ရှမ်းမြောက်တွင် အပစ်ရပ်ရန် နှစ်ဖက်သဘောတူကြောင်း မြောက်ပိုင်းမဟာမိတ်ထုတ်ပြန်
Dawei Watch
January 12, 2024နှစ်လကျော်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရန် နှစ်ဖက် သဘောတူညီကြကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ယနေ့ ဇန်နဝါရီလ ၁၂ ရက် ညပိုင်းတွင် ပူးတွဲထုတ်ပြန်သည်။ တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLAနှင့် ရခိုင်တပ် AA တို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ဇန်နဝါရီလ ၁၀ရက်နှင့် ၁၁ ရက်နေ့တို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တတိယအကြိမ်ဆွေးနွေးသည့် အဆိုပါဆွေးနွေးပွဲတွင် အချက်သုံးချက်ကို သဘောတူညီခဲ့ကြကြောင်း ဖော်ပြသည်။ ဇန်နဝါရီလ ၁၁ ရက် ညနေ ၉ နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရန်၊ နှစ်ဖက်တပ်ဖွဲ့ဝင် အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရန်၊ အငြင်းပွားဖွယ်ရာများနှင့် […]


