BREAKING
November 12, 2025

သတင်း

သထုံမြို့နယ် သိမ်ဆိပ်တွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

Dawei Watch

January 19, 2024

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ် မိုးကောင်းကျေးရွာအုပ်စု၊ ပုတိန်းရိုးကျေးရွာတွင် နေထိုင်သူ အမျိုးသား တစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။ ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေး ပုတိန်းရိုးကျေးရွာတွင် ကားလက်မှတ်ရောင်းသူ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ ကားလက်မှတ်ရောင်းသည့် ကိုမျိုးမင်းသည် နေအိမ်တွင် ဇနီးနှင့် အတူရှိနေစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်။ လက်မှတ်ဝယ်ယူမည်ဟုဆိုကာ ဆိုင်ကယ်ဖြင့် အမျိုးသား ၂ ဦးရောက်လာ၍ ကိုမျိုးမင်းအိမ်အောက်သို့ ဆင်းလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “သေနတ်သံကြားလို့ သူ့မိန်းမဆင်းကြည့်တော့ သေနေတာတွေ့ရတယ်” ဟု မိုးကောင်းကျေးရွာ ဒေသခံတစ်ဦးကပြောသည်။ မည်သူတို့က မည်သည့်အတွက်ကြောင့် လာရောက်ပစ်ခတ်သည်ကိုမူ မသိရှိရသေးပေ။ သေဆုံးသူ ကိုမျိုးမင်း၏ ရုပ်အလောင်းကို မိုးကောင်း လူမူကူညီရေးအသင်း အကူအညီဖြင့် သိမ်ဆိပ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကလိန်အောင်တွင် ယာယီသွားလာခွင့် ပိတ်ထားသည့် ဥယျာဥ်ခြံများ ပြန်လည်လုပ်ကိုင်

Dawei Watch

January 19, 2024

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ ၊ ဇင်းဘာရွာ ပတ်ဝန်းကျင်တွင် စစ်ကောင်စီက ယာယီ သွားလာလုပ်ကိုင်ခွင့် ကန့်သတ်ထားသည့် ဥယျာဥ်ခြံများ ပြန်လည်လုပ်ကိုင်နေပြီဖြစ်ကြောင်း ဥယျာဥ်ခြံရှင်များထံမှသိရသည်။ ကလိန်အောင်အခြေစိုက် ခမရ ၄၀၉ စစ်ကောင်စီတပ်ရင်း ဇန်နဝါရီလ ၂ ရက်နေ့က ဒရုန်းဖြင့် ဗုံးချခံရပြီးနောက် နယ်မြေရှင်းလင်းရေး ပြုလုပ်ရန်နှင့် လက်နက်ကြီးစမ်းသပ်ပစ်ခတ်ရန် အကြောင်းပြချက်ဖြင့် ဇန်နဝါရီလ ၁၄ ရက်အထိ ဥယျာဥ်ခြံများသွားလာခွင့် ကို စစ်ကောင်စီက နှုတ်မိန့်ဖြင့်ကန့်သတ်ထားခဲ့ခြင်းဖြစ်သည်။ “ မသွားနဲ့ပြောတုန်းကလည်း စာထုတ်ပြီးတားတာတော့မဟုတ်ဘူး။ အခုလ ၁၅ ရက်နောက်ပိုင်းကတော့ ပစ်သံခတ်သံတွေလည်းမကြားရတော့ဘူး ။ ပြီးတော့သူတို့(စစ်တပ်) ကန့်သတ်ထားတာက ၁၄ ရက်နေ့အထိပဲ ဆိုတော့ ခြံသမားတွေအလုပ်ပြန်လုပ်နေကြပြီ” ဟု ဥယျာဥ်ခြံရှင်တစ်ဦးကပြောသည်။ ဇန်နဝါရီလဆန်းမှစ၍ ၁၅ ရက်နေ့ညအထိ ကလိန်အောင်မြို့ပတ်ဝန်းကျင်တွင် လက်နက်ကြီးပစ်ခတ်သံများ ညစဥ်ကြားရကြောင်းမြို့ခံများက […]

PRDF တပ်ဖွဲ့ဝင်ဟောင်းကို မိကျောင်းစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ဟုဆို

