BREAKING
November 12, 2025

သတင်း

ညောင်ပင်ကွင်းရွာအုပ်စုတွင် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး မိုင်းနင်မိပြီး ခြေတစ်ဖက်ဆုံးရှုံး

Dawei Watch

January 10, 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ အနောက်ဘက်ကမ်းရွာတွင် ဇန်နဝါရီလ ၉ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦး မိုင်းနင်းမိကာခြေထောက်တစ်ဖက် ဆုံးရှုံးပြီး ၎င်းနှင့်အတူ လိုက်ပါ လာသည့် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရကြောင်း ဒေသခံများထံက သိရသည်။ စိုက်ခင်းမှ ပြန်လာစဉ် စစ်ကောင်စီ အမှတ် (၅၆၁) ခြေမြန်တပ်ရင်း အရှေ့ဘက်ရှိ ရော်ဘာခြံတစ်ခုအတွင်း မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။ မိုင်းနင်းမိပြီး အသက် ၆၇နှစ်အရွယ် ဒေါ်သွယ်မှာ ဘယ်ဘက်ခြေထောက် ဆုံးရှုံးခဲ့ပြီး အတူလိုက်ပါလာသည့် အသက် ၃၆နှစ်အရွယ် မမီးကမ်းဆိုသူမှာ မိုင်းစထိမှန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “မနက်က သွားတုန်းကလည်း ရော်ဘာခြံကိုဖြတ်ပြီးသွားတာပဲ။ အသွားတုန်းက မနင်းမိဘူး။ အပြန်မှ နင်းမိတာ။ နင်းမိတဲ့အချိန် ညနေ ၆နာရီထိုးနေပြီ။ နင်းမိတဲ့မိန်းမကြီးက ဆေးရုံတင်သွားရတယ်။ အဲဒီမိန်းမကြီးနဲ့ ပေ […]

လက်နက်ကိုင်တစ်စုက ဖမ်းသွားသည့် ပုလော၊ ကျောက်တောင်ရွာသား သေဆုံးလျက်ပြန်တွေ့

Dawei Watch

January 10, 2024

နှစ်သစ်ကူးနေ့(ဒီဇင်ဘာ ၃၁)တွင် လက်နက်ကိုင်လူတစ်စုက ဖမ်းသွားသည့် ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စုမှ ကျောက်တောင်ရွာသားကို သေဆုံးလျက်ပြန်တွေ့ကြောင်း ဒေသခံများက ပြောသည်။ “သူက မွန်လူမျိုး၊ မိဘတွေဘာတွေလည်းမရှိဘူး၊ ဖြစ်စဉ်က တစ်ပတ်ကျော်သွားပြီပေါ့နော်၊ ဓားနဲ့ထိုးသတ်ထားတာပါ၊ အသတ်ခံရပြီး နောက်တစ်နေ့ ညနေလောက်မှ အလောင်းကို ငှက်ပစ်တဲ့ ကရင်ကလေးတွေက တွေ့တာ”ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။ အလောင်းကို ညောင်ရှင်ကုန်းကျေးရွာနှင့် ကံပေါင်ကြီးရွာကြားက လမ်းဘေး မြောင်းထဲတွင် လာပစ်ထားသည်ကို ဇန်နဝါရီလ ၂ ရက်နေ့က တွေ့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ သေဆုံးသူနှင့်အတူ နှစ်သစ်ကူးနေ့က ဖမ်းဆီးခံရသူ နောက်အမျိုးသားတစ်ဦးမှာ အသက် ၅၀ ကျော်အရွယ် ဦးစိုးသိန်းဆိုသူဖြစ်ပြီး KNU တပ်မဟာ(၄)၊ KNLA တပ်ရင်း-၁၂ က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက […]

မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းကို ထောက်ပို့ ၁၂ ဖွဲ့က ဘဏ္ဍာငွေထောက်ပံ့မှုရပ်ဆိုင်း

