ထားဝယ်တွင် ခုန်တက်သွားသည့် စားအုန်းဆီဈေး အနည်းငယ်ပြန်ကျ
Dawei Watch
July 7, 2023ထားဝယ်တွင် စားအုန်းဆီ ၁ဝပိဿာဝင် ပုံးဝါတစ်ပုံးလျှင် တစ်ပတ်အတွင်း ကျပ်တစ်သောင်းကျော်အထိ ဈေးခုန်တက် သွားပြီးနောက် ကျပ်နှစ်ထောင်ခန့် ဈေးပြန်ကျလာကြောင်း ထားဝယ်ဈေးကွက်ထံမှသိရသည်။ ဇွန်လ ၂၃ ရက်က ထားဝယ်ဈေးကွက်တွင် စားအုန်းဆီ ပုံးဝါတစ်ပုံးကို ၆၅၅၀၀ ကျပ် ဈေးရှိရာမှ ဇွန်လ ၃၀ ရက်တွင် တစ်ပုံးကို ၇၇၀၀၀ ကျပ် ဖြစ်သွားပြီး တစ်ပတ်အတွင်း ဆီတစ်ပုံး ၁၁၅၀ဝကျပ်အထိဈေးတက်သွားကြောင်း အထက်ပါ ဈေးကွက်အတွင်းမှ သိရသည်။ အတက်ဈေးဖြင့် ဇူလိုင်လ ၅ ရက်အထိ ငြိမ်နေခဲ့ပြီး ဇူလိုင်လ ၆ ရက်တွင် ကျပ်နှစ်ထောင်ခန့် ဈေးပြန်ကျကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ နိုင်ငံခြားမှ တင်သွင်းသည့် စားသုံးကုန်ဖြစ်သောကြောင့် နိုင်ငံခြားငွေလဲနှုန်းအပေါ်မူတည်ပြီး ဈေးနှုန်းလည်း လိုက်ပါ ပြောင်းလဲလေ့ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ စားသုံးကုန်စည်အရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက […]


