BREAKING
November 12, 2025

သတင်း

လောင်းလုံး‌တွင် စစ်ကြောင်းကဖမ်းခေါ်ပြီးနောက် ပြန်လွှတ်လိုက်သည့်လူငယ်တစ်ဦးကို သေဆုံးလျက်ပြန်တွေ့

Dawei Watch

January 7, 2024

လောင်းလုံးမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ပြန်လွှတ်ပေးလိုက်သည့် လူငယ်အမျိုးသားတစ်ဦးကို ယနေ့ ဇန်နဝါရီလ ၇ရက် ညနေပိုင်းတွင် သေဆုံးလျက်ပြန်တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမျိုးသား၏ ရုပ်အလောင်းကို ယနေ့ ညနေ ၄နာရီခန့်တွင် လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာအုပ်စု၊ ရပ်သိမ်ရွာ ဘုရားတောင်အနီး ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေသွားတာက ရက်တော်ကြာပြီထင်တယ်။ လိုက်ရှာနေကြတာပါပဲ။ ဒီနေ့မှပြန်တွေ့တာ” ဟု ၎င်းက ပြောဆိုသည်။ သေဆုံးသူမှာ လေးသွန်းခံရွာသား အသက်၂၆ နှစ်အရွယ်ရှိ ကိုညီငယ် (ခေါ်) ကိုလှမျိုးထွန်းဆိုသူဖြစ်သည်။ လောင်းလုံးသို့ စစ်ကြောင်းထိုးစဉ် ဒီဇင်ဘာလ ၂၈ ရက်နေ့က လေးသွန်းခံရွာအနီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကိုလှမျိုးထွန်း အပါအဝင် ဖမ်းဆီးထားသူ ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဇန်နဝါရီလ ၂ […]

ထိုင်းတောင်ပိုင်းတွင် ပထမဆုံးအကြိမ်ကျင်းပသည့် ကရင်နှစ်သစ်ကူး အခမ်းအနား

Dawei Watch

January 7, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့(အကြို) အခမ်းအနားကို ဇန်နဝါရီလ ၇ ရက်(ယနေ့)နံနက်က ကျင်းပခဲ့သည်။ ကရင်နှစ်သစ်ကူးနေ့မှာ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး ယခုပွဲမှာ ကြိုတင်ကျင်းပခြင်းဖြစ်သည်။ ယင်းအခမ်းအနားတွင် ကရင်ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့သည်။

ပျံသန်းနေစဉ် လေယာဉ်ကိုယ်ထည်ပွင့်ထွက်မှု ဖြစ်သွားခဲ့၍ ဘိုးရင်း 737 Max 9 လေယာဉ်အားလုံးကို ပျံသန်းခွင့်ရပ်ဆိုင်း

Dawei Watch

January 7, 2024

ဘိုးရင်း(Boeing) 737 Max 9 လေယာဉ်တစ်စီး ပျံသန်းနေစဉ်အခိုက် လေယာဉ်ကိုယ်ထည်ပွင့်ထွက်ကာ အရေးပေါ်အခြေအနေ ဖြစ်သွားခဲ့မှုအပြီးတွင် ဘိုးရင်း737 Max 9 လေယာဉ်အားလုံးကို အမေရိကန် ဖက်ဒရယ်လေကြောင်း ထိန်းသိမ်းရေးဌာန(FAA)က ပျံသန်းမှုရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ ယင်းအမျိုးအစား ဘိုးရင်းလေယာဉ်များကို စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း BBC သတင်းဌာန၏ရေးသားဖော်ပြချက်အရ သိရှိရသည်။ ဇန်နဝါရီလ ၅ ရက်နေ့က အလပ်စကာလေကြောင်းပိုင် ဘိုးရင်း737 Max 9 လေယာဉ်တစ်စင်းသည် ပျံသန်းနေစဉ်အခိုက် လေယာဉ်၏ဘယ်ဘက် ဘေးကိုယ်ထည် ပွင့်ထွက်သွားခဲ့ပြီး အရေးပေါ်အခြေအနေကို ရင်ဆိုင်လိုက်ရကာ အဆိုပါလေယာဉ်ကို အော်ရီဂွန်ပြည်နယ်အတွင်း ချက်ချင်းသက်ဆင်းနိုင်စေရန် တာဝန်ရှိသူများက စီစဉ်ပေးလိုက်ရသည်။ အဆိုပါဖြစ်စဉ်ကို ကြုံဆုံလိုက်ရပြီးနောက် အမေရိကန် ဖက်ဒရယ်လေကြောင်း ထိန်းသိမ်းရေးဌာန(FAA)က ဘိုးရင်း737 Max 9 လေယာဉ်အားလုံးကို ခရီးစဉ်ပြေးဆွဲခြင်း မပြုဘဲ ယာယီရပ်နားထားရန် […]

