BREAKING
November 12, 2025

သတင်း

စစ်ရဟတ်ယာဉ်ပစ်ချခံရမှု ခြောက်ဦးသေဆုံးပြီး ဗိုလ်မှူးတစ်ဦးဖမ်းမိဟုထုတ်ပြန်

Dawei Watch

January 4, 2024

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာမြို့အနီး စစ်ကောင်စီတပ်ရဟတ်ယာဉ် ပစ်ချခံရမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ဗိုလ်မှူးတစ်ဦး ဖမ်းမိကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲ ထုတ်ပြန်ထားသည်။ နာဖာ့တပ်စခန်းကို ရိက္ခာနှင့် လက်နက်ခဲယမ်း လာရောက်ပို့ဆောင်သည့် Mi-17 ရဟတ်ယာဉ်တစ်စီးကို ညီနောင်သုံးဖွဲ့၏ မဟာမိတ်ဖြစ်သည့် KIA က ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဒဏ်ရာရထားသည့် ရဟတ်ယာဉ်မှူးဖြစ်သူ စစ်တက္ကသိုလ် DSA အမှတ်စဉ် ၄၅ ကျောင်းဆင်း ဗိုလ်မှူး ဇော်မျိုးသန့်ကို ဖမ်းမိထားပြီး တွဲဖက်ရဟတ်ယာဉ်မှူး ဗိုလ်ကြီးကောင်စံသိန်းမှာ သေဆုံးကြောင်း လူမှုကွန်ရက်တွင် သတင်းပျံ့နေသည်။ စစ်ကောင်စီက ဇန်နဝါရီလ ၃ရက် နေ့လယ်ပိုင်းတွင် လက်နက်နှင့် ရိက္ခာလာပို့သည့် ရဟတ်ယာဉ်နှစ်စင်းအနက် တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောဆိုထားသည်။ […]

အကျဉ်းသား ကိုးထောင်ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေး

Dawei Watch

January 4, 2024

၇၆နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ကိုးထောင်ကျော်ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက ယနေ့ ဇန်နဝါရီလ ၄ရက်တွင် ထုတ်ပြန်ကြေညာသည်။ နိုင်ငံတဝန်းအကျဉ်းထောင်များရှိ အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးတို့ကို ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ကြောင်း ဖော်ပြသည်။ နောက်တစ်ကြိမ် ထပ်မံပြစ်မှုကျူးလွန်လျှင် ယခုကျန်ရှိသည့် ပြစ်ဒဏ်ကိုပါ တစ်ပေါင်းတည်း ကျခံရမည်ဟု ကန့်သတ်ချက်ဖြင့် လွတ်ပေးခြင်းဖြစ်သည်။ လွတ်ငြိမ်းခွင့်ရသူများအနက် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ မည်မျှပါဝင်သည်ကို မသိရသေးပေ။ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူတို့ကိုမူ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီးနောက် ပြည်နှင်ဒဏ်ပေး လိုက်ကြောင်း ထုတ်ပြန်ထားသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ဖမ်းဆီးခံခဲ့ရသူ ၂၅၀၀၀ ကျော်ရှိပြီး ယင်းအနက် ၁၉၀၀၀ ကျော်မှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ရှစ်ထောင်ကျော်မှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း […]

သပြေရှောင်ရွာတွင် မီးရှို့ခံရသည့်အိမ် တစ်ဆယ်ကျော်အထိရှိလာ

Dawei Watch

January 4, 2024

လောင်းလုံးမြို့အောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုနေသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၃ ရက်က သပြေရှောင်ကျေးရွာသို့ ရောက်ရှိပြီး နေအိမ်တစ်ဆယ်ကျော်ကို မီးရှို့ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ထိုနေ့ နံနက် ၁၁ နာရီခန့်တွင် သပြေရှောင်ကျေးရွာအုပ်စု ဟင်းချိုတောရွာရှိ အိမ်သုံးဆေးဝါးရောင်းချသည့်ဆိုင်တစ်ဆိုင်အား စတင်မီးရှို့ခဲ့ပြီးနောက် ညနေ ၃ နာရီခန့်တွင်မူ ဟင်းချိုတောရွာရှိ နေအိမ် ရှစ်ဆောင်၊ ရင်ထဲရွာရှိ နေအိမ် ငါးဆောင်ကို ထပ်မံမီးရှို့ကြောင်း ဒေသခံအချို့က ဆိုသည်။ “မီးရှို့ခံရတဲ့အထဲမှာ အရက်ဆိုင်တစ်ဆိုင်လည်း ပါသေးတယ်။ အခုလောလောဆယ်အထိတော့ ကျွန်တော်တို့သိထားတာ အဲဒီလောက် (၁၄ ဆောင်) တော့ ရှိတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံအမျိုးသာတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီတပ်က သပြေရှောင်ကျေးရွာအုပ်စုထဲတွင် စစ်ကြောင်းနှစ်ကြောင်းခွဲပြီး နေအိမ်များကို မွှေနှောက်ရှာဖွေ မီးရှို့ဖျက်ဆီးပြီးနောက် ဟင်းချိုတောရွာဘုန်းကြီးကျောင်း၊ သပြေရှောင်ရွာဘုန်းကြီးကျောင်းတို့တွင် […]

