BREAKING
November 12, 2025

သတင်း

ရေး၊ နှစ်ကရင်ကျေးရွာသားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

January 8, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲရှိ နှစ်ကရင်ကျေးရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှသိရသည်။ နှစ်ကရင်ကျေးရွာခံ ကိုရွေမိုးဆိုသူသည် ဇန်နဝါရီလ ၆ ရက်နေ့က ခြံထဲတွင် အိပ်နေစဉ် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုရွှေမိုးသည် ညာဘက်မေးစေ့အောက် ကျည်ဆန်ထိမှန်ခဲ့သလို၊ ရင်ဘက်တွင်လည်း ကျည်ထိမှန်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်။ “သူက ခြံမှာပုခက်နဲ့ အိပ်နေတာ။ အဲ့အချိန်မှာ သေနတ်သမားတွေက ရောက်လာပြီးတော့ ပစ်ထည့်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကိုရွှေမိုးကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်ရှင်းလင်းသွားခဲ့သည်ကိုမူ မသိရှိရသေးပေ။ စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် ကိုရွှေမိုးကို KNLA တပ်မဟာ(၆) ရင်း(၂၇) ခွဲ(၄)မှ စုမှူးအဆင့်ရှိ ပဒဲကော(ခ)သားခွီးအဖွဲက ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ရေးသားဖော်ပြထားသည်။ နယ်မြေစိုးမိုးနိုင်ရေးအတွက် KNLA နှင့် PDF […]

ထားဝယ်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်သားတစ်ဦး ဆေးကုသခွင့်မရခဲ့ဘဲ မျက်စိကွယ်

Dawei Watch

January 8, 2024

ထားဝယ်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်သားတစ်ဦး ဆေးကုသခွင့်မရခဲ့ဘဲ မျက်စိကွယ်သွားကြောင်း ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) ထံကသိရသည်။ မျက်စိကွယ်သွားသည့် နိုင်ငံရေးအကျဥ်းသားသည် ၂၀၂၁ ခုနှစ်က ၊ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် တွင် စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရပြီး ပုဒ်မ ၅၂ (က) နှင့် ၅၀၅ (က) တို့ဖြင့် ထောင် ၉ နှစ်ချခံထားရသည့် အသက် ၅၇ နှစ်အရွယ် ဦးထွန်းဝေ ဖြစ်သည်။ ဦးထွန်းဝေသည် အကျဥ်းထောင်အတွင်း မျက်စိတိမ်စွဲဝေဒနာ စတင်ခံစားခဲ့ရပြီး ပြီးခဲ့သည့်နှစ် ဇွန်လတွင် ၎င်း၏မျက်စိတိမ်အခြေအနေဆိုးရွာလာသဖြင့် အကျဥ်းထောင်ဆေးမှူးက ခွဲစိတ်ကုသရန်လိုအပ်ကြောင်း ပြောခဲ့သည်ဟု မိသားစု၏ပြောကြားချက်ကို ကိုးကားပြီး နီးစပ်သူတစ်ဦးကပြောသည်။ ခွဲစိတ်ကုသနိုင်ရန် အကျဥ်းထောင်ပြင်ပဆေးရုံသို့ သွားရောက်ကုသခွင့်ကို ကာယကံရှင်နှင့်မိသားစုဘက်က အကြိမ်ကြိမ်ခွင့်တောင်းခဲ့သော်လည်း ထောင်အာဏာပိုင်များဘက်က ခွင့်မပြုသဖြင့် မျက်စိကွယ်သည်အထိအခြေအနေဆိုးရွားသွားကြောင်း ၎င်းကဆက်ပြောသည်။ ထားဝယ်အကျဥ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ […]

ထိုင်းတွင် အသားစိမ်းများ ကိုင်တွယ်၊စားသုံးမှုမှတစ်ဆင့် ကူးစက်ရောဂါ ဖြစ်ပွားမှုများလာ

Dawei Watch

January 8, 2024

ထိုင်းတွင် လွန်ခဲ့သော သုံးပတ်အတွင်း အသားစိမ်းကိုင်တွယ်၊စားသုံးမှုမှတစ်ဆင့် အကြားအာရုံဆုံးရှုံးပြီး လူကို သေစေနိုင်သော Streptococcus suis ရောဂါ ကူးစက်ဖြစ်ပွားမှု များပြားလာနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ၂၁ ရက်အတွင်း ကူးစက်ရောဂါဖြစ်ပွားနေသူ အနည်းဆုံ ၁၃၇ ဦးအထိ ရှိလာပြီး သေဆုံးသူ ၈ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ဇန်နဝါရီလ ၅ ရက်နေ့တွင် ထိုင်းအာဏာပိုင်များ၏ ပြောကြားချက်ကို ဖော်ပြထားသည်။ ကူးစက်ပြန့်ပွားမှုနှင့် လူသေဆုံးမှုကို နခွန်ရက်ချာစီမားခရိုင်တွင် အများဆုံးတွေ့ရှိရပြီး ရောဂါပိုးရှိနေသော ဝက်သားစိမ်းစားသုံးခြင်း သို့မဟုတ် ကိုင်တွယ်ခြင်းများကတစ်ဆင့် ကူးစက်ပျံ့နှံ့လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ Streptococcus suis ရောဂါသည် ရောဂါပိုးရှိနေသော ဝက်သားများကို အစိမ်းစားသုံးခြင်း၊ ကိုင်တွယ်ခြင်းကတစ်ဆင့် အလွယ်တကူ ကူးစက်ခံရနိုင်သော ရောဂါပိုး တစ်မျိုးဖြစ်ကြောင်း ဖော်ပြထားသည်။ ရောဂါကူးစက်ခံရပါက […]

