စစ်ကောင်စီထံ လေယာဉ်ဆီမရောင်းရန် လောင်းလုံးနှင့် သရက်ချောင်းတွင် ဆန္ဒပြ တောင်းဆို

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် နှင့် သရက်ချောင်းမြို့နယ်တို့တွင် ယနေ့ မေလ ၁၁ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများ ပြုလုပ်ကြသည်။ အဆိုပါလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီနှင့် သရက်ချောင်မြို့နယ် သပိတ်ကော်မတီတို့က ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။

သရက်ချောင်းတွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုပြုလုပ်

ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်တွင် ယနေ့ (မေ ၈)​ နေ့လယ်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် အာဏာဖီဆန်ရေး ဆန္ဒပြလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြသည်။ "လူထုအာဏာတည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက်" ဘန်နာကို ကိုင်စွဲကာ မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်တွင် ကြွေးကြော်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ထားဝယ်မြို့က မားစောပို့ တရုတ်ဘုရားကျောင်း နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲကျင်းပ

ထားဝယ်မြို့ ၊ တလိုင်းထိန်ရပ်ကွက်ရှိ သက်တမ်းရှည် မားစောပို့(ခ)မားကျော့ တရုတ်ဘုရားကျောင်းက နှစ် ၁၅ဝ ပြည့်အထိမ်းအမှတ် ပူဇော်ပွဲကို ဧပြီလ ၃၀ ရက်စ၍ မေလ ၂ ရက်အထိ ဘုရားကျောင်းဝင်းအတွင်း နဂါး၊ခြင်္သေ့၊ အရုပ်အကများဖြင့် ၃ ရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ညနေပိုင်း ထားဝယ်ဘုရားကြီးမြင်ကွင်း

ယနေ့ကျရောက်သည့် မြန်မာနှစ်ဆန်း တစ်ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးတွင် ဘုရားဖူးလာသူများနှင့် စည်ကားနေသည်ကို တွေ့ရသည်။ အာဏာမသိမ်းခင်က ထားဝယ်မြို့နယ် အတွင်းရှိ မောင်မယ်ရှောင်၊ ဇဟာလမ်းပိုင်းများနှင့် ထားဝယ်မြို့တွင်း နေရာအများစုတွင် နှစ်ဆန်း ၁ရက်နေ့...

ထားဝယ်မြို့ နှစ်ဆန်းတစ်ရက် ဘုရားသွားကျောင်းတက်မြင်ကွင်းများ

ထားဝယ်မြို့ ရွှေတောင်စားစေတီ ၊ လောကမာရဇိန်ဘုရားကြီး နှင့် ရှင်ကိုးရှင်စာရင်းဝင် ရှင်ပင်ခရုစေတီ ဘုရားတို့တွင် ဧပြီ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက် ဘုရားသွားကျောင်းတက် မြင်ကွင်းပုံရိပ်များကို ဖော်ပြလိုက်ပါသည်။ အတာအိုးလာရောက်ပို့ဆောင်သူ ၊ ဘုရားဖူးလာရောက်သူများတွေ့ရပြီး စတုဒီသာလှူဒါန်းနေသူများကိုမူ မမြင်တွေ့ရပေ။

စစ်ကောင်စီ မဏ္ဍပ်ပဲရှိခဲ့တဲ့ ထားဝယ်သင်္ကြန်

ထားဝယ်က နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်မှာ ပုဂ္ဂလိကဖျော်ဖြေမဏ္ဍပ်တွေ မပါရှိဘဲ စစ်ကောင်စီ မဏ္ဍပ်တွေပဲ ရှိခဲ့ပါတယ်။ သင်္ကြန်အကြိုနေ့ကစ၍ သင်္ကြန်အတက်နေ့အထိ စစ်ကောင်စီက စီစဥ်ထားတဲ့ ဖျော်ဖြေရေးမဏ္ဍပ် သုံးခုနဲ့ ကျင်းပခဲ့တာပါ။ အဲဒီထဲက ဗဟိုမဏ္ဍပ်မှာပဲ လာရောက်ရေကစားသူတွေ များခဲ့ပါတယ်။

သင်္ကြန်အတက်နေ့ ကံပေါက်ဒေသ သင်္ကြန်မြင်ကွင်း

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ မြင်ကွင်းများကို စုစည်းဖော်ပြလိုက်ပါသည်။ သင်္ကြန်အကြိုနေ့ကစ၍ ရေကစားသူများရှိခဲ့ပြီး ဘေးတွဲဆိုင်ကယ်တွေနဲ့ သင်္ကြန်လည်ခဲ့သူတွေလည်း ရှိကြသည်။ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့်...

ရိုးရာမပျက် တနင်္သာရီ ကျားအက

တနင်္သာရီမြို့တွင် သင်္ကြန်ကာလအတွင်း နှစ်စဥ်ပြုလုပ်လေ့ရှိသည့် ရိုးရာကျားအကပွဲကို ယခုနှစ်သင်္ကြန်အကျနေ့(ဧပြီ ၁၄)တွင်လည်း ပြုလုပ်ခဲ့ကြသည်။ ယခုနှစ်တွင် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်တို့ ပူးပေါင်းကာ တစ်ရက်တည်း ပြုလုပ်ခဲ့ကြောင်း မြို့ခံများထံကသိရသည်။ ပုံမှန်အားဖြင့် ကျားကပွဲကို...

သံချပ်သံတွေမြိုင်တဲ့ လောင်းလုံးသင်္ကြန် အကြတ်နေ့

ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် သင်္ကြန်အကြတ်နေ့ (ဧပြီလ ၁၅)၌ ပင်မသပိတ်စစ်ကြောင်းများက သံချပ်ထိုးဖျော်ဖြေခြင်းနှင့် ရေကစားခြင်းများ ပြုလုပ်ခဲ့ကြသည်။ သံချပ်ထိုးခြင်းကို သင်္ကြန်အကြိုနေ့မှစ၍ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ဦးဆောင်ကာ ပြုလုပ်နေခြင်းဖြစ်သည်။

သင်္ကြန်အကြတ်နေ့ ထားဝယ်မြို့မြင်ကွင်း

သင်္ကြန်အကြတ်နေ့(ဧပြီ ၁၅) ထားဝယ်မြို့ ၊ မြို့တော်ခန်းမအနီးရှိ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်ဝန်းကျင် ည​နေပိုင်း မြင်ကွင်းများကို စုစည်းဖော်ပြလိုက်ပါသည်။ သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်အပြင် မြို့တော်ခန်းမဘက်မှ ရွှေဝယ်သီရိ အားကစားရင်ပြင်ဘက်သို့သွားသည့် လမ်းတွင်လည်း လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်ထားသည်ကိုတွေ့ရသည်။