BREAKING
November 12, 2025

သတင်း

ရေဖြူ ဇာဒီရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး အလှူပွဲတွင်ပစ်ခတ်ခံရ

Dawei Watch

January 16, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာ၌ ယနေ့ ကျင်းပနေသည့် အလှူပွဲတစ်ခုတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလားလားဆိုသူ ပစ်ခတ်ခံရကြောင်း ရွာသားများကပြောသည်။ အာဏာသိမ်းပြီးနောက် ဇာဒီကျေးရွာ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်လာသူ ဦးလားလား ယနေ့ ဇန်နဝါရီလ ၁၆ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ရွာသားတို့က ဆိုသည်။ “အလှူပွဲက အုပ်ချုပ်ရေးရုံးအရှေ့မှာပဲ။ အလှူပွဲက ထမင်းစားပြီးလို့ သိမ်းနေကြပြီ။ ထမင်းစားပြီး ပြန်အထွက်မှာ ပစ်ခံရတာ။ အုပ်ချုပ်ရေးမှူးက သူပစ်ခံရတဲ့အချိန် နာရေးအိမ်တစ်ခုရောက်နေတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ သေနတ်သမားများက ကားတစ်စီး၊ ဆိုင်ကယ် နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုအပြီး ပြန်ထွက်ခွာရာ လမ်းတစ်လျှောက်တွင်လည်းသေနတ်များ ပစ်ဖောက်သွားကြောင်း ၎င်းက ပြောဆိုသည်။ ပစ်ခတ်ခံရမှုကြောင့် ဦးလားလား သေဆုံးသွားပြီဟု သတင်းထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေး […]

သရက်ချောင်း မင်းဒပ်ရွာက နေအိမ်လေးလုံး လက်နက်ကြီးကျည်ထိမှန်

Dawei Watch

January 16, 2024

သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် နေအိမ်လေလုံးတွင် ကျည်စထိမှန် ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၅ နာရီခွဲ ၆ နာရီခန့်တွင် ဝင်းဝနယ်မြေရဲစခန်းဘက်က ထွက်လာသည့် အင်အား ၃၀ ကျော် ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် မင်းဒပ်၊ သိမ်ကုန်းကျေးရွာဘက်ကို လှည့်လည်စစ်ကြောင်းထိုးနေကြောင်း ဒေသခံ အချို့က ဆိုသည်။ အဆိုပါစစ်ကြောင်းသည် အော်ဟစ်ဆဲဆိုကာ မင်းဒပ်ရွာဘက်ကို ဝင်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “သူတို့ဘာသာ အော်ဟစ်ဆဲဆိုနေတာတော့ကြားတယ်။ လက်နက်ကြီးက ဘယ်နှစ်လုံးမှန်းတော့ ကျွန်မလည်းမသိဘူး။ ပစ်တာတော့ အများကြီးပဲ။ လူထိခိုက်မှုတော့ မရှိဘူး” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ လက်နက်ကြီးကျည်စ […]

တနင်္သာရီမြို့နယ် ရေဖြူနှင့် ညောင်ပင်ကွင်းတွင် တိုက်ပွဲဖြစ်

Dawei Watch

January 16, 2024

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာနှင့် ရေဖြူကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နှစ်ရက်ဆက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့နှင့် တပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဇန်နဝါရီလ ၁၅ ရက် မနက် ၆ နာရီခွဲတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်သဖြင့် ညောင်ပင်ကွင်းရွာတွင် မိနစ် ၃၀ ခန့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ပစ်ခတ်မှုဖြစ်ပြီးမကြာခင်မှာပင် စစ်ကောင်စီဘက်က ကင်းထောက်လေယာဉ်တစ်စီးမှာ တိုက်ပွဲဖြစ်ပွားသည့် နယ်မြေအတွင်းပျံသန်းခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ “တိုက်ပွဲပြီးသွားပေမယ့် မနက် ၉ နာရီလောက်အထိ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်။ အိမ်ထဲမှာရှိနေတဲ့ အရပ်သားတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်” တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ တပ်ဖွဲ့ဝင်နှစ်ဦးလည်း လက်နက်ကြီးစထိမှန်သဖြင့် မစိုးရိမ်ရ ဒဏ်ရာရထားသည်ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ ဇန်နဝါရီ […]

ကလိန်အောင်တွင် ရွှေလုပ်သားသုံးဦးအသတ်ခံရမှုကို ဖြေရှင်းချက်ပေးရန် မိသားစုဝင်များတောင်းဆို

Dawei Watch

January 16, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ၊ နတ်အိမ်တောင်ဒေသ ၊ ကျောက်လုံးကြီးရွာတွင် လက်လုပ်လက်စား ရွှေလုပ်သား အမျိုးသားသုံးဦး သတ်ဖြတ်ခံရမှုအတွက် သက်ဆိုင်သည့်အဖွဲ့က ဖြေရှင်းချက်ပေးရန် ကျန်ရစ်သည့်မိသားစုဝင်များက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့က ပန်းမချောင်း (ပင်းမချောင်း) ဘက်သို့ ရွှေကျင်ရန်သွားရောက်ပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်သွားကြောင်း ကျန်ရစ်သူမိသားစုများဝင်များက ပြောသည်။ ပျောက်ဆုံးသွားသူ သုံးဦးသည် ပဲခူးတိုင်း၊ ဝေါမြို့နယ် ဇာတိဖြစ်ကြပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ကျောက်လုံးကြီးရွာတွင် လွန်ခဲ့သည့် ၃ နှစ်ကတည်းက ပြောင်းရွှေ့လာကာ ရွှေကျင်သည့် လုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။ ၎င်းတို့မှာ အသက် ၃၈နှစ်အရွယ် ကိုလှမြင့်၊ အသက် ၅၂နှစ်အရွယ် ဦးကျော်အေး (ခေါ်) ဦးသိကြားမင်းနှင့် ၎င်း၏ […]