Dawei Watch

January 18, 2024

ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့-PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူကို မိကျောင်းစစ်ကြောင်းက ဇန်နဝါရီလ ၈ ရက်က ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်အချို့နှင့် ဆွေမျိုးနီးစပ်သူများက ပြောသည်။ အသက် ၄၀ ကျော်အရွယ် ကိုပင်လယ်လူမှာ PRDF တပ်ဖွဲ့မှ နုတ်ထွက်ခဲ့သည်မှာ ၉ လ ကျော်ရှိပြီး မိကျောင်းစစ်ကြောင်း တွင် ပြောင်းလဲတာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ၎င်း၏ အမျိုးသမီး ကလေးမီးဖွားမည့်ကိစ္စဖြင့် မိကျောင်းစစ်ကြောင်းထံ ခွင့်တစ်လယူပြီး ရွာတွင် ပြန်လာနေထိုင်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ အမျိုးသမီးဖြစ်သူမှာ ဗိုက်ခွဲကလေးမွေးထားရသဖြင့် ခွင့်နှစ်လကျော်ကြာသွားခဲ့ပြီးနောက် ဇန်နဝါရီလ ၈ ရက်ညပိုင်းတွင် မိကျောင်းစစ်ကြောင်းက ဝိုင်လူး ဆိုသူအပါအဝင် လက်နက်ကိုင်လူ ရှစ်ဦးခန့်နှင့် ရွာခံသုံးဦးတို့က ကိုပင်လယ်လူကို လာရောက် ဖမ်းဆီးသွားကြောင်း ၎င်းက ဆိုသည်။ “သူအရင်နေခဲ့တဲ့ […]

မွန်တောင်ပိုင်းဒေသတွင် စစ်ရေးအရှိန်မြှင့်မည်ဟု တော်လှန်ရေးအဖွဲ့များဆို

Dawei Watch

January 18, 2024

မွန်ပြည်နယ်တောင်ပိုင်းဒေသတွင် စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် သတိထားသွားလာကြရန် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက ပြောဆိုသည်။ ၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်နယ်တောင်ပိုင်းတွင် စစ်ဆင်ရေး အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများကဆိုသည်။ မကြာမီကာလအတွင်း မွန်ပြည်နယ် ရေးနှင့် သံဖြူဇရပ်မြို့နယ်များတွင် စစ်ရေးအရှိန်မြှင့် တိုက်ခိုက်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ပြောဆိုသည်။ စစ်ရေးအရှိန်မြင့်လာမည် ဖြစ်သည့်အတွက် ပြည်သူများအနေနှင့် စစ်ကောင်စီတပ်စခန်းများ အနီးသွားလာနေထိုင်ခြင်းများ မလုပ်ရန်၊ မလိုအပ်ဘဲ ခရီးသွားလာမှုများ မလုပ်ရန်၊ မဖြစ်မနေ သွား လာနေထိုင်ရပါကလည်း စစ်ရေးသတင်းနားထောင်ရန်နှင့် ဗုံးခိုးကျင်းများ တူးဖော်ထားကြရန် တိုက် တွန်းထားသည်။ ရေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့ကလည်း ယခုရက်ပိုင်းအတွင်း ဒေသခံပြည်သူများ အသွားအလာသတိပြုကြရန် ဇန်နဝါရီလ ၁၅ ရက်နေ့က သတိပေးကြေညာချက် ထုတ်ပြန်ထားသည်။ […]

သိမ်ဇရပ်တွင် လက်နက်ကြီးကျ၍ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

Dawei Watch

January 18, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ သုံးခွကျေးရွာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၁၀ အမြောက်တပ်မှ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ကျောက်ပုံကြီးကွင်းနှင့် သုံးခွကျေးရွာများသို့ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သုံးခွကျေးရွာနေ အသက် ၁၇ နှစ်အရွယ် မောင်ဇော်ဇော်အောင်နှင့် အသက် ၁၉ နှစ်အရွယ် မောင်လှမျိုးထွေးတို့ ပေါင်နှင့် ကျောတို့တွင်ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။ “ဘာတိုက်ပွဲမှ မရှိဘဲ ကျေးရွာထဲ လက်နက်ကြီးပစ်တာ၊ ရွာအရှေ့ဘက်ခြမ်းက ဦးလေးတို့ နေအိမ်အနီး လက်နက်ကြီးကျသွားတာ၊ ကောင်လေးနှစ်ယောက်ထိသွားတယ်။ […]

