BREAKING
November 12, 2025

သတင်း

ကော့သောင်းမှတစ်ဆင့် ပြည်ပပို့မည့် အိုက်စ်မူးယစ်ဆေး တစ်တန်ကျော်ဖမ်းမိ

Dawei Watch

January 12, 2024

တနင်္သာရီတိုင်း ကော့သောင်းမြို့သို့ ပို့ဆောင်မည့် အိုက်စ်မူးယစ်ဆေး တစ်တန်ကျော်ကို စစ်ကောင်စီရေတပ်က ဖမ်းဆီး ခဲ့ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲအသုံးချမှုထိန်းချုပ်ရေး ဗဟိုကော်မတီက ဇန်နဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်သည်။ အဆိုပါမူးယစ်ဆေးဝါးများကို ဇန်နဝါရီလ ၄ ရက်နေ့ ညနေပိုင်းက ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅မိုင်ခန့်အကွာ ပင်လယ်ပြင်‌တွင် ရန်လင်းကျော် အမည်ရှိစက်လှေငယ် တစ်စီးပေါ်မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ လှေပေါ်တွင် ကိုအောင်သိန်း (ခေါ်) ကိုဝတုတ်၊ ကိုထူးနိုင်၊ ကိုမောင်ဇော်၊ ကိုဖိုးလပြည့်တို့ လေးဦးတို့နှင့်အတူ ‌ကာလ တန်ဖိုးကျပ် သိန်းပေါင်း သုံးသိန်းခြောက်သောင်းကျော် (၃၆ဒသမ၂၅ ဘီလီယံ) တန်ဖိုးရှိ အိုက်စ်အမျိုးအစား မူးယစ်ဆေး တစ်တန်ကျော် (၁ဒသမ၄၅ တန်) ဖမ်းမိကြောင်း ဆိုသည်။ ထို့အပြင် ဇန်နဝါရီလ ၇ […]

ကျေးရွာများအတွင်း စစ်ကောင်စီတပ် တပ်စွဲထားသဖြင့် ကျိုက်မရောဒေသခံများ နေရပ်မပြန်ရဲသေး

Dawei Watch

January 11, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ၊ တောင်ကလေးနှင့် အနီးနားတဝိုက်ရှိ ကျေးရွာတို့တွင် စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေသည့်ဒေသခံများ နေရပ်မပြန်ရဲသေးဘဲ ဖြစ်နေကြောင်း ဒေသခံတို့က ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ချောင်းနှစ်ခွကျေးရွာရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ချောင်းနှစ်ခွဒေသကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထိန်းချုပ်ထားနိုင်ခဲ့သည့်အခြေအနေရှိခဲ့သည်။ ဒီဇင်ဘာလနောက်ဆုံးအပတ်ခန့်တွင် ချောင်းနှစ်ခွဘက်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက် လာခဲ့ပြီး KNLA ပူးပေါင်း တပ်ဖွဲ့တို့နှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးနောက် ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ယင်းနောက် စစ်ကောင်စီတပ်တို့က ချောင်းနှစ်ခွ၊ တောင်ကလေးအပါအဝင် အနီးနားတဝိုက်ရှိ ကျေးရွာတို့တွင် ဝင်ရောက် တပ်စွဲခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ လက်ရှိတွင် ဒေသတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ကျေးရွာအတွင်း စစ်ကောင်စီတပ်များ တပ်စွဲထားသည့်အတွက် ဒေသခံများ […]

မြောက်ပိုင်းမဟာမိတ်သိမ်းထားသည့် ဟိုပန်နှင့် ပန်လုံကို ‘ဝ’ အဖွဲ့ ထိန်းချုပ်မှုအောက်ထည့်သွင်း

