BREAKING
November 12, 2025

သတင်း

စစ်ကောင်စီလွတ်ငြိမ်းတွင် နိုင်ငံရေးအကျဉ်းသား လေးရာကျော်သာ လွတ်မြောက်

Dawei Watch

January 6, 2024

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ ကိုးထောင်ကျော် လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား လေးရာကျော်သာပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်သည်။ အကျဉ်းထောင် ၂၈ခုက နိုင်ငံရေးအကျဉ်းသား ၄၄၀ ဦး လွတ်မြောက်သည်ဟု ကနဦးကောက်ယူထားသည့် စာရင်းများအရ သိရကြောင်း ဇန်နဝါရီလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။ အကျဉ်းထောင်အများစုတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း မရှိခဲ့ကြောင်းလည်း ဖော်ပြသည်။ အင်းစိန်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၃၀ဦးဖြင့် အများဆုံးလွတ်မြောက်ခဲ့ပြီး မန္တလေး အိုးဘိုအကျဉ်းထောင်က ၁၄၀ ဦးဖြင့် ဒုတိယအများဆုံး လွတ်မြောက်ခဲ့ကြောင်း ဖော်ပြသည်။ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းက အကျဉ်းသား၊ အကျဉ်းသူ ၉၆၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လျှော့ပေါ့ပြီး […]

လောက်ကိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃၀၀ကျော် လက်နက်ချကြောင်း မြောက်ပိုင်းမဟာမိတ်ပြော

Dawei Watch

January 6, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစ အပါအဝင် တပ်ရင်းစခန်းအားလုံးက တပ်ဖွဲ့ဝင် ၂၃၀၀ ကျော် ဇန်နဝါရီလ ၅ရက်တွင် လက်နက်ချကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။ လောက်ကိုင် ဒကစ အပါအဝင် ယင်းပတ်ဝန်းကျင်ရှိ တပ်ရင်းစခန်းအားလုံး လက်နက်ချခြင်းဖြစ်ပြီး လက်နက်ချ သူများထဲတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ခြောက်ဦး၊ အရာရှိ ၂၂၈ ဦး ပါဝင်ကြောင်း ဖော်ပြသည်။ ပွိုင့် ၂၀၂၂ ဟုလူသိများသော ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း” က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၀ ကျော်လည်း လက်နက်ချသဖြင့် လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၂၃၈၉ ဦးရှိကြောင်း ဆိုသည်။ ယင်းအပြင် မိသားစုဝင်လည်း ၁၆၀၀ ကျော်ရှိကြောင်း မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ သွားလို့သည့်နေရာနှင့် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

January 5, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ဇန်နဝါရီလ ၅ ရက်နေ့အထိ အစ္စရေးအတွက် သူလျှိုလုပ်ပေးသည်ဟု စွပ်စွဲချက်ဖြင့် လူပေါင်း ၃၄ ဦးကို တူရကီဖမ်းဆီး အစ္စရေးထောက်လှမ်းရေးဌာန Mossad အတွက် သူလျှိုလုပ်ပေးတယ်ဆိုပြီး မသင်္ကာသူ ၃၄ ဦးကို တူရကီအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ဒါအပြင် နောက်ထပ် ၁၃ ယောက်ကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေနေဆဲပါ။ တူရကီအစိုးရရှေ့နေရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးရေးအနေနဲ့ ပြည်နယ် ၈ ခုက နေရာပေါင်း ၅၇ နေရာကို ရဲတပ်ဖွဲ့က တပြိုင်နက်တည်း စီးနင်းရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မသင်္ကာသူတွေက နိုင်ငံခြားသားတွေကို ရှာဖွေစောင့်ကြည့် ထောက်လှမ်းတာတွေ တိုက်ခိုက်တာတွေ […]

ထားဝယ်တွင် ကွမ်းယာဆိုင်ထဲ ဗုံးပစ်သွင်းသူနှစ်ဦးမှာ စစ်ကောင်စီတပ်သားများဟု ထားဝယ်ခရိုင်တပ်ရင်းထုတ်ပြန်

