မွန်ပြည်တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီ တပ်ရင်း ၂ ခုကို နှစ်သစ်ကူးစစ်ဆင်ရေးအဖြစ် ပြိုင်တူတိုက်ခိုက်
Dawei Watch
January 1, 2024မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုများက ရေးမြို့အခြေစိုက် အမှတ် ၅၉၁ နှင့် အမှတ် ၅၈၃ ခြေမြန်တပ်ရင်း နှစ်ခုကို ဒီဇင်ဘာလ ၃၁ ရက် မနက်ပိုင်းတွင် နှစ်သစ်ကူးစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ပါသည်။ “ဒရုန်းနဲ့အရင်ဝင်ပစ်တယ်။ တပ်ရင်းနှစ်ခုစလုံးကိုပေါ့ သိပ်တော့မဝေးဘူး။ ရှေ့ကင်းကနေရော နောက်ကျောကနေရာ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ အာပီဂျီနဲ့လည်းလှမ်းထုတယ်။ ၆၀ မမနဲ့လည်း ပစ်ခဲ့တယ်” ဟု စစ်ဆင်ရေးမှာပါဝင်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး ကပြောသည်။ စစ်ဆင်ရေးမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်မှ ၆ နာရီ မိနစ် ၃၀ အထိ ၁ နာရီကျော်ကြာခဲ့ပြီး တိုက်ခိုက်မှုအပြီး ရေးမြို့အဝင်မှ ကျောင်းရွာအထိ […]


