ထိုင်းတွင် ဘတ်ကတ်လျှောက်သည့်မြန်မာများအတွက် CI စာအုပ်ထုတ်ပေးရေးစခန်းများ နောက်လဖွင့်မည်
Dawei Watch
December 26, 2023ထိုင်းနိုင်ငံရှိ ယာယီနေထိုင်အလုပ်လုပ်ခွင့်လက်မှတ် ဘတ်ကတ်ခေါ် ပန်းရောင်ကတ် ပြုလုပ်ရန် အမည်စာရင်း တင်သွင်း ထားသူများအတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးမည့် စခန်းများကို လာမည့် ဇန်နဝါရီလ ၄ ရက်နေ့မှ စ၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) ထုတ်ပေးရေးစခန်း ငါးခုကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချွန်ဘူရီ၊ ပထုံဌာနီနှင့် စူရတ်ဌာနီ ခရိုင်များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။ နောက်ထပ် Mobile Unit သုံးခုကိုလည်း ချင်းမိုင်၊ နခွန်စဝမ်နှင့် စွန်ခရာခရိုင်များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။ ယခုဖွင့်လှစ်လိုက်သော CI စခန်းများသည် ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေပြီး […]


