ပြည်သူ့စစ်ဖွဲ့စည်းမည် ဆိုသောသတင်းကြောင့် ဒေသခံများ စိုးရိမ်နေ
Dawei Watch
June 29, 2023မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာအုပ်စုတွင် ပြည်သူ့စစ်ဖွဲ့စည်းမည် ဆိုသည့်သတင်းကြောင်း စိုးရိမ်နေရကြောင်း ဒေသခံများ ကပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျေးရွာအုပ်ချုပ်ရေးနှင့် စစ်ကောင်စီတပ်အသိုင်းအဝိုင်းမှ ယင်းသတင်း ထွက်ပေါ်လာခြင်းဖြစ်ပြီး ဒေသခံများက စိုးရိမ်နေခြင်းဖြစ်သည်။ “ဖွဲ့လိုက်ရင် ပြဿနာတွေဖြစ်ပြီး ရှုတ်ထွေးလာမှာ ကိုအားလုံးက စိုးရိမ်နေကြတာပေါ့။ ရွာကလူတွေက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အေးအေးဆေးဆေး နေထိုင်နေကြတဲ့သူတွေပါ”ဟု ကံပြင်ရွာနေ အမျိုးသား ကပြောသည်။ သစ်ယာဝကျေးရွာအုပ်စုမှာ နတ်သျှင်သန့်ရွာ၊ သဗျာရွာ၊သစ်ယာဝရွာ၊ ကံပြင်ရွာနှင့် ပနာတောင် စသည့်ကျေးရွာများဖြင့် ဖွဲ့စည်းထားပြီး ဒေသခံအများစုမှာ လယ်ယာ၊ ဥယျာဥ်ခြံမြေစိုက်ပျိုးခြင်းနှင့် တံငါလုပ်ငန်းလည်း လုပ်ကိုင်ကြသည်။ “ကျေးရွာငါးရွာကို ပြည်သူ့စစ်လုပ်ဖို့ အယောက်နှစ်ဆယ် ပေးရမယ်ဆိုပြီး ကြားရတယ်။ ဒီသတင်းကြားပြီး ရွာသားတွေအကုန်ကြောက်နေကုန်ပြီ”ဟု သစ်ယာဝရွာနေ ဒေသခံ အမျိုးသားနောက်တစ်ဦး ကပြောသည်။ သို့သော်ယင်းအခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ မြိတ်မြို့နယ်တွင် ပျူစောထီးလက်နက်ကိုင်ရှိသည့် […]