ကျောက်တော် တောင်ရှည်တောင်ဗျူဟာကုန်းကြီးကို AA သိမ်းယူ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချ

Dawei Watch

January 7, 2024

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တောင်ရှည်တောင်ဗျူဟာကုန်းကြီးက စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး လက်နက်ချပြီး စခန်းကုန်းကြီးကို ရက္ခိုင့်တပ်တော် (AA) က သိမ်းယူလိုက်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။  ကျောက်တော်မြို့နယ် တင်းမကျေးရွာအနီးက တောင်ရှည်တောင်တွင် တပ်စွဲထားသည့် ဗျူဟာကုန်းကို AA က ဒီဇင်ဘာလ ၂၅ ရက်မှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြသည်။  အဆိုပါဗျူဟာကုန်းသည် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း ကုလားတန်မြစ်ဘေးတွင် တည်ရှိကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် Western News သတင်းတစ်ရပ်တွင် ဖော်ပြသည်။  အဆိုပါဗျူဟာကုန်းကြီးကို စတင်တိုက်ခိုက်ပြီး ၁၃ ရက်အကြာ ဇန်နဝါရီလ ၆ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  နောက်ဆက်တွဲ သတင်းများကို ဆက်လက်ထုတ်ပြန်မည်ဟု ဆိုသည်။  သိမ်းယူရန် ထက်ဝက်တစ်ပျက် ကျန်ရှိနေသေးသည့် ဗျူဟာကုန်းများအားလုံးကို အပြီးသတ်သိမ်းယူနိုင်ရန် ဆက်လက်ကြိုးပမ်းနေကြောင်း AA က ဆိုသည်။ ရခိုင်ပြည်နယ် […]

ကန်ချနဘူရီတွင် မလေးရှားသွားမည့် မြန်မာလုပ်သားများ ကားတိုက်မှုဖြစ်၊ ရှစ်ဦးဒဏ်ရာရ

Dawei Watch

January 7, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ အလုပ်သမားများအား တင်ဆောင်လာသော ပစ်ကပ်ကားသည် လမ်းဘေးဓါတ်တိုင်နှင့် တိုက်မိပြီး မြန်မာအလုပ်သမား ရှစ်ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းရရှိထားသဖြင့် ထိုင်းအာဏာပိုင်များက စန်ခရာဘူရီဒေသတွင် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီခန့်က စစ်ဆေးရေးဂိတ်ချ စစ်ဆေးနေခဲ့ကြောင်း ဖော်ပြသည်။ ပစ်ကပ်ကားသည် စစ်ဆေးရေးဂိတ်အရောက်တွင် အရှိန်လျှော့ဟန်ပြကာ အရှိန်ဖြင့် ပြန်မောင်းကာ အတားအဆီး များကို တိုက်၍ ထွက်ပြေးမောင်းနှင်ခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။  အာဏာပိုင်များက လိုက်လံဖမ်းဆီးရာ ပစ်ကပ်ကားသည် အရှိန်လွန်ကာ လမ်းချော်ပြီး ဓါတ်တိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၃၀ ဦးလိုက်ပါလာခဲ့ပြီး ဆယ်ကျော်သက်များ အပါအဝင် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

January 6, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ဇန်နဝါရီလ ၆ ရက်နေ့အထိ နိုင်ကျဉ်းအနည်းငယ်ပဲပါတဲ့ စစ်ကောင်စီလွတ်ငြိမ်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ကိုးထောင်ကျော်ကို လွှတ်ပေးရာမှာ နိုင်ငံရေး အကျဉ်းသား အနည်းငယ်ပဲ ပါဝင်ပါတယ်။ ဇန်နဝါရီလ ၄ရက်နေ့မှာ ကျရောက်တဲ့ ၇၆နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ ၉၆၀၀ ကျော်ကို လွှတ်ပေးခဲ့တာပါ။ ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲပါတယ်လို့ လွတ်ငြိမ်းခွင့်ပေးတဲ့နေ့မှာပဲ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထုတ်ဖော်ပြောဆိုပါတယ်။ ဒါပေမဲ့ ကိန်းဂဏန်းဖော်ပြတာမျိုးတော့ မရှိပါဘူး။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကတော့ အကျဉ်းထောင် ၂၈ ခုကနေ နိုင်ငံရေး […]

