တိုင်းအတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ လာမဖြေသူ ၈၀၀ ခန့်ရှိ

0
410

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တနင်္သာရီတိုင်းမှ ကျောင်း သား ရှစ်ရာခန့် ဖြေဆိုရန် ပျက်ကွက် ခဲ့ကြောင်း တိုင်းပညာရေးညွှန်ကြားရေး မှူးရုံးထံမှ သိရသည်။


တိုင်းအတွင်း ဖြေဆိုခွင့်ရှိသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆၅၆၂ ဦးရှိပြီး စာမေးပွဲကာလအတွင်း ဘာသာရပ်တစ်ခုလျှင် ပျမ်းမျှဦးရေ ရှစ်ရာခန့် ပျက်ကွက်ခဲ့ကြောင်း သိရသည်။
ပျက်ကွက်သူ အနည်းဆုံးဖြစ်သည့် ဓာတုဗေဒဘာသာဖြေဆိုသည့်နေ့တွင်  ၇၉၀ဦးရှိပြီး ဘောဂဗေဒ ဘာသာနှင့် ဇီဝဗေဒဘာသာ ဖြေဆိုသည့် နေ့တွင် ပျက်ကွက်သူ အများဆုံးဖြစ်ပြီး ၈၀၅ ဦးအထိ ပျက်ကွက်ခဲ့ကြောင်း သိရသည်။