မြိတ်က သင်္ကြန်အကြိုနေ့

ခရီးသွားများဖြင့် စည်ကားလေ့ရှိသည့် တနင်္သာရီတိုင်း၊ မြိတ်မြို့ မဟာသင်္ကြန်ပွဲမှာ ယခုနှစ်တွင်တော့ ကလေးငယ်အချို့သာ ရေကစားနေကြသည်ကိုတွေ့မြင်ရသည်။ ယနေ့(သင်္ကြန်အကြိုနေ့) ညနေ ၃ နာရီခန့်တွင် မြိတ်မြို့ရှိလမ်းများပေါ်၌ လူအသွားအလာ ခြောက်ကပ်နေပြီး ရေကစားသူမရှိသည့် အခြေအနေကို မြင်တွေ့ကြရသည်။

ကလေးသင်္ကြန် ဒုတိယနေ့ ထားဝယ်မြင်ကွင်း

ကလေးသင်္ကြန်ဒုတိယနေ့ဖြစ်သည့် ယနေ့ ဧပြီလ ၁၂ ရက်တွင်လည်း ထားဝယ်မြို့ထဲတွင် ကလေးများ ရေပက်ကစားကြသည်ကို မတွေ့ရသေးပေ။ ယနေ့မြို့ထဲ နံနက် ၉ နာရီနှင့် ၁၀ နာရီအကြား မြို့ထဲ အဓိကလမ်းမကြီးအချို့ကို လိုက်လံကြည့်ရူခဲ့ရာ လမ်းမပေါ်တွင်...

သားမမွေးနိုင်ဘဲ သေဆုံးသွားသည့် လင်းပိုင်

ကော့သောင်းခရိုင်၊ ပါချန်မြစ်ဝှမ်း ရေလယ်ကျွန်းအနီး သားမွေးနေစဉ် သေဆုံးကာ မျောပါနေသည့် လင်းပိုင်အမ တစ်ကောင်ကို တွေ့ရှိပြီး ယနေ့ (ဇူလိုင် ၂၂) နံနက်ပိုင်းတွင် ဝဲငယ်ရွာ၌ မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ လင်းပိုင်အမ ဝမ်းဗိုက်တွင်...

လောင်းလုံးညသပိတ်

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တွင် ဒီဇင်ဘာလ ၇ ရက်ညက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့နယ်တွင် အမျိုးသမီးများစုပေါင်း ပြုလုပ်သည့် ပန်းသပိတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည် အသက် ၇၈နှစ်​မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ပန်းသပိတ် ပြုလုပ်ကြသည်။ အမျိုးသမီးများ စုပေါင်း ပြုလုပ်ကြခြင်းဖြစ်ပြီး အမျိုးသားအချို့လည်း ပါဝင်ခဲ့ကြသည်။

အသံတိတ်နေသည့် သရက်ချောင်းမြို့

သရက်ချောင်းမြို့ရှိ လမ်းများတွင် ယနေ့ (ဖေဖော်ဝါရီ ၁) အသွားအလာတိတ်ဆိတ် ငြိမ်သက်နေသည်ကို တွေ့ရသည်။ ယနေ့ နိုင်ငံတစ်ဝန်းတွင် အသံတိတ်သပိတ်ပြုလုပ်နေကြသည်။

ထိုင်းတောင်ပိုင်းက မြန်မာပညာရေးစုံညီပွဲ

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ဝပ်ဖိုဝိုင် သူရိယစန္ဒာမြန်မာစာသင်ကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့ညက ပြုလုပ်ခဲ့သည်။ အဆိုပါကျောင်းတွင် ထားဝယ်ဒေသရွှေ့ပြောင်းကလေးများအပြင် မြန်မာရွှေ့ပြောင်းက‌‌လေးများက KG အတန်းမှ အထက်တန်းအထိ ပညာသင်ယူလျက်ရှိသည်။

ထားဝယ်တွင် ကျောင်းသားများစုပေါင်း၍ အမျိုးသားနေ့အခမ်းအနား ကျင်းပ

၁၀၃နှစ်မြောက် အမျိုးသားနေ့အခမ်းအနားကို ဘဝသစ်ပြည်သူ့အခြေပြုပညာရေးကျောင်း နှင့် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း၍ ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ထားဝယ် နှစ်ကျိပ်ရှစ်ဆူဘုရား ပို့ဆောင်မှုပုံရိပ်များ

နှစ်ကျိပ်ရှစ်ဆူ ဘုရားများကို ရပ်ကွက်အလိုက်ပင့်ထားကြရာမှ ‌ထားဝယ်မြို့ရှိ လောကမာရဇိန် ဘုရားကြီးဝင်းအတွင်းသို့ ယနေ့ (နိုဝင်ဘာလ ၂၂ ရက်နေ့) ပို့ဆောင်နေသည့်မြင်ကွင်းများကို ​ဖော်ပြလိုက်ပါသည်။ ၁၁၂ ကြိမ်မြောက်အဖြစ် ကျင်းပမည့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို တန်ဆောင်မုန်းလဆန်း...