ကလိန်အောင်အခြေစိုက် ခမရ ၄၀၉ တပ်ရင်း ဒရုန်းဖြင့်ဗုံးချခံရ
Dawei Watch
January 3, 2024ကလိန်အောင်မြို့ ကျောက်ရှပ်ရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၄ဝ၉ ခြေမြန်တပ်ရင်းကို ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “ဒရုန်းနဲ့လာချတော့ ဟိုက (စစ်တပ်က) ပြန်ပစ်တာ ကြားရတယ်။ ထိခိုက်တာတော့ မကြားရဘူး “ ဟု ကလိန်အောင်မြို့မှ ကျောက်ရှပ်ရွာဘက်သို့ စျေးသွားရောင်းနေသည့် စျေးသည်တစ်ဦးက ပြောသည်။ အဆိုပါတိုက်ခိုက်မှုကို ဒေါနတပ်ခွဲ ၄ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF Drone တပ်ဖွဲ့ ၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် T1 နှင့် ရေဖြူတပ်ပေါင်းစုအဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း KBDF မှ ဇန်နဝါရီလ ၃ ရက်ညက ရုပ်သံနှင့်တကွ သတင်းထုတ်ပြန်ထားပါသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် ကလိန်အောင်မြို့ရှိ အထကကျောင်းတွင် ကျောင်းလာတက်သူမရှိသဖြင့် ကျောင်းပိတ်လိုက်ရကြောင်း မြို့ခံတစ်ဦးက ပြောသည်။ […]