ကော့သောင်း ခက်ရင်းခွကျွန်းတွင် ပုလဲမွေးမြူရေးဧရိယာတိုးချဲ့ရန် စစ်ကောင်စီ စီစဉ်

Dawei Watch

January 18, 2024

စစ်ကောင်စီသည် ကော့သောင်းမြို့နယ် ခက်ရင်းခွကျွန်းအနီး ရေပြင်တွင် ပုလဲမွေးမြူရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင်ရန်အတွက် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။ ခက်ရင်းခွကျွန်း၏ အရှေ့မြောက်ဘက်ရှိ ရေပြင်ဧရိယာ ၂၅၅ ဧကပေါ်တွင် မုတ်ကောင် မွေးမြူရေးစီမံကိန်း ကို အကောင်အထည်ဖော်ရန် ပြည့်စုံထက်မြင့် ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်စစ်ခြင်း (IEE) လုပ်ငန်းစဉ်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်း အစီစဉ်များကို ဇန်နဝါရီလ ၁၁ ရက်က ဇာဒက်ကြီးကျွန်းပေါ်ရှိ အမှတ် ၅၈ ရေတပ်စခန်းတွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ ထိုပွဲသို့ စီမံကိန်း‌အကောင်အထည်ဖော်မည့် ပြည့်စုံထက်မြင့် ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးခိုင်ကျော်၊ ကနဦး ပတ်ဝန်ကျင်ဆန်းစစ်ခြင်းလုပ်ငန်းတာဝန်ယူထားသည့် EGuard Environmental Service အဖွဲ့မှ အုပ်ချုပ်မှူအဖွဲ့ဒါရိုက်တာ ဦးအေးသီဟနှင့် စစ်ကောင်စီဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ပုလဲမွေးမြူထုတ်လုပ်ရေးကုမ္ပဏီ ၁၂ […]

တနင်္သာရီပကဖ ထိန်းချုပ်နယ်မြေရှိ ကျေးရွာတစ်ရွာတွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေ

Dawei Watch

January 18, 2024

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေရှိ ကျေးရွာတစ်ရွာတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ များပြားနေကြောင်း မြို့နယ်ပကဖ၏ ဆေးမှူးတာဝန်ခံက ပြောသည်။ ဇန်နဝါရီလဆန်းမှစကာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေခြင်းဖြစ်ပြီး အဆိုပါကျေးရွာတွင် လူဦးရေ တစ်ရာကျော် ရှိသည့်အနက် ခြောက်ဆယ်ရာခိုင်နှုန်းခန့် ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။ အဆိုပါကျေးရွာမှာ တနင်္သာရီမြစ်နှင့် နီးကပ်ပြီး အပူချိန်မြင့်တက်လာချိန်တွင် ရေခမ်းခြောက်လေ့ရှိကြောင်း ၎င်းက ပြောဆိုသည်။ “ရေနဲ့လည်းဆိုင်တယ်။ အပူချိန်မြင့်လာတော့ ရေခမ်းခြောက်လေ့ရှိတယ်။ မြစ်ရေသုံးတဲ့အခါမှာ ရေကို ကျိုချက်ပြီး မသောက်တဲ့အချိန်ကျတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်ပေါ့” ဟု အဆိုပါ ဆေးမှူးက ပြောသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် အဆိုပါကျေးရွာမှာ PDF စိုးမိုးနေရာတွင်တည်ရှိသဖြင့် အခြားမြို့များတွင် ဆေးကုသရန် သွားပါက စစ်ကောင်စီတပ်ဂိတ်များက အစစ်အဆေးတင်းကြပ်လေ့ရှိကြောင်း အထက်ပါဆေးမှူးက ဆိုသည်။ လက်ရှိတွင်ပင် ဆေးကုသနေရသူ ဆယ်ဦးဝန်းကျင်ရှိနေပြီး ဝမ်းပျက်ဝမ်းလျှောနှင့် ပတ်သက်သည့် ဆေးဝါးလိုအပ်ချက် […]

ထိုင်းက စစ်ကောင်စီနှင့် ညှိနှိုင်းပြီး လူသားချင်းစာနာမှုအကူအညီပေးမည်ဟုဆို

Dawei Watch

January 18, 2024

ထိုင်းနိုင်ငံအနေဖြင့် စစ်ကောင်စီနှင့် ညှိနှိုင်းပြီး မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ဆွစ်ဇာလန်ရောက်ရှိနေသော ထိုင်းဒုဝန်ကြီးချုပ်က ပြောကြားလိုက်သည်။ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်လည်း အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ ဒါးဗိုစ်မြို့တွင် ကျင်းပခဲ့သော ၅၄ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သော Parnpree Bahiddha-nukara က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တည်ငြိမ်ရေးနှင့် စည်းလုံးညီညွတ်ရေးကို မြှင့်တင်နိုင်ရန်လည်း ထိုင်းနိုင်ငံသည် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေကြောင်း ၎င်းကဆိုသည်။ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရန်အတွက်လည်း စေ့စပ်ညှိနှိုင်းကြရန် လိုအပ်ကြောင်း ၎င်းက ဆိုခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း လိုအပ်သလို […]