BREAKING
November 12, 2025

သတင်း

တော်လှန်ရေးနယ်မြေက လွတ်လပ်ရေးနေ့

Dawei Watch

January 4, 2024

ပုလောဒေသ၊ ရှေ့တန်းနယ်မြေတစ်နေရာတွင် စစ်ဘေးရှောင် ပြည်သူများအတွက်​ပြည်သူ့ကာကွယ်ရေးရဲဘော်များက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ နှင့် အကျွေးအမွေးအစီအစဥ်များ ပြုလုပ် ကျင်းပပေးခဲ့ကြသည်။

ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးနှင့် မန္တလေးမြို့တော်ဝန်အပါအဝင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပြန်လွတ်

Dawei Watch

January 4, 2024

စစ်ကောင်စီက လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။ စစ်ကောင်စီက နိုင်ငံတဝန်းရှိ အကျဉ်းသား၊ အကျဉ်းသူ ၉၆၀၀ ကျော်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ လွှတ်ပေးလိုက်ရာတွင် ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးနှင့် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် အပါအဝင် နိုင်ငံသားအကျဉ်းသား အနည်းငယ်သာ ပါဝင်ကြောင်း ဖော်ပြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် လူမှုရေးဝန်ကြီး တာဝန်ယူခဲ့သည့် ဒေါက်တာလှမြတ်သွေးမှာ ပုသိမ်အကျဉ်းထောင်မှ ယနေ့ ဇန်နဝါရီလ ၄ရက်တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။ ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂နှစ် ချမှတ်ထားခြင်းဖြစ်သည်။ […]

တနင်္သာရီတိုင်း ကောင်စီဥက္ကဋ္ဌဟောင်းကို စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ပေး

Dawei Watch

January 4, 2024

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းကောင်စီဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခံရသူ ဦးတင်အောင်ကို ဇန်နဝါရီလ ၄ ရက် ၊ လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ခဲ့သည်။ ဦးတင်အောင်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ တနင်္သာရီတိုင်း တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တာဝန်ယူကာ အငြိမ်းစားယူပြီးနောက် အာဏာသိမ်းမှု နောက်ပိုင်းတွင် တနင်္သာရီတိုင်းကောင်စီ ဥက္ကဋ္ဌအဖြစ် ၆ လ ခန့်အပ်ခံခဲ့ရသည်။ ဝဏ္ဏကျော်ထင် ဘွဲ့ပေးရာတွင် တိုင်းကောင်စီဥက္ကဋ္ဌအနေဖြင့် ပေးခြင်းမဟုတ်ဘဲ တိုင်းတရားသူကြီးချုပ် အငြိမ်းအစားအဖြစ် ပေးခြင်းဖြစ်ပြီး ၎င်းနှင့်အတူ တနင်္သာရီတိုင်းက တိုင်းတရားသူကြီးချုပ် အငြိမ်းစား ဦးမြင့်ဝင်းဆိုသူလည်း ဝဏ္ဏကျော်ထင်ဘွဲ့ပေးခြင်းခံရသည်။ ယင်းအပြင် ၂၀၀၈ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ခဲ့သူ တနင်္သာရီတိုင်းက ပညာရေးဝန်ထမ်းသုံးဦးနှင့် ထွေအုပ်ဝန်ထမ်း တစ်ဦးအပါအဝင် အမျိုးသား ၁၉ ဦးကိုလည်း စစ်ကောင်စီက လူမှုထူးချွန် ပထမဆင့် ဆုတံဆိပ်များ […]

လွတ်လပ်ရေးနေ့တွင် သောင်းကျန်းနေသည့်မျောက်ကို ထားဝယ်မီးသတ်ဖမ်းဆီး

Dawei Watch

January 4, 2024

လွတ်လပ်ရေးနေ့ဖြစ်သော ယနေ့(ဇန်နဝါရီ ၄)တွင်နေအိမ်များအပေါ် ပြေးလွှားသောင်းကျန်းနေသည့် မျောက်ကို ရပ်ကွက်နေသူများက တိုင်ကြားသဖြင့် သွားရောက်ဖမ်းဆီးထားကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ အဆိုပါမျောက်သည် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ထားဝယ်မြို့ပိန္နဲတောရပ်ကွက်ရှိ နေအိမ်များပေါ် တက်ရောက် ပြေးလွှားနေမှုကြောင့် ရပ်ကွက်နေပြည်သူများ၏ အကူအညီတောင်းခံမှုအရ ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်များမှ သွားရောက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဟိုအိမ်ခုန် ဒီအိမ်ခုန်လုပ်နေတာကြောင့် ကျွန်တော်တို့ သွားပြီး ထိန်းသိမ်းထားတယ် အစာတွေလည်း ကျွေးထားပါတယ်”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။ အဆိုပါမျောက်ပိုင်ရှင်မှာ ယနေ့ ၂ နာရီဝန်းကျင်ခန့်အထိ မပေါ်သေးသဖြင့် ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနရုံးမှာပင် ထိန်းသိမ်းထားကြောင်း တာဝန်ရှိသူကဆိုသည်။ ပိုင်ရှင်မှန်များအနေဖြင့် အဆိုပါမျောက်ကို ထားဝယ်မြို့နယ်မီးသတ်စခန်းတွင် သက်သေအထောက်အထားပြ၍ လာရောက်ထုတ်ယူနိုင်ကြောင်း မီးသတ်ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ယခုနှစ် […]