Dawei Watch

January 5, 2024

ထားဝယ်မြို့ ဗျောတောဝရပ်ကွက်တွင် ကွမ်းယာဆိုင်ထဲ ဗုံးပစ်သွင်းသူနှစ်ဦးမှာ စစ်ကောင်စီတပ်သားများဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်သည်။ တော်လှန်ရေးအင်အားစုက လုပ်ဆောင်ခြင်း မဟုတ်ဘဲ စစ်ကောင်စီ ခလရ ၁၀၄ တပ်ရင်းက တပ်သားနှစ်ဦးက တော်လှန်ရေးသမားအသွင်ယူ၍ လုပ်ဆောင်ခဲ့သည်ကို စုံစမ်းသိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်က ထားဝယ်မြို့ ဗျောတောဝရွာလယ် ဇရပ်အနီး ကွမ်းယာဆိုင်ထဲသို့ အမျိုးသားနှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါဗုံးမှာ ပေါက်ကွဲသွားခြင်းမရှိဘဲ ဗုံးပစ်သူနှစ်ဦးစလုံးကို ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ဖမ်းမိခဲ့ပြီး အဆိုပါအမျိုးသားနှစ်ဦးမှာ စစ်ကောင်စီတပ်သားများဖြစ်နေသည်ကို သိရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ “စစ်သားဆိုတာသေချာတယ်။ မူးရူးပြီးလာတယ်။ ဘယ်တပ်ရင်းကဆို‌တာတော့ […]

ထားဝယ်တွင် သံပရာသီးတစ်လုံး ကျပ် ၆၀၀အထိ ပေးဝယ်နေရ

Dawei Watch

January 5, 2024

ထားဝယ်တွင် နွေရာသီ သံပရာသီး အထွက်နည်းလာခြင်းနှင့် ဈေးကွက်အတွင်း အဝင်နည်းနေခြင်းတို့ကြောင့် ဈေးကွက်တွင် ယခုအပတ် သံပရာသီးတစ်လုံးကို ၆၀၀ ကျပ် အထိ ပေးဝယ်နေရကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် မိုးတွင်းကာလက သံပရာသီးအငယ်တစ်လုံးကို ၅၀ ကျပ်မှ ၁၀၀ကျပ်၊ သံပရာသီးအကြီးတစ်လုံးကို ကျပ် ၂၀၀ မှ ၂၅၀ကျပ်ခန့်အထိသာ စျေးရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သို့သော် ဒီဇင်ဘာလ နောက်ဆုံးအပတ်မှ ဇန်နဝါရီလ ပထမအပတ်ထဲတွင် သံပရာသီးအငယ်တစ်လုံးလျှင် ၃၀၀ ကျပ်၊ သံပရာသီးအကြီးတစ်လုံးလျှင်၅၀၀ကျပ်မှ ၆၀၀ကျပ်အထိ ပေးဝယ်နေရကြောင်း ထားဝယ်မုန့်လက်သုပ်ရောင်းသည့် အိမ်ရှင်မတစ်ဦးက ပြောသည်။ “မနှစ်ကဆို ၃၀၀ အများဆုံးပဲ။ ဒီနှစ်ကုန်ခါနီးကစပြီး တက်လာတာ။ မုန့်လက်သုပ်ထဲ သံပရာသီး မထည့်ပေးနိုင်တော့ဘူး။ ချဉ်ရည်ဘူးပဲ ထားပေးထားတော့တယ်” ဟု ၎င်းက […]

