လောင်းလုံးဘုရားလှည့်ပွဲ

‌လောင်းလုံးမြို့ ဘုရားလှည့်ပွဲကို ယနေ့(နိုဝင်ဘာ) နံနက်စောစောမှစကာ မြို့အတွင်းလှည့်လည် အပူဇော်ခံနေသည်။ အဆိုပါဘုရားပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပခဲ့ပြီး ထားဝယ်မြို့ပေါ် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲထက် တစ်ရက်နောက်ကျပြီး ကျင်းပလေ့ရှိသည်။ ဘုရားလှည့်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် လောင်းလုံးမြို့အတွင်း...

စိုးရိမ်မှုများကြားက ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ

ထားဝယ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကို ယနေ့(နိုဝင်ဘာ ၂၆)နံနက်ပိုင်းမှစတင်ကာ အပူဇော်ခံ လှည့်လည်နေပြီဖြစ်သည်။ ဒေသတွင်းအစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်သည့် ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲမှာ ပုံမှန်အားဖြင့် ညဘက်တွင်ကျင်းပကြသော်လည်း ယခုနှစ်တွင် နံနက်ပိုင်းသို့ပြောင်းရွှေ့ ကျင်းပနေခြင်းဖြစ်သည်။ ယနေ့ဘုရားလှည့်ပွဲမတိုင်ခင် နံနက်...

ထန်းရည်ချိုရာသီ

ထန်းပင်လေးများနှင့် ထားဝယ်မြို့ ကျန်းမာရေးလမ်း(လမ်းမသစ်)တွင် ဆောင်းရာသီ၏ အအေးဓာတ်နှင့်အတူ လမ်းလျှောက်သူ၊ စက်ဘီးစီးသူအချို့နှင့်အတူ ထန်းရည်ဆိုင်လေးများကို တွေ့မြင်နေရသည်။ အာဏာမသိမ်းမီကဆိုလျှင် နံနက်စောစောအချိန်ကတည်းက အဆိုပါလမ်းတွင် ကျန်းမာရေးလုပ်သူများဖြင့် စည်ကားလေ့ရှိသော်လည်း လက်ရှိအချိန်တွင်မူ အနည်းအကျဉ်းသာ တွေ့ရသည်။

ထားဝယ် နှစ်ကျိပ်ရှစ်ဆူဘုရား ပို့ဆောင်မှုပုံရိပ်များ

နှစ်ကျိပ်ရှစ်ဆူ ဘုရားများကို ရပ်ကွက်အလိုက်ပင့်ထားကြရာမှ ‌ထားဝယ်မြို့ရှိ လောကမာရဇိန် ဘုရားကြီးဝင်းအတွင်းသို့ ယနေ့ (နိုဝင်ဘာလ ၂၂ ရက်နေ့) ပို့ဆောင်နေသည့်မြင်ကွင်းများကို ​ဖော်ပြလိုက်ပါသည်။ ၁၁၂ ကြိမ်မြောက်အဖြစ် ကျင်းပမည့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို တန်ဆောင်မုန်းလဆန်း...

၁၀၂၇ စစ်ဆင်​ရေး ကြိုဆို​ကြောင်း လှုပ်ရှားမှု ​လောင်းလုံးတွင်ပြုလုပ်

၁၀၂၇ စစ်ဆင်​ရေး ကြိုဆို​သည့် အ​နေဖြင့် လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယ​နေ့ ၁၁ လပိုင်း ၁၁ ရက်နေ့ နေ့လယ်တွင် ပြုလုပ်ခဲ့သည်။ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သည့် ယင်းလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က...

မြိတ်မြို့ ကမ္ဘာလုံးစေတီ၏ သီတင်းကျွတ်လပြည့်ည မြင်ကွင်း

မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာရှိ ကမ္ဘာလုံးစေတီတွင် သီတင်းကျွတ်လပြည့်ည၌ ဘုရားဖူးများဖြင့် စည်ကားနေသည်ကို တွေ့မြင်ရစဉ်။

သီတင်းကျွတ် လပြည့်နေ့ ထားဝယ်မြို့က လောကမာရဇိန်ဘုရားကြီး

သီတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင် ဘုရားဖူးလာကြသူများနှင့် စည်ကားနေသည့် ထားဝယ်မြို့၊ လောကမာရဇိန် ဘုရားကြီး မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။

ရှင်ကိုးရှင်သမိုင်းဝင် ကလိန်အောင် ဆံတော်ရှင်ဘုရား သီတင်းကျွတ်လပြည့်မြင်ကွင်း

ထားဝယ်ခရိုင် ရှင်ကိုးရှင်သမိုင်းဝင် ကလိန်အောင်ရှင်ဆံတော်စေတီရဲ့ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းမြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ မနက်ပိုင်းမှာ ရပ်ဝေးဘုရားဖူးအများစု လာရောက်ခဲ့ပြီး ညနေပိုင်းမှာတော့ ရပ်နီးဘုရားဖူးတွေ လာရောက်ဖူးမြှော်နေတယ်လို့ ဘုရားစျေးသည်တွေကပြောပါတယ်။ ကိုဗစ်မတိုင်မီအချိန်ကလို လပြည့်ည ဘုရားမှာညအိပ်လာရောက်ဖူးမြှော်သူတွေတော့...

ထားဝယ်သီတင်းကျွတ် ပထမည

သီတင်ကျွတ်ကာလတွင် ညမထွက်ရချိန် ပြောင်းလဲသတ်မှတ်လိုက်သော်လည်း ထားဝယ်မြို့၏ သီးတင်းကျွတ်ပထမညမှာ လမ်းပေါ်တွင် လူသူမရှိသလောက်ပင်ဖြစ်သည်။ ထားဝယ်မြို့၏ သီတင်းကျွတ် ပထမညတွင် မြို့ထဲမီးထွန်းကြသူအနည်းငယ်ရှိသော်လည်း လမ်းမကြီးများပေါ်တွင်မူ ည ၇ နာရီနောက်ပိုင်း သွားလာသူ မရှိသလောက်နည်းသွားခဲ့သည်။

လောင်းလုံးတွင် တော်လှန်‌ရုပ်ရှင်ပြပွဲပြုလုပ်

ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၊ လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီက ဦးဆောင်ပြီး ကျေးလက်အခြေပြု လူထုစည်းရုံးရေး တော်လှန်ရုပ်ရှင်ပြပွဲကို လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် အောက်တိုဘာ ၂၇ ရက်နေ့ညက ပြုလုပ်ခဲ့သည်။ ယင်းလှုပ်ရှားမှုတွင် တော်လှန်ရေးသီချင်းများ သီဆိုခြင်း၊ သပိတ်မှောက်ဆန့်ကျင်ရမည့် စစ်တပ်ပိုင် ကုန်ပစ္စည်း‌များနှင့်ပတ်သက်ပြီး...