ကလိန်အောင် ဇင်းဘာရွာရှိ ဥယျာဥ်ခြံလုပ်ငန်းများ စစ်ကောင်စီတပ်က ယာယီရပ်ခိုင်း

Dawei Watch

January 8, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ၊ ဇင်းဘာရွာပတ်ဝန်းကျင်ရှိ ဥယျာဥ်ခြံလုပ်ငန်းများကို စစ်ကောင်စီက ဇန်နဝါရီလ ၁၄ ရက်နေ့အထိ သွားရောက်လုပ်ကိုင်ခွင့် ကန့်သတ်ထားကြောင်း ဥယျာဥ်ခြံပိုင်ရှင်များထံက သိရသည်။ နယ်မြေရှင်လင်းရေးနှင့် လက်နက်ကြီး စမ်းသပ်ပစ်ခတ်ခြင်းမည်ဖြစ်သဖြင့် သွားလာခွင့်ကန်သတ်ခြင်း ဖြစ်သည်ဟု စစ်ကောင်စီတပ်က ပြောဆိုကြောင်း ဥယျာဉ်ခြံပိုင်ရှင်တို့က ဆိုသည်။ “အခုရက်ပိုင်း သူတို့ (စစ်တပ်) လုပ်စရာရှိတယ်ပေါ့။ အဲဒါကြောင့် မလာကြနဲ့ပြောတယ်။ တကယ်လို့ ပြောထားတဲ့ရက်အတွင်း တစ်ခုခုထိခိုက်မိရင်တာဝန်မယူဘူးလို့ လည်းပြောတယ်” ဟု ကလိန်အောင်မြို့က ဥယျာဥ်ခြံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ စာထုတ်ပြန်သတိပေးခြင်းမျိုးမဟုတ်ဘဲ ဥယျာဉ်ခြံသို့ သွားလာသည့် ဒေသခံများကို နှုတ်ဖြင့် ပြောဆိုသတိပေးလိုက်ခြင်းဖြစ်ကြောင်း ဥယျာဥ်ခြံပိုင်ရှင်များထံက သိရသည်။ ဇန်နဝါရီလ ၂ ရက်နေ့က ကလိန်အောင်မြို့ ကျောက်ရှပ်ရွာအခြေစိုက် စစ်ကောင်စီ ခမရ ၄၀၉ တပ်ရင်း ဒရုန်းဖြင့် ဗုံးချခံရပြီးနောက် […]

ဖမ်းဆီးခံရသည့် သံဖြူဇရပ်မြို့ခံများ အကြမ်းဖက်ဥပဒေဖြင့် ဆက်တိုက်အမှုဖွင့်ခံနေရ

Dawei Watch

January 8, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ဖမ်းဆီးခံထားရသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် စစ်ကောင်စီက ဆက်တိုက်အမှုဖွင့်နေကြောင်းမြို့ခံတို့ထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က ဦးမြသန်း လက်နက်နှင့်အတူဖမ်းဆီးခံရပြီးနောက် PDF နှင့် ဆက်စပ်သည်ဟုဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်ကိုကိုနှင့် မြို့ခံ စီးပွားရေး လုပ်ငန်းရှင် ၅၀ ဦးထက် မနည်းကို စစ်ကောင်စီတပ်က ဆက် တိုက်ဖမ်းဆီးခဲ့ကြောင်း မြို့ခံတို့က ပြောသည်။ ဦးမြသန်းကိုလည်း PDF ဟု စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသူများအနက် ဒုဦးစီးမှူး ဦးအောင်ကိုကို၊ စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ဦးသန်းဇော်၊ ဦးအောင်မြင့်၊ ဦးဖေမြင့်၊ ဦးချမ်းမွန် အပါအဝင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) […]