တပ်မိသားစုလုံခြုံရေး၊ တရုတ်နှင့် ချစ်ကြည်ရေး မပျက်စေရန် လောက်ကိုင်တွင် လက်နက်ချခြင်းဖြစ်သည်ဟု စစ်ကောင်စီဆို

Dawei Watch

January 6, 2024

လောက်ကိုင်မြို့ရှိ တပ်မိသားစုဝင်များ လုံခြုံရေးနှင့် တရုတ်နိုင်ငံဘက်ခြမ်း လက်နက်ကြီးကျည်ကျပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး မပျက်ပြားစေရန် လောက်ကိုင်တွင် လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါ်ပြူလာနယူးစ်သတင်းဌာနသို့ ပြောဆိုထားသည်။ တရုတ်ဘက်ခြမ်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောကြောင့် တရုတ်နိုင်ငံသား ထိခိုက်သေဆုံးမှုရှိသဖြင့် တရုတ်နိုင်ငံဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။ ယင်းသို့ အခြေအနေတွင် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ထည့်သွင်းစဉ်းစားဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ “အဲဒီဘက်မှာက မြန်မာ့တပ်မတော်က ပစ်ခတ်တာမဟုတ်ဘဲနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ပစ်ခတ်ပြီး မြန်မာ့တပ်မတော်က ပစ်ခတ်သယောင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပျက်ပြားအောင်လုပ်ဆောင်နေတာတွေ ရှိပါတယ်။ အဲဒီအချက်တွေကို ထည့်သွင်းစဥ်းစားခဲ့ပြီး ဒေသခံ တပ်မှူးများအနေနဲ့ အကောင်းဆုံး စဥ်းစားခဲ့တာလို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ပေါ်ပြူလာနယူးစ်သို့ ပြောဆိုသည်။ လောက်ကိုင်ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီတပ်သားများအပြင် […]

သကျက်တောရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်မီးရှို့၊ မီးရှို့ခံရသည့်နေအိမ် သုံးဆယ်ကျော်အထိရှိလာ

Dawei Watch

January 6, 2024

လောင်းလုံးမြို့နယ် သကျက်တောကျေးရွာရှိနေအိမ်များကို စစ်ကောင်စီတပ်က ယနေ့ ဇန်နဝါရီလ ၆ရက် နံနက် ၁၀ နာရီခန့်မှစပြီး မီးရှို့နေကြောင်း ဒေသခံအချို့က ပြောသည်။ မီးရှို့ခံထားရသည့်နေအိမ် ၄ ဆောင်ရှိသည့်အနက် သုံးဆောင်မှာ လုံးဝပျက်စီးသွားကြောင်း ဒေသခံအချို့က ဆိုသည်။ ဓနိမိုး သစ်သားအိမ်သုံးဆောင်၊ တိုက်အိမ်တစ်ဆောင်မီးရှို့ခံရခြင်းဖြစ်ပြီး သစ်သားအိမ်သုံးဆောင်မှာ လုံးဝပျက်စီးသွားကြောင်း ၎င်းတို့က ပြောဆိုသည်။ “သစ်အိမ်တွေကတော့ မရတော့ဘူးလို့ပြောတယ်။ တိုက်အိမ်တစ်ဆောင်ကတော့ မီးသတ်ပေးမယ့်သူရှိလို့ အားလုံးတော့ မလောင်သွားဘူး” ဟု တိမ်းရှောင်နေရသည့်ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၅ ရက်ကတည်းက ရွာသို့ ရောက်ရှိလာပြီး ရွာရှိဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက်ပိုင်းမှစပြီး သကျက်တောရွာထဲ မွှေနှောက်ရှာဖွေကာ နေအိမ်မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံအချို့၏ ပြောပြချက်အရသိရသည်။ အနီးအနားရှိဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာလိုအပ်ချက်လည်း […]