ပုလော PDF ဒုတပ်ရင်းမှူးက လက်အောက်ငယ်သားကို သေနတ်ချိန် ခြိမ်းခြောက်၊ လာညှိနှိုင်းသူကို ပါးရိုက်ဟုဆို

Dawei Watch

January 3, 2024

မြိတ်ခရိုင်တပ်ရင်း (၁) ပုလော PDF တာဝန်ခံ ဒုတပ်ရင်းမှူးတစ်ဦးက မွမ်းမံသင်တန်း မတက်သော တပ်သားကို လုပ်ထုံးလုပ်နည်းအတိုင်း အပြစ်မပေးဘဲ သေနတ်ချိန် ခြိမ်းခြောက်ခဲ့ပြီး ကိုယ်ထိလက်ရောက်ပြုမူသည့်အပြင် လာရောက်ညှိနှိုင်းသူကိုပါ ပါးရိုက်ကြောင်း တပ်ရင်းနှင့် နီးစပ်သူများထံမှ သိရသည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရဲဘော်ရောင်နီသည် မွမ်းမံသင်တန်း မတက်လိုသဖြင့် မည်သူ့ကိုမျှ တိုင်ကြား ခွင့်တောင်းခဲ့ခြင်းမရှိဘဲ ဘဏ္ဍာရေးရုံးကို ပြန်လာခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ ညနေပိုင်းတွင် ဒုတပ်ရင်းမှူး ကျော်ထင်အောင်နှင့်အပေါင်းအပါများက ဘဏ္ဍာရေးရုံးကို ရောက်လာခဲ့ပြီး ရဲဘော်ရောင်နီကို သေနတ်ဖြင့်ချိန်ကာ ကိုယ်ထိလက်ရောက် အပြစ်ပေးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ အပြစ်ပေးရာတွင် လုပ်ထုံးလုပ်နည်းအတိုင်းမလုပ်ပဲ ခေါင်းကို သေနတ်ဒင်နှင့် ရိုက်နှက်ခဲ့ကာ သေနတ်ဖြင့် ချိန်ရွယ်၍ ခြိမ်းခြောက်ခဲ့ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ “ပုံမှန်ဆိုရင် […]

ပန်းပြင်ရွာက နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်မီးရှို့

Dawei Watch

January 3, 2024

သရက်ချောင်းမြို့နယ်၊ ပန်းပြင်ရွာထဲက နေအိမ်တစ်လုံးကို ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ နှစ်သစ်ကူးညသန်းခေါင်ယံအချိန်တွင် သရက်နှစ်ခွရွာတံတားက စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းကျေးရွာနှင့် ကပ်လျက်က ပန်းပြင်ရွာ၊ မဲနယ်အိုးရွာ၊ ပိန်းတောရွာလမ်းတန်းတစ်လျှောက်တွင်လည်း စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဆက်လက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပစ်ခတ်မှုဖြစ်ပြီး နောက်တစ်ရက်တွင် ပန်းပြင်ရွာက နေအိမ်အများစုကို စစ်ကောင်စီတပ်က တစ်အိမ်တက်ဆင်း ရှာဖွေစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင် နေအိမ်တစ်လုံးကို မီးရှို့ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “အိမ်ထဲက ပစ္စည်းတွေကို အိမ်ထဲမှာပဲပုံပြီး မီးရှို့တာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ သို့သော် အိမ်ကို မီးကူးစက်လောင်ကျွမ်းခြင်း မရှိဟု ၎င်းက ဆိုသည်။ နေအိမ်မီးလောင်သည့်အခြေအနေ အသေးစိတ်ကို […]