ဖိုးဖိုးကျောက်ကမ်းခြေရှိ ရေလုပ်သားတဲများကို စစ်ကောင်စီတပ်မီးရှို့

Dawei Watch

January 8, 2024

လောင်းလုံးမြို့နယ် တောင်ဖက်ပိုင်းကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည့် ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် ‌ဖိုးဖိုးကျောက်ကမ်းခြေသို့ ရောက်ရှိနေပြီး ဒေသခံများ၏ နေအိမ်များကိုမီးရှိ့နေကြောင်း သိရသည်။ လောင်းလုံးမြို့နှင့်မိုင် ၃၀ ကျော်အကွာ ညောပြင်ကျေးရွာ ဖိုးဖိုးကျောက်ကမ်းခြေရှိ ရေလုပ်သားတဲများကို မီးရှို့နေခြင်းဖြစ်ကြောင်း ‌‌ဒေသခံတစ်ဦးကဆိုသည်။ “ မနက်ကိုးနာရီလောက်ကစပြီးရှို့တာ။ ဘယ်လောက်ရှို့ပြီးပြီးလဲဆိုတာတော့ မသိသေးဘူး” ဟု ၎င်းကဆိုသည်။ စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၇ ရက်ညက ဖိုးဖိုးကျောက်ကမ်းခြေသို့ ရောက်ရှိလာပြီး ယင်းကမ်းခြေတွင် ညအိပ်စခန်းချရပ်နားခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ရေလုပ်သားတဲများကို မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ စစ်ကြောင်းဝင်ရောက်လာမှုကြောင့် ယင်းကမ်းခြေတွင် နေထိုင်သူများအပြင် အနီးနားရှိဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က ညောပြင်ရွာနှင် အောက်ကျောက်ဝပ်ရွာကို ကိုလွန်ခဲ့သည့်ဆယ်လခန့်က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ဖူးပြီး ယင်းအချိန်က နေအိမ်တစ်ရာကျော် မီးလောင်းပျက်စီးခဲ့ဖူးသည်။ ညောပြင်ရွာရှိ […]

ဘန်ကောက်တွင် ဆယ်ကျော်သက် မြန်မာမိန်းကလေးကို ထိုင်းပွဲစားက အဓမ္မပြုကျင့်

Dawei Watch

January 8, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၁၉ နှစ်အရွယ်ရှိ ဆယ်ကျော်သက် မြန်မာမိန်းကလေးတစ်ဦးကို ထိုင်းနိုင်ငံသားပွဲစားတစ်ဦးက အလိုမတူဘဲ ဓါးထောက်၍ အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေးကော်မတီ MHAC အဖွဲ့ထံမှ သိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၇) နေ့လယ်ပိုင်းက ဘန်ကောက်မြို့ ဘန်ခွန်ထီရမ်နယ်မြေတွင် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ ထိုင်းနိုင်ငံသားပွဲစားက ထိုင်းရောက်ခါစ စကားရေရေလည်လည် မပြောတတ်သေးသော ကရင်တိုင်းရင်းသူ မြန်မာမိန်းကလေးကို အလုပ်ရှာပေးမည်ဟုဆိုကာ တည်းခိုခန်းသို့ ခေါ်သွားခဲ့ပြီး အလိုမတူဘဲ အတင်းအဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။ “တည်းခိုခန်းထဲကိုဝင် အတင်းအခန်းထဲဆွဲသွင်းပြီးတော့ ဓါးတွေနဲ့ထောက် ပိတ်ကန် ထိုးကြိတ်ပြီးတော့ အဓမ္မပြုကျင့်တာ” ဟု ကိုရဲမင်းက ဆိုသည်။ ဖြစ်စဉ်သိရသည်နှင့် မြန်မာမိန်းကလေးထံ အရေးပေါ် သွားရောက်ကြည့်ရှုခဲ့ပြီး ဆေးရုံတွင် စစ်ဆေးချက် […]

ကွတ်ခိုင်ဗျူဟာကုန်းကို တအာင်းတပ်သိမ်းယူ

Dawei Watch

January 8, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဗျူဟာကုန်းကို ဇန်နဝါရီလ ၇ရက် ည ၁၁နာရီဝန်းကျင်တွင် သိမ်းယူနိုင်ခဲ့ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။ ကွတ်ခိုင်ဗျူဟာကုန်းအပြင် သိန္နီအခြေစိုက် စကခ (၁၆) နောက်တန်းဌာနချုပ်ကိုလည်း ဇန်နဝါရီလ ၇ရက် နံနက်ပိုင်းတွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ စခန်းသိမ်းတိုက်ပွဲ နောက်ဆက်တွဲအခြေအနေကို ဆက်လက်ထုတ်ပြန်မည်ဟု ဆိုသည်။ ကွတ်ခိုင်ဗျူဟာကုန်းတွင် ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ပတ်ဝန်းကျင်ရှိ စခန်းများကို ကွက်ကဲနေသည့် အရေးကြီးသည့် ဗျူဟာကုန်းတစ်ခုဖြစ်သည်။ ကွတ်ခိုင်တွင် စစ်ကောင်စီတပ်ရှိနေသည့် နောက်ဆုံးစခန်းကုန်းဖြစ်သဖြင့် ကွတ်ခိုင်မြို့ကို တအာင်းတပ်နှင့် မဟာမိတ်တို့က ထိန်းချုပ်နိုင်ပြီဟု ဆိုနိုင်သည်။ ကွတ်ခိုင်မြို့ကို ဒီဇင်ဘာလကုန်နေ့ကပင် စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။ တိုက်ပွဲပြင်းထန်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း ဆိုသည်။ ဇန်နဝါရီလ ၇ ရက်တွင် […]