ထားဝယ် မြို့ရှောင်လမ်းအတွက် ငွေကျပ်သန်းသုံးထောင်ကျော်သုံးမည်

0
407

ထားဝယ်မြို့၊ မြို့ရှောင်လမ်းကို လာမည့်ဘဏ္ဍာနှစ်တွင် စတင်ဖောက် လုပ်မည်ဖြစ်ပြီး ယင်းအတွက် ငွေကျပ် သန်းသုံးထောင်ကျော် အသုံးပြုရန် လျာထားကြောင်း လမ်းဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ပြောကြားသည်။

အဆိုပါလမ်းတွင် သဗြေချောင်းရွာအနီးမှ မေတ္တာလမ်း(ဇလွန်းရွာ)အထိ တစ်ပိုင်း၊ ယင်းမှ ထားဝယ်မြို့အထွက် ပေါက်တိုင်းတံတားအလွန်အထိ တစ်ပိုင်းဟူ၍ လမ်းပိုင်းနှစ်ခု သတ်မှတ်ထားသည်။

ကျေးလက်လမ်းများအဆင့်မြှင့်ရန် ကျပ်ဘီလီယံငါးဆယ် လျာထား

ဇလွန်းကျေးရွာမှ ကျောက်ရပ် (ပေါက်တိုင်းတံတား) အနီးအထိ အပိုင်းအား လာမည့်ဘဏ္ဍာနှစ်တွင် ဖောက်လုပ် မည်ဖြစ်ကြောင်း ဦးသက်ဇော်ဝင်းက ဆိုသည်။

အဆိုပါလမ်းပိုင်းကို ၂၄ ပေ အကျယ် နိုင်လွန်ကတ္တရာ(AC) ခင်းမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

အထက်ပါ မြို့ရှောင်လမ်း ဖောက်မည်ဆိုပါက လယ်ကွင်းများကို ဖြတ်သန်း ဖောက်လုပ်ရမည်ဖြစ်သည်။