မြိတ်အကျဉ်းထောင်က လွတ်မြောက်လာသူများတွင် နိုင်‌ငံရေးအကျဉ်သား မပါဟုဆို

Dawei Watch

January 5, 2024

လွတ်လပ်ရေးနေ့တွင် မြိတ်အကျဉ်းထောင်က လွှတ်ပေးလိုက်သူများအထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်း မရှိကြောင်း မြိတ်မြို့ခံအချို့က ပြောသည်။ မြိတ်အကျဉ်းထောင်က အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၇၄ ဦးကို လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ “မူးယစ်ဆေးသမားနဲ့ ခိုးဆိုးလုနှိုက်တွေပဲ လွှတ်ပေးတာ။ နိုင်ငံရေးအကျဉ်းသားတစ်ယောက်မှ မပါဘူး။ အဲဒါသေချာတယ်” ဟု အကျဉ်ထောင်နှင့် နီးစပ်သူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး မြိတ်ဒေသခံတစ်ဦးက ပြောသည်။ မြိတ်မြို့နယ် ကျောက်ဖြူတောင် ရဲဘက်စခန်းကလည်း အမျိုးသား ၂၇ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ထားဝယ်အကျဉ်းထောင်တွင်မူ အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၁၄ ဦးကိုပြန်လွှတ်ပေးခဲ့ပြီး ထိုအထဲတွင် နိုင်ငံ‌ရေးအကျဉ်းသူ သုံးဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတို့ထံမှ သိရသည်။ ကော့သောင်းအကျဉ်းထောင်က […]

လောက်ကိုင်ဒကစ လက်နက်ချထွက်ခွာ၊ ကိုးကန့်ဒေသကို MNDAA သိမ်းယူ

Dawei Watch

January 5, 2024

လောက်ကိုင်တွင် နောက်ဆုံးကျန်ရှိသည့် ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစနှင့် နန်ထင်းမိန်တောင်စခန်းက စစ်ကောင်စီ တပ်သားများ လက်နက်ချထွက်ခွာပြီးနောက် ကိုးကန့်ဒေသတစ်ခုလုံးကို ကိုးကန့်တပ် MNDAA က သိမ်းယူနိုင်ပြီဆိုနိုင်သည်။ လောက်ကိုင် ဒကစနှင့် နန်ထင်းမိန်တောင်စခန်းက စစ်ကောင်စီတပ်တို့သည် ကိုးကန့်တပ်နှင့် ကြိုတင် ညှိနှိုင်းကာ ဇန်နဝါရီလ ၄ရက်တွင် လက်နက်ချခြင်းဖြစ်ဖြစ်ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။ ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို လားရှိုးဘက်သို့ MNDAA ၏ စီစဉ်မှုဖြင့် ပြန်လည်ပေးပို့ နေကြောင်း ဆိုသည်။ စစ်ကောင်စီတပ် လက်နက်ချ ထွက်ခွာသည့် ရုပ်သံမှတ်တမ်းများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ စစ်ကောင်စီတပ်သားအားလုံး ဆုတ်ခွာပြီဖြစ်သဖြင့် ကိုးကန့်ဒေသတွင် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ရှောက်ချိန်၏ အမာခံ နေရာ အနည်းငယ်ကလွဲပြီး နေရာအားလုံးကို ကိုးကန့်နှင့် ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ရွှေဖီမြေ […]

မွန်တွင် အကျဉ်းသားခြောက်ရာကျော်လွတ်၊ နိုင်ငံရေးအကျဉ်းသား ၃၁ ဦးသာပါ

Dawei Watch

January 5, 2024

မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူ ၆၇၀ဦးတွင် နိုင်ငံရေး အကျဉ်းသား ၃၁ ဦးသာပါဝင်ကြောင်း အကျဉ်းထောၚ်နှင့် နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသူ တို့ထံမှ သိရသည်။ စစ်ကောင်စီက ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၆၇၀ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ကျိုက်မရောအကျဉ်းထောင်က ၁၀၃ဦး၊ မော်လမြိုင်အချုပ်ထောင်က ၃၅၀ဦး၊ သထုံအကျဉ်းထောင်က ၉၃ဦး၊ မုပ္ပလင် (အမျိုးသမီး) ကုန်ထုတ်စခန်းက ၃၅ဦး၊ အင်္ဂဘိုနှင့် တောင်စွန်း အလုပ်စခန်းများက ၄၁ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းက ၁၇ဦး၊ ရင်းငြိမ်အလုပ်စခန်းက ၂၀ဦး၊ အင်းဗြောင်အလုပ်စခန်းက ၁၁ဦးတို့ပါဝင်ကြောင်း အကျဉ်းထောင်များ၏စာရင်းအရ သိရသည်။ မွန်ပြည်နယ်အတွင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် […]