ဆန္ဒပြပွဲသတင်းယူနေချိန် ကားဖြင့်တိုက်ပြီးဖမ်းဆီးခံရသည့် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းပြန်လွတ်

Dawei Watch

January 4, 2024

ဆန္ဒပြပွဲ သတင်းရယူနေချိန် စစ်ကားဖြင့်ဝင်တိုက်ကာ ဖမ်းဆီးခံခဲ့ရသည့် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း ယနေ့ ဇန်နဝါရီလ ၄ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ရက်က ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားဖြင့် ဝင်တိုက်ဖြိုခွဲဖမ်းဆီးခဲ့သည်။ ယင်းဆန္ဒပြပွဲတွင် သတင်းယူနေသည့် ကိုကောင်းဆက်လင်းလည်း ကားဖြင့် တိုက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရကာ ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက် စစ်ကောင်စီက ကိုကောင်းဆက်လင်းကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်သုံးနှစ် ချမှတ်ခဲ့သည်။ ဖမ်းဆီးခံရပြီး၂နှစ်အကြာတွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည်။ “နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကျွန်တော့်သူငယ်ချင်းတွေ အထဲမှာ (ထောင်ထဲမှာ) အများကြီးကျန်ခဲ့သေးတယ်။ သူတို့ကိုလည်း အမြန် ပြန်လွတ်စေချင်တယ်။ ကျွန်တော် အမေ့ဆီပြန်ချင်တယ်။ ကျွန်တော့အမေဆုံးတာ ရှစ်လပြည့်ပြီ။ […]

ထိုင်းတောင်ပိုင်းရှိ မေတ္တာရိပ် မြန်မာကျောင်းတွင် လွတ်လပ်ရေးနေ့ကျင်းပ

Dawei Watch

January 4, 2024

ထားဝယ်ဒေသခံကလေးရာချီ ပညာသင်ယူနေသည့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ် မြန်မာကျောင်းတွင် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယနေ့ ကျင်းပနေသည်ကို တွေ့ရစဉ်။

လွတ်ငြိမ်းတွင်ပါဝင်သည့် ထားဝယ်ထောင်မှ အကျဥ်းကျနေသူများ စတင်လွှတ်ပေး

Dawei Watch

January 4, 2024

စစ်ကောင်စီ၏ လွတ်ငြိမ်းစာရင်းတွင် ပါဝင်သည့် ထားဝယ်အကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူများကို စတင်လွှတ်ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။ ထားဝယ်အကျဉ်းထောင်မှ ၈၀ ဝန်းကျင်ခန့် လွတ်မြောက်မည်ဟု သတင်းများ ထွက်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ယင်းလွတ်မြောက်စာရင်းတွင် နိုင်ငံရေးအကျဉ်းသားများ ပါဖွယ်ရှိကြောင်း သတင်းများထွက်နေပြီး မည်မျှပါမည်ကိုမူ မသိရသေးပေ။ လတ်တလောရရှိသည့် သတင်းအရ လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသူ ၃ ဦးသာ ပါသေးကြောင်း သိရသည်။ ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ရသူများကို ထုတ်ပြန်လိုက်ပြီး နိုင်ငံတဝန်းအကျဉ်းထောင်များရှိ အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးတို့ကို ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုကြောင်း ဖော်ပြထားသည်။ ပုံစာ – လွတ်ငြိမ်းဖြင့်လွတ်လာသူများကို ထားဝယ်ထောင်ရှေ့တွင် ယနေ့ […]

မြိတ်တွင် မီးသင်္ဂြိုဟ်စရိတ်စျေးတက်

Dawei Watch

January 4, 2024

မြိတ်မြို့တွင် မီးသင်္ဂြိုဟ်စရိတ်ကို ဇန်နဝါရီလ ၁ ရက်ကစပြီး ကျပ်ငါးထောင် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း မြိတ်မြို့ မီးသင်္ဂြိုဟ်နာရေးအသင်းထံက သိရသည်။ ယခင်က ၂ဝဝဝဝ ကျပ်ကောက်ခံနေရာမှ ၂၅၀၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။ “ မီးသင်္ဂြိုဟ်စရိတ်မြှင့်တာက ထင်းတွေကလည်း လိုက်တိုက် (လိုက်သယ်) တဲ့အခါ စရိတ်က တအားကြီးတယ်။ဝန်ထမ်းစရိတ်တွေလည်းရှိတယ်။ စျေးမတင်ပေးရင်လည်း လုပ်နေတဲ့ဝန်ထမ်းက စားဖို့မလောက်တော့ဘူး။ အဲဒါကြောင့် အားလုံးတိုင်ပင်ပြီး ၅၀၀၀ တိုးကောက်တာပါ” ဟု အသင်း တာဝန်ရှိသူက ပြောသည်။ မီးသင်္ဂြိုဟ်စရိတ်အလှူငွေကို မီးသဂြိုဟ်ရန်အတွက် ထင်းဖိုးနှင့် ဝန်ထမ်းစရိတ်အတွက် အဓိကသုံးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ မြိတ်မြို့၊ ကလွင်ရပ် ဘာသာပေါင်းစုံ သုသာန်တွင် ဆရာတော်များအတွက် မီးသင်္ဂြိုဟ် စက်တစ်လုံး၊ သီလရှင်များအတွက် မီးသင်္ဂြိုဟ်စက်တစ်လုံး ၊ ဘာသာပေါင်းစုံအတွက် မီးသင်္ဂြိုဟ်စက်နှစ်လုံး စုစုပေါင်း […]