Dawei Watch

January 10, 2024

ပုလော PDF တာဝန်ခံ ဒုတပ်ရင်းမှူးက လက်အောက်ငယ်သားနှစ်ဦးအပေါ် ကျူးလွန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းကို ဘဏ္ဍာငွေထောက်ပံ့မှု ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြည်ပရောက်ထောက်ပို့အဖွဲ့ ၁၂ ဖွဲ့က ဇန်နဝါရီ ၉ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်သည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၂၃ ရက်က မွမ်းမံသင်တန်း မတက်သည့် ရဲဘော်ရောင်နီကို ဒုတပ်ရင်းမှူး ကျော်ထင်အောင်က လုပ်ထုံးလုပ်နည်းနှင့်အညီ အပြစ်မပေးဘဲ သေနတ်ဒင်နှင့်ခေါင်းကိုရိုက်ခြင်း၊ သေနတ်ဖြင့်ချိန်ရွယ်ကာ ခြိမ်းခြောက်ခြင်း၊ အချုပ်ချထားခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ လက်အောက်ငယ်သားအပေါ် ယင်းသို့လုပ်ခွင့်ရှိသလားဟု မေးခွန်းထုတ်ခဲ့သည့် ဒုဘဏ္ဍာရေးမှူးလည်းဖြစ် ကျောင်းဆရာလည်းဖြစ်သူ ကိုစံမျိုးအောင်ကိုလည်း ဒုတပ်ရင်းမှူးက ပါးရိုက်ခဲ့သေးသည်။ လက်အောက်ငယ်သားနှစ်ဦးအပေါ် ယင်းသို့ပြုမူခဲ့သည့် ဒုတပ်ရင်းမှူးကို သက်ဆိုင်ရာ တာဝန်ရှိသူများက အပြစ်ပေးအရေးယူမှုမရှိသဖြင့် ထောက်ပို့ ၁၂ ဖွဲ့က ထောက်ပံ့မှု ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်လာခြင်းဖြစ်သည်။ ထုတ်ပြန်ချက်တွင် သက်ဆိုင်ရာ […]

ထားဝယ်တွင် ကွမ်းသီးဈေးအနည်းငယ်ပြန်တက်

Dawei Watch

January 10, 2024

ထားဝယ်တွင် ယခုအပတ်အတွင်း ကွမ်းသီးဈေး တစ်ပိဿာလျှင် ကျပ် နှစ်ထောင် အထက်သို့ ပြန်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် လေးလခန့်က ထားဝယ် ကွမ်းသီးရာသီအဖွင့်ဈေးမှာ တစ်ပိဿာ ကျပ် နှစ်ထောင်အောက်သာရှိသော်လည်း ယခု ဇန်နဝါရီ ပထမပတ်အတွင်း ကျပ် ၂၆၀၀အထိ ဈေးတက်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သုံးလေးရက်ခန့်ကစပြီး ကွမ်းသီးခြောက် တစ်ပိဿာ ၂၆၀၀ ဈေးဖြင့် ဝယ်နေကြောင်း ထားဝယ်မြို့မှ ကွမ်းသီးပွဲရုံ ပိုင်ရှင် အမျိုးသမီးတစ်ဦးကပြောသည်။ “ကျွန်မတို့က ပြည်တွင်း ညှပ်ပွဲရုံတွေကိုပဲ ပို့တယ် ဆိုတော့ ရန်ကုန်ဘက်က ဝယ်လိုအားပေါ်မူတည်ပြီးဈေး အပြောင်းအလဲရှိတယ်” ဟု သူမကပြောသည်။ မြန်မာနိုင်ငံ တစ်နှံတစ်လျားရှိ ဒေသထွက်ကွမ်းသီးများကို အိန္ဒိယနိုင်ငံဈေးကွက်သို့အများဆုံးတင်ပို့သည်။ ပြီးခဲ့သည့် နှစ်က မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဖြစ်သည့် စစ်ကိုင်းတိုင်း တမူးနယ်စပ်ဂိတ်မှ မြန်မာအလုပ်သမားများ တရားမဝင် […]

မှတ်တမ်းရုပ်ရှင် ဒါရိုက်တာရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်တစ်ကျွန်းချ

