ဇူကာဘတ်နှင့် အီလွန်မတ်ခ်တို့ ယှဉ်ပြိုင်ထိုးသတ်မှုစပြီ
Dawei Watch
July 6, 2023ဇူကာဘတ် ပိုင်ဆိုင်သော Meta စီးပွားရေးလုပ်ငန်းစုမှနေ၍ Threads အမည်ရှိ အက်ပလီကေးရှင်းကို ယနေ့စတင်မိတ်ဆက်လိုက်ခြင်းကြောင့် ဇူကာဘတ်နှင့် အီလွန်မတ်ခ်တို့ ယှဉ်ပြိုင်ထိုးသတ်မှုစပြီ ဆိုသော သုံးသပ်ချက်များထွက်ပေါ်လာသည်။ Threads အက်ပလီကေးရှင်းသည် အီလွန်မတ်ခ် ပိုင်ဆိုင်ထားသော Twitter ကို အကြီးအကျယ် ပြိုင်ဆိုင်လာဖွယ်ရှိသည်ဟု သုံးသပ်ချက်များ ထွက်ပေါ်လျက်ရှိသည်။ ဇူကာဘတ်နှင့် အီလွန်မတ်ခ်တို့သည် မကြာသေးမီကာလက စိန်ခေါ်ပွဲ ယှဉ်ပြိုင်ထိုးသတ်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ကာ လက်ရှိတွင် ဇူကာဘတ် တည်ထောင်ထားသော Meta ဘက်က Twitter ကို ပြိုင်ဆိုင်ရန်အတွက် Threads အက်ပလီကေးရှင်းကို ထုတ်လုပ်လိုက်ခြင်းမှာ ယင်းစိန်ခေါ်ပွဲ ထိုးသတ်မည်ဟူသော စကားများ၏အဖြေပင်ဖြစ်လိမ့်မည်ဟု ယူဆမှုများလည်း ရှိနေသည်။ အင်စတာဂရမ်ကို ဖေ့စ်ဘွတ်ခ်ကဲ့သို့ သုံးစွဲနိုင်စေရန် ရည်ရွယ်ချက်ဖြင့် Meta က Threads ကို […]