ထိုင်းတွင် ကားတိုက်မှုကြောင့် မြန်မာလုပ်သား ရှစ်ဦးဒဏ်ရာရ

Dawei Watch

January 16, 2024

ထိုင်းနိုင်ငံ ဖတ်ထလူခရိုင်တွင် ကားနှစ်စီး တိုက်သောကြောင့် ကားပေါ်ပါ မြန်မာအလုပ်သမား ရှစ်ဦး ဒဏ်ရာရပြီး တစ်ဖက် အိမ်စီးကားမောင်းသူ ထိုင်းနိုင်ငံသားတစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ခွန်ခနူဒေသရှိ တောင်ပိုင်းအာရှလမ်းမကြီးပေါ်တွင် ဇန်နဝါရီလ ၁၄ ရက်နေ့က ပစ်ကပ်ကားနှင့် အိမ်စီးကားတို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး ကားနှစ်စီးစလုံး လမ်းဘေးမြောင်းထဲ ကျသွားခဲ့ကြောင်း ဖော်ပြသည်။ ပစ်ကပ်ကားပေါ်တွင် မြန်မာအလုပ်သမား ရှစ်ဦး လိုက်ပါလာခဲ့ပြီး ကားကို အသက် ၆၀ အရွယ် ထိုင်းကားသမားတစ်ဦးက မောင်းနှင်လာခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။ ဒဏ်ရာရရှိသူအားလုံးကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးပြုစုကုသပေးခဲ့ပြီးနောက် ခွန်ခနူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။ အိမ်စီးကားလည်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး ကားမောင်းသူ အသက် ၅၃ နှစ်အရွယ် ထိုင်းနိုင်ငံသားလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ရာ ဆေးရုံသို့ […]

ကော့သောင်း၊ ကံမော်ကြီးရွာတွင် ဆိုလာစနစ်တပ်ပေးမည်ဟုဆိုကာ စစ်ကောင်စီတပ်စည်းရုံး

Dawei Watch

January 15, 2024

ကော့သောင်းခရိုင် ကရသူရိမြို့ မသေကျေးရွာအုပ်စုရှိ ကံမော်ကြီးရွာတွင် ကျေးရွာလျှပ်စစ်မီးရရှိရေးအတွက် ဆိုလာပြားများ ပေးအပ်မည်ဟု စစ်ကောင်စီတပ်က စည်းရုံး ပြောဆိုခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်က မသေကျေးရွာအုပ်စုရှိ ကံမော်ကြီးရွာသို့ စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၂၀ ဦးခန့်ပါသည့် စစ်ကြောင်းက ကားများဖြင့်ရောက်လာကြောင်း အသက် ၃၈ နှစ် အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ထိုနောက် ရွာသားများကို ခေါ်ယူကာ ကျေးရွာအတွင်းလျှပ်စစ်မီးရရှိရေးအတွက် ဆိုလာပြားများကို ယခုနှစ် စက်တင်ဘာလအတွင်း တပ်ဆင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။ သို့သော် ယခုစည်းရုံးရေးလာသော ယင်းကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းထိုးစဉ်က ဒေသခံများကို ရိုက်နှက်ခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က အင်အား […]

နေအိမ်တစ်ရာကျော် မီးရှို့ခံထားရတဲ့ လောင်းလုံးမှာ “ငါတို့ရဲ့ ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ” ခေါင်းစဥ်နဲ့ဆန္ဒပြ

Dawei Watch

January 14, 2024

ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး ‘ငါတို့ရဲ့ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ’ ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်မှာ ပြုလုပ်ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ ဒေသခံအမျိုးသမီး လူငယ်တွေအပါအဝင် ပြည်သူလူထု ပူးပေါင်းပါဝင်ခဲ့​ကြပါတယ်။ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၇ ရက်နေ့ကနေ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ၁၈ ရက်ကြာ လောင်းလုံးမြို့နယ်ကို စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး ကျေးရွာတချို့ နေအိမ် ၁၄၀ ခန့် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပလက်ဝကို AA သိမ်းယူ

Dawei Watch

January 14, 2024

ချင်းပြည်နယ် ပလက်ဝမြို့နယ်တစ်ခုလုံးကို ယနေ့ ဇန်နဝါရီလ ၁၄ ရက်တွင် သိမ်းယူထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ပလက်ဝဒေသတွင် တစ်ခုတည်းကျန်ရှိသည့် နှမဒါဗျူဟာစခန်းကိုလည်း ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသတစ်ခုလုံးတွင် စစ်ကောင်စီတပ် မရှိတော့ကြောင်း ဖော်ပြသည်။ ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်ခဲ့ပြီး တရွန်အိုင်နှင့် နှုံးဘူး ဗျူဟာနှစ်ခုစလုံးကို ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူခဲ့သည်။ ယင်းသို့ ထိုးစစ်မစမီကတည်းက ရခိုင်နှင့် ပလက်ဝ ဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း၊ အထိုင်စခန်းကုန်းအများအပြားကို နှစ်ရှည်လများ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားခဲ့ပြီး အဆိုပါစခန်းများအား ယခုအချိန်မှသာ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း AA ကဆိုသည်။ […]