Dawei Watch

January 11, 2024

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ က စစ်ကောင်စီတပ်ထံမှ သိမ်းယူထားသည့် ဟိုပန်နှင့် ပန်လုံဒေသနှစ်ခုကို ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က လွှဲပြောင်းရယူလိုက်ကြောင်း UWSA က သတင်းထုတ်ပြန်ထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မြို့တော်ဖြစ်သည့် ဟိုပန်နှင့် ပန်လုံဒေသနှစ်ခုအား ညီနောင်မဟာမိတ်တို့က UWSA ထံ လွှဲပြောင်းသည့်အခမ်းအနားကို ဟိုပန်မြို့တော်ခန်းမတွင် ဇန်နဝါရီလ ၁၀ ရက်နေ့က ကျင်းပခဲ့ကြောင်း ဖော်ပြသည်။ ဟိုပန်နဲ့ ပန်လုံမြို့များကို ညီနောင်မဟာမိတ်တပ်များဖြစ်သည့် ကိုးကန့်တပ် (MNDAA) ၊ တအာင်းတပ် (TNLA) ၊ ရခိုင်တပ် (AA) တို့က ဇန်နဝါရီလ ၅ရက်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား ၇၀၀ ခန့် လက်နက်ချခဲ့ပြီး ၎င်းတို့ကို လားရှိုးမြို့သို့ […]

ရွာထက်ဝက်ခန့် မီးရှို့ခံရသည့် ညောပြင်ရွာ အကူအညီလိုအပ်

Dawei Watch

January 11, 2024

စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ရွာထက်ဝက်နီးပါး မီးလောင်ပျက်စီးသွားသည့် ညောပြင်ရွာရှိ လူဦးရေတစ်ထောင်ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်း ကူညီပေးနေသူတို့က ပြောသည်။ ညောပြင်ကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၈ ရက်က မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၀၀ ခန့်ပျက်စီးကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသူတို့က ဆိုသည်။ လွန်ခဲ့သည့် ဆယ်လခန့် ၂၀၂၃ ခုနှစ် မတ်လကလည်း အိမ်ခြေ ၅၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။ ညောပြင်ကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီးလက်ရှိတွင် ရွာထက်ဝက်နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ ညောပြင်ကျေးရွာအနီးရှိ အောက်ကျောက်ဝပ်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်က နေအိမ် ၄ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံတို့ကဆိုသည်။ မတ်လ ကလည်း အောက်ကျောက်ဝပ်ရွာတွင် နေအိမ် ၇၀ ကျော်မီးရှို့ခံရဖူးသည်။ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က ညောပြင်၊ အောက်ကျောက်ဝပ်ရွာအောက်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလျက်ရှိကြောင်း […]

ကရင်ပြည်နယ် တောင်ကလေး နှစ်သစ်ကူးအထိမ်းအမှတ် “ဖားစည်ကျွဲချို “ သင်္ကေတရုပ်လုပ်

Dawei Watch

January 11, 2024

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေးတွင် ကျင်းပပြုလုပ်နေသည့် ၃၂ ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်တွင် ယခုနှစ် ရိုးရာဝါးလက်မှုသင်္ကေတရုပ်အဖြစ် “ဖားစည်နှင့်ကျွဲချို” ရုပ်ကြီးပြုလုပ်ထားကြောင်း ဖန်တီးပြုလုပ်ထားသူများထံက သိရသည်။ ဖားစည်နှင့် ကျွဲချိုရုပ်ကြီးကို ကရင်လူငယ်ပန်းချီဆရာ စောထွန်းလင်းက ဒီဇိုင်းနှင့်အချိုးအစား ရေးဆွဲ၍ ဝါးလက်မှုပညာရှင်ဦးစောထွန်းခလုံနှင့် တောင်ကလေးဒေသခံများ စုပေါင်းကာ ၆ ရက်အတွင်းပြုလုပ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဇန်နဝါရီလ ၉ ရက်နေ့က တောင်ကလေး နှစ်သစ်ကူးကွင်းတွင် ဖားစည်နှင့်ကျွဲချို ရုပ်ကြီးကို နှစ်သစ်ကူးပွဲတော်အကြိုအဖြစ် ဖွင့်ပွဲပြုလုပ်ခဲ့သည်။ ဖားစည် ၏ အမြင့်သည် ၁၅ ပေ ရှိပြီး ကျွဲချို ၏ အမြင့် သည် ၁၉ ပေရှိကာ ဝါးနှင့် ဗီနိုင်းပိတ်စများဖြင့် ပေါင်းစပ်ပြုလုပ်ထားခြင်းဖြစ်ကြောင်း ဖန်တီးပြုလုပ်သူတို့ထံမှ သိရသည်။ “လက်မှုအရုပ်ရှိတော့ နှစ်သစ်ကူးပွဲပိုစည်တယ်။ အရုပ်မရှိရင် […]