Dawei Watch

January 10, 2024

မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတစ်ဦးဖြစ်သည့် ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်တစ်ကျွန်း အမိန့်ချမှတ်လိုက်ကြောင်း မိသားစုဝင်ထံမှ သိရသည်။ ဒါရိုက်တာရှင်ဒေဝီကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည၊ ၅၄ (ဃ) တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ယနေ့ (ဇန်နဝါရီလ ၁၀ ရက်)တွင် အင်းစိန်ထောင်တွင်းတရားရုံးက ယင်းသို့အမိန့်ချခဲ့ကြောင်း မိသားစုဝင် ကိုမြင့်သူကပြောသည်။ အသက် ၅၀ နှစ်အရွယ် ဒါရိုက်တာရှင်ဒေဝီသည် မှတ်တမ်းရုပ်ရှင်ပေါင်းမြောက်များစွာ ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး ဇာတ်ကားအချို့ကို နိုင်ငံတကာ ရုပ်ရှင်ပွဲများတွင် ပြသခဲ့သည်။ ၎င်းရိုက်ကူးခဲ့သည့် မှတ်တမ်းရုပ်ရှင်အချို့မှာ နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု ကိုလည်း ရရှိထားသူဖြစ်သည်။ ၎င်းသည် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သည့်အတွက် ရိုက်ကူးရေးတွင် အသုံးပြုရန်အတွက် ရိုက်ကူးရေးသုံး ဒရုန်းတစ်စီးကို အွန်လိုင်းမှတစ်ဆင့် မှာယူပြီး သွားယူချိန် ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကိုမြင့်သူက […]

မင်းပြားမြို့တွင် စစ်ကောင်စီတပ်ရင်းများကို AA ဝင်တိုက်ပြီးနောက် တိုက်ပွဲပြင်းထန်

Dawei Watch

January 10, 2024

ရခိုင်ပြည်နယ် မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းများကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လေကြောင်းက ပြန်လည်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။ မင်းပြား ကျိန်းတောင်ရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ကောင်စီတပ်ရင်း ၃၇၉၊ ၃၈၀၊ ၅၄၁ တို့ကို AA က ယနေ့ ဇန်နဝါရီလ ၁၀ ရက် နံနက် အာရုဏ်တက်ချိန်တွင် တိုက်ခိုက်ကြောင်း ဖော်ပြသည်။ ယင်းမတိုင်ခင် ဇန်နဝါရီလ ၉ ရက်ညတွင် စစ်ကောင်စီတပ်ရင်းက လက်နက်များဖြင့် ပစ်ခတ်နေကြောင်းလည်း ဆိုသည်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များအပြင် လေကြောင်းဖြင့် မြို့ထဲသို့ ပစ်ခတ်နေသဖြင့် ပြည်တော်လှ၊ ဦးစိုးတင့်ရပ်ကွက်နှင့် ဖားပြိုကျေးရွာတို့တွင် ရဟန်းတစ်ပါးနှင့် အရပ်သား သုံးဦးထက်မနည်း ထိခိုက် ဒဏ်ရာရပြီး မင်းပြားမြို့စျေးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ […]

