ထားဝယ်သား လုပ်ငန်းရှင်ဦးခင်စိုး ထောင်ချခံရပြီး ခုနှစ်ရက်အကြာ လွတ်ငြိမ်းဖြင့်ပြန်လွတ်

အသွင်ပြောင်းစစ်အစိုးရက ထောင်ဒဏ်ခြောက်လချမှတ်ခဲ့သည့် ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုးသည် ထောင်ချခံရပြီး ခုနှစ်ရက်ခန့်အကြာတွင် ပြန်လွတ်လာကြောင်း မြန်မာနိုင်ငံ စက်သုံးဆီအသင်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌဖြစ်သည့် ဦးခင်စိုးနှင့် အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်တို့သည် ယခုနှစ် ဇန်နဝါရီလက ဖမ်းဆီးခံရသည်။ ထို့နောက် ဧပြီလ ၂၃ ရက်တွင် ဦးခင်စိုးနှင့် ဒေါက်တာဝင်းမြင့်ကို နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တရားရုံးက ထောင်ဒဏ် ခြောက်လစီ ချမှတ်ခဲ့သည်။ သို့သော် ယနေ့ (ဧပြီ ၃၀၊ ကဆုန်လပြည့်နေ့) စစ်အစိုးရ၏လွတ်ငြိမ်းတွင် ဦးခင်စိုးနှင့် ဒေါက်တာဝင်းမြင့်တို့ နှစ်ဦးစလုံးပြန်လွတ်လာကြောင်း မြန်မာနိုင်ငံ စက်သုံးဆီအသင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ဦးခင်စိုးကို အမိန့်ချပြီးနောက် ထောင်အတွင်းအကျဉ်းကျခံရခြင်းမရှိဘဲ နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆံ့ ဆေးရုံအချုပ်တွင် နေထိုင်ကြောင်း … Continue reading ထားဝယ်သား လုပ်ငန်းရှင်ဦးခင်စိုး ထောင်ချခံရပြီး ခုနှစ်ရက်အကြာ လွတ်ငြိမ်းဖြင့်ပြန်လွတ်