စမွတ်စခွန်တွင် တရားဝင်လာသည့် မြန်မာလုပ်သား ၁၈ဦး နှစ်လနီးပါးအထိ အလုပ်မရသေး
Dawei Watch
January 17, 2024ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် ကထူးဘင်ဒေသတွင် MoU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၁၈ဦးသည် ရောက်ရှိပြီး နှစ်လနီးပါးကြာသည်အထိ အလုပ်မရသေးကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေး နေသော WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၁၈ ဦးကို မြန်မာအေဂျင်စီ ROYEL GOLDEN GATE INT’L SERVICES က ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် လုပ်ကိုင်ရန် ၂နှစ်စာချုပ်ချုပ်၍ ပြီးခဲ့သောနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က စေလွှတ်ခဲ့ကြောင်း အလုပ်သမားများက ပြောသည်။ ၎င်းတို့သည် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဘန်ကောက်မြို့ ဘန်ကပီဒေသို့ ထပ်မံပို့ဆောင်ခံရကြောင်း အလုပ်သမားများထံမှ သိရသည်။ ယင်းနောက် မဟာချိုင် ကထူးဘင်ဒေသသို့ ထပ်မံပို့ဆောင်ခြင်းခံရပြီး ထိုင်းရောက်ပြီး နှစ်လနီးပါးကြာသည်အထိ […]