ဗဟိုကော်မတီဝင်‌တိုးချဲ့ဖွဲ့စည်းရန် မွန်ပြည်သစ်ပါတီညီလာခံ ဆုံးဖြတ်

Dawei Watch

January 10, 2024

မွန်ပြည်သစ်ပါတီ လုပ်ငန်စဉ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ဗဟိုကော်မတီဝင် တိုးချဲ့ဖွဲ့စည်းသွားရန် မွန်ပြည်သစ်ပါတီ ၁၁ ကြိမ်မြောက် ညီလာခံက ဆုံးဖြတ်လိုက်ကြောင်း ယင်းပါတီကထုတ်ပြန်သည်။ တိုးချဲ့ဗဟိုကော်မတီတွင် လူငယ်၊ အမျိုးသမီး၊ မျိုးချစ်ပုဂ္ဂိုလ်၊ ပညာရှင်တို့ပါဝင်ခွင့်ပြုထားပြီး အရေအတွက်အားဖြင့် ၇ ဦး ပါဝင်ခွင့် ပြုထားကြောင်း ပါတီညီလာခံ လမ်းညွန်ချက်တွင် ဖော်ပြထားသည်။ တိုးချဲ့ဗဟိုကော်မတီဝင် အချက်အလက်များနှင့် ပတ်သက်ပြီး လူငယ်ဖြစ်ပါက အသက် ၂၅ မှ ၃၅ ကြားဖြစ်ရမည်ဖြစ်ကြောင်း၊ ပါတီလမ်းစဉ်ကို လက်ခံသူ၊ ပါတီက ချမှတ်ထားသည့် စည်းမျဉ်းဥပဒေများ လိုက်နာပြီး၊ ပါတီက ချမှတ်ပေးသည့် လုပ်ငန်းတာဝန်များကိုကျေပွန်စွာ ထမ်းဆောင်သူဖြစ်ရမည်ဖြစ်ကြောင်း ပါတီလမ်းညွှန်ချက်တွင် ပါရှိသည်။ ယင်းအပြင် တိုးချဲ့ဗဟိုကော်မတီဝင်များသည် ဘွဲ့တံဆိပ်တစ်ခုခုရရှိထားရန်၊ လူမှုအဖွဲ့အစည်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးရမည်ဖြစ်ကြောင်း၊ အနည်းဆုံး ပါတီညီလာခံတစ်ကြိမ်တွင်အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ၁၁ […]

ဒေါ်လာငါးသိန်းဖြင့် စင်ကာပူလေဆိပ်မှထွက်ခွာရန်ကြိုးပမ်းသည့် လက်နက်ပွဲစားအပါအဝင် မြန်မာသုံးဦးအရေးယူခံရ 

Dawei Watch

January 10, 2024

စင်ကာပူဒေါ်လာ ငါးသိန်းကျော်ကို သတင်းမပို့ဘဲ ယူဆောင်လာပြီး စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ ထွက်ခွာရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသားသုံးဦး အရေးယူခံရကြောင်း စင်ကာပူရဲတပ်ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ဦးကျော်မင်းဦးဆိုသူသည် စင်ကာပူဒေါ်လာ ၅၀၈,၉၂၅ ကို ငွေသားအဖြစ် မကြေညာခဲ့ဘဲ ချန်ဂီလေဆိပ်မှ ထွက်ခွာရန် ပြီးခဲ့သည့် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။  ၎င်းသည် နောက်ထပ်မြန်မာနှစ်ဦးဖြစ်သည့် ဦးဝေဆာထွန်းနှင့် ဦးဝင်းမြင့်ဆိုသူတို့ကို ဒေါ်လာခွဲယူ သယ်ဆောင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။  ဦးဝေဆာထွန်းက ဒေါ်လာနှစ်သိန်းခွဲ၊ ဦးဝင်းမြင့်က ဒေါ်လာ ၂၄၉၀၀၀၊ ဦးကျော်မင်းဦးက ၉၉၂၅ ဒေါ်လာ သယ်ဆောင် လာခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။  ငွေသားမှောင်ခိုသယ်ဆောင်မှုဖြင့် အရေးယူခံရသည့် ဦးကျော်မင်းဦးဆိုသူသည် စစ်ကောင်စီအတွက် စစ်လက်နက် ဝယ်ပေးသည့် ပွဲစားဖြစ်သဖြင့် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည့် Sky Aviator ကုမ္ပဏီ တည်ထောင်သူ ဖြစ်ကြောင်း ဧရာဝတီသတင်းတစ်ရပ်တွင် ဖော်ပြသည်။  စင်ကာပူလေဆိပ်မှ ထွက်ခွာလျှင် ဒေါ်လာ နှစ်သောင်းသာ သယ်ဆောင်ခွင့်ရှိပြီး အထက်ပါ မြန်မာသုံးဦးမှာ […]