လောင်းလုံးတွင် စစ်ကြောင်းထိုးစဉ် ဖမ်းခံရသူ ၁၀ ဦးကျော်ပြန်လွတ်လာ

Dawei Watch

January 3, 2024

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဉ် ဖမ်းဆီးသွားသည့် ဒေသခံ ၁၀ ကျော် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံရွာသားများနှင့် မိသားစုဝင်များက ပြောသည်။ ဇန်နဝါရီလ ၂ ရက်နေ့ နေလယ်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းသည် ကဒက်ကြီး ရွာဘက်သို့အရောက်တွင် ဒေသခံအမျိုးသား ဆယ်ဦးကျော်ကို ပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်ကဆိုသည်။ “သူတို့ စားသလိုပဲ စားရတယ်။ ရိုက်တာ နှိပ်စက်တာ မရှိဘူးလို့ပြောတယ်။ နောက် ပိုက်ဆံ (လမ်းစရိတ်) လည်းပေးလိုက်သေးတယ်လို့ပြန်ပြောတယ်။ သူတို့ပစ္စည်းတွေ ကူသယ်ပေးရတယ်” ဟု ၎င်းက ပြောဆိုသည်။ စစ်ကောင်တပ် စီစစ်ကြောင်းသည် ကုန်းလမ်း၊ ရေလမ်းတို့မှ အင်အားအလုံးအရင်းဖြင့် လောင်းလုံးမြို့နယ်ထဲသို့ ဒီဇင်ဘာလ ၂၇ ရက်နေ့ကစပြီး စစ်ကြောင်းထိုးခဲ့သည်။ စစ်ကြောင်းထိုးစဉ် ဝေဒီ၊ စစ်ပြဲ၊ လေးသွန်းခံ၊ ဂေါ့အင်းကျေးရွာတို့မှ ဒေသခံများ […]

စစ်ရဟတ်ယာဉ်တစ်စင်းကို KIA ပစ်ချ

Dawei Watch

January 3, 2024

ကချင်လွတ်မြောက်ရေးတပ် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဒေသမီဒီယာအချို့တွင် အတည်ပြုပြောဆိုထားသည်။ ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် လိုင်ဇာ၊ ပါဂျောင်နဖော၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်း ဖော်ပြချက်အရ သိရသည်။ ရဟတ်ယာဉ်တစ်စင်း ပစ်ချနိုင်ခဲ့သည်ဟု ရှေ့တန်းရောက် တပ်ဖွဲ့ဝင်များက သတင်းပို့ထားပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။ ယခုရက်ပိုင်းအတွင်း လိုင်ဇာအနီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ယခုရဟတ်ယာဉ်သည် ရိက္ခာလာပို့သည် ရဟတ်ယာဉ်ဖြစ်နိုင်ကြောင်းလည်း ၎င်းက ပြောဆိုထားသည်။ ရဟတ်ယာဉ်ပစ်ချခံရပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဗုံးချနေသည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ရုရှားအနောက်တောင်ပိုင်းနှင့် ခရိုင်းမီးယားတို့တွင် ပေါက်ကွဲမှုများ တစ်ညလုံးဖြစ်ပြီး လူ ၂၅ ဦး သေဆုံး

Dawei Watch

January 3, 2024

ရုရှားနိုင်ငံ အနောက်တောင်ပိုင်းဒေသရှိ နေရာများနှင့် ခရိုင်းမီးယားနယ်မြေရှိ နေရာများတွင် တစ်ညလုံးနီးပါး ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။ ယခုပေါက်ကွဲမှုများသည် ပြီးခဲ့သည့်စနေနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ရုရှားအကြီးတန်းအရာရှိများက အတည်ပြုချက် ပေးအပ်လိုက်ပြီဖြစ်ပြီး နယ်စပ်မြို့ ဘယ်လ်ဂိုးရော့ဒ်နှင့် ခရိုင်းမီးယားဒေသရှိ ဆီဗတ်စ်တိုပေါလ်မြို့တို့တွင် ညလုံးပေါက် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ယူကရိန်းဒုံးကျည်တစ်စင်းကို ပစ်ချလိုက်ပြီးနောက် ယခုပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရုရှားအရာရှိများက အသိပေးခဲ့ပြီး နယ်စပ်မြို့ဖြစ်သော ဘယ်လ်ဂိုးရော့ဒ်မြို့တွင် ပေါက်ကွဲမှုများကြောင့် လူ ၂၅ ဦး အသက်ဆုံးရှုံးသွားခဲ့ရသည်ဟု သိရှိရသည်။ မကြာသေးမီရက်ပိုင်းအတွင်းက ရုရှားနှင့် ယူကရိန်းတို့အကြားတွင် လေကြောင်းတိုက်ပွဲများ တရစပ်ဖြစ်ပွားခဲ့ပြီး ရုရှားဘက်က ငါးရက်အတွင်း ဒရုန်းအစင်းရေ ၂၀၀၊ ဒုံးကျည်အရေအတွက် ၃၀၀ အသုံးပြုကာ တိုက်ခိုက်မှုများရှိခဲ့သည်ဟု ယူကရိန်းသမ္မတ ဇီလင်စကီးက ပြောကြားခဲ့သည်။ ရုရှားသည် […]