ဟိန္ဒားသတ္တုတွင်းတူးခွင့်ရ ကုမ္ပဏီကို သက်တမ်းမတိုးသင့်ကြောင်း တိုင်းအစိုးရမှတ်ချက်ပေး

ထားဝယ်မြို့နယ်ရှိ ဟိန္ဒားသတ္တုတွင်း တူးဖော်ခွင့်ရ ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီကို နောက်ထပ်သက်တမ်းတိုးခွင့်မပြုသင့်ဟု တိုင်းအစိုးရက သဘောထားမှတ်ချက်ပေးပို့ထားကြောင်း အမှတ်(၂) သတ္တုတွင်းလုပ်ငန်း တနင်္သာရီတိုင်း အထွေထွေမန်နေဂျာရုံးထံမှ သိရသည်။ ယင်းတိုင်းအစိုးရသဘောထားမှတ်ချက်ကို ပြည်ထောင်စုထံ ဇွန်လ ဆန်းပိုင်းက ပေးပို့ထားခြင်းဖြစ်ကြောင်း အထက်ပါရုံး အထွေထွေမန်နေဂျာ ဦးနိုင်မျိုးဟန်က ပြောသည်။ “တိုင်းဒေသကြီးအစိုးရကနေပြီးတော့ ဒီ(ဟိန္ဒားသတ္တုတွင်း) မိုင်းကို ဆက်ပြီးတော့ ခွင့်မပြုသင့်ကြောင်းဆိုပြီးတော့ ပြည်ထောင်စုကို ပြန်ကြားထား တယ်ပေါ့နော်” ဟု ဦးနိုင်မျိုးဟန်က ပြောသည်။ မြန်မာပွန်ပီပက်(MPC) ကုမ္ပဏီ သည် ခဲမဖြူနှင့် အဖြိုက်နက် သတ္တုတူး ဖော်ရန်အတွက် ဟိန္ဒားသတ္တုတွင်းကို ၁၉၉၉ ခုနှစ် ဇူလိုင်လမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ နှစ်ပေါင်း ၂၀ ကို အဆင့်ဆင့်သက်တမ်းတိုးကာ လုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း သတ္တုတွင်းဦးစီးဌာန စာရင်းအရ … Continue reading ဟိန္ဒားသတ္တုတွင်းတူးခွင့်ရ ကုမ္ပဏီကို သက်တမ်းမတိုးသင့်ကြောင်း တိုင်းအစိုးရမှတ်ချက်ပေး