ပြင်းဖြူသားရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

January 11, 2024

သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသားရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ဇန်နဝါရီ ၉ ရက် ည ၁၀ နာရီခွဲခန့်တွင် လက်နက်ကိုင်လူတစ်စုက ဆိုင်ကယ်လေးစီးဖြင့် ၎င်း၏ နေအိမ်သို့ လာရောက်ပြီး ပစ်ခတ်ခဲ့သဖြင့် နေအိမ်တွင်သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “ကြားရတာတော့ ဆိုင်ကယ်နဲ့ လူတွေရောက်လာပြီး လာခေါ်တော့ သူ့မယားကိုယ်တိုင်ပဲ အိမ်တံခါး ဖွင့်ပေးခဲ့တယ်လို့ ပြောတယ်။ နင့်ကိုဘာမှမလုပ်ဘူး။ နင့်ယောကျ်ားကိုပဲ လုပ်မှာဆိုပြောပြီး သေနတ်နဲ့ ပစ်ချသွားတာလို့ပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ၎င်းတို့ရွာတွင် နတ်ပွဲ၊ လောင်းကစားပွဲများဖြင့် လုပ်လေ့ရှိသဖြင့် အိမ်ကို ဆိုင်ကယ်ဖြင့် ရောက်လာသူများကို ရွာခံဟု ထင်မှတ်ပြီး တံခါးထဖွင့်ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ ဦးဇော်ဝမ်း၏ […]

ကော့သောင်းသို့ သယ်ဆောင်သည့် မူယစ်ဆေးပြား ရှစ်သိန်းကျော်ဖမ်းမိ

Dawei Watch

January 11, 2024

ကော့သောင်းမြို့သို့ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ရှစ်သိန်းကျော် ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်သည်။ အဆိုပါမူးယစ်ဆေးများကို ထားဝယ်မြို့တွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးနှင့် နောက်ထပ် အမျိုးသမီးတစ်ဦးတို့က သယ်ဆောင်လာခြင်းဖြစ်သည်ဟုဆိုသည်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာအနီး ပဲခူးဖက်မှလာသည့် အိမ်စီးကားကို ရပ်တန့်စစ်ဆေးစဉ် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကားပေါ်တွင် ဦးသူရဝင်းနှင့် ဇနီးဒေါ်အေးသန္တာအောင် အပြင် နောက်ထပ်အမျိုးသမီးတစ်ဦး ဖြစ်သည့် ဒေါ်ဖူးဖူးဝေတို့ လိုက်ပါလာကြောင်း ဆိုသည်။ ကားကို စစ်ဆေးရာ စိတ်ကြွမူးယစ်ဆေးပြား ရှစ်သိန်းကျော် ကာလတန်ဖိုး ကျပ်သိန်း တစ် ၁ဒသမ ၇ ဘီလီယံကျော် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဦးသူရဝင်းတို့ ဇနီးမောင်နှံ နေထိုင်သည့် ထားဝယ်မြို့ […]

သရက်ချောင်း၊ ရငဲရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အိမ်တစ်လုံးမီးလောင်ပျက်စီး

Dawei Watch

January 11, 2024

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာတွင် နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ်မီးလောင် ပျက်စီးသွားကြောင်း‌ ယင်းကျေးရွာက စစ်ဘေးရှောင်နေသည့် ဒေသခံအချို့က ပြောသည်။ ရငဲရွာ အနီးဝန်းကျင်ရှိ ကမြိုင်ရွာ အရိုးအိုးတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၀ ရက် နံနက် ၉ နာရီခန့်တွင် လက်နက်ကြီးဖြင့် ခြောက်လုံးခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ ယင်းအနက် လက်နက်ကြီးကျည် တစ်လုံးမှာ ရငဲရွာအစွန်ဘက်ပိုင်းရှိ နေအိမ်တစ်လုံးပေါ်ကို ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “အိမ်မှာတော့ လူမနေတာကြာပြီ။ ဥယျာဉ်ခြံထဲကိုလည်း နှစ်လုံးကျတယ်လို့ပြောတယ်။ (စစ်ကောင်စီတပ်က) သူတို့ကတော့ လျှေက်ပစ်နေတာဆိုတော့ ရွာထဲပြန်ဝင်နေတဲ့လူတွေလည်း ကြောက်နေကြတာပေါ့” ဟု ရငဲရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ ရငဲရွာမြွေတောင်တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်မစွဲတော့သည်မှာ […]