်ဘာလအထိ

၁၂၀၂၅ ဦး     ၂၆၈၇၅၉ ဦး    ၃၃၁၁၅၇ ဦး    ၃၁၀၇၆၆ ဦး