BREAKING
November 12, 2025

သတင်း

ထားဝယ်အကျဥ်းထောင်တွင် နှစ်ပတ်တစ်ကြိမ်သာ ထောင်ဝင်စာပါဆယ်ပို့ခွင့် ပြုမည်ဟုဆို

Dawei Watch

January 20, 2024

ထားဝယ်အကျဥ်းထောင်တွင် ထောင်ဝင်စာ ပါဆယ်ထုပ်ပို့ခွင့်ကို နှစ်ပတ်လျှင်တစ်ကြိမ်သာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း ထောင်ဝင်စာပို့နေသူများထံမှ သိရသည်။ “ ထောင်ဝင်စာပို့တဲ့အချိန် တစ်လ ၂ခါ (နှစ်ပတ်လျှင်တစ်ကြိမ်) ပြောင်းလိုက်တာက အခုအပတ်ရုံးဖွင့်ရက်က စတာထင်တယ်။ စာကပ်ထားတာကိုတော့ ဒီနေ့မှတွေ့ရတယ် “ ဟု ယနေ့ ဇန်နဝါရီလ ၁၉ ရက် တွင် ထောင်ဝင်စာ သွားပို့ခဲ့သူတစ်ဦးကပြောသည်။ ထောင်ဝင်စာလာပို့ချိန်တွင် လာပို့သူ၏ အိမ်ထောင်စုစာရင်းမူရင်းနှင့် မှတ်ပုံတင်မူရင်းယူလာရမည်ဖြစ်ကြောင်း ယင်းစာတွင်ဖော်ပြထားသည်ဟု ၎င်း က ဆက်ပြောသည်။ ယခင်က ထောင်ဝင်စာတွေ့သူများမှာ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် မိတ္တူသာပြရန် လိုသော်လည်း ယခုအခါတွင် မူရင်းများပြမှသာ ထောင်ဝင်စာပို့ခွင့်ရကြောင်း ထောင်ဝင်စာပို့သူများကဆိုသည်။

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

January 19, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ထိုင်ဝမ်ရွေးကောက်ပွဲ အာဏာရပါတီအနိုင်ရ ဇန်နဝါရီလ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ DPP ခေါင်းဆောင် Lai Ching-te ပဲ ပြန်လည် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ထိုင်ဝမ်ကို တရုတ်အစိုးရရဲ့ ခြိမ်းခြောက် နောက်ယှက်မှုတွေကနေ ကာကွယ်သွားမယ်လို့ ထိုင်ဝမ် ရွေးကောက်ခံ သမ္မတ Lai Ching-te က ကတိပြုလိုက်တာပါ။ ထိုင်ဝမ်ကို သီးခြား လွတ်လပ်တဲ့ နိုင်ငံအနေနဲ့ ရပ်တည်ဖို့ လိုလားတဲ့ Lai Ching-te ကို ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ပြီး ခွဲထွက်ရေးသမားလို့ […]

စာသင်ခွင့်မရသည့်ကလေးများအတွက် ပညာရေးပဒေသာပင်စိုက်ထူရန် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှိုးဆော်

Dawei Watch

January 19, 2024

ထားဝယ်ခရိုင်အတွင်း ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးစီးအကောင်အထည်ဖော်နေသည့် အခြေခံပညာရေး အစီအစဥ်များအတွက် ပညာရေးပဒေသာပင် ရံပုံငွေရှာဖွေသည့် အစီအစဥ်တစ်ရပ်ပြုလုပ်နေကြောင်း အဆိုပါသမဂ္ဂထံက သိရသည်။ မြေပြင်အခြေပြုအခြေခံပညာအစီအစဥ်သည် စာသင်ကျောင်းမဖွင့်နိုင်သည့်အပြင် အင်တာနက် ဆက်သွယ်ရေးကွန်ရက် အခက်အခဲရှိသည့် ဒေသများမှ ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးနှင့် ကျန်းမာရေးအစီအစဥ်များအတွက် ရည်ရွယ်ကြောင်း သမဂ္ဂထံမှ သိရသည်။ ယင်းအစီအစဉ်ကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစ၍ အကောင်အထည်ဖော်နေကြောင်း သမဂ္ဂထံမှ သိရသည်။ ပညာရေး ပဒေသာပင်စိုက်ထူရာတွင် ကျောင်းသားတစ်ဦးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် သင်ထောက်ကူ အထွေထွေ ကုန်ကျစရိတ်အတွက် မြန်မာကျပ်ငွေ သုံးသောင်းကျပ်ဖြင့် ပါဝင်နိုင်ကြောင်း ကြေညာထားသည်။ ယင်းအပြင် သင်ထောက်ကူစရိတ်၊ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်နှင့် သင်ကြားရေးကိရိယာစရိတ် စသဖြင့် သီးသန့် အမျိုးအမည်တစ်ခုချင်းစီအတွက်လည်း သမဂ္ဂ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သမဂ္ဂ တာဝန်ရှိသူက ပြောသည်။ “သင်ရိုးစာအုပ်တွေ၊ ရေးစာအုပ်တွေအပါအဝင် သင်ထောက်ကူကိရိယာတွေက […]

မွန်ပြည်သစ်ပါတီနယ်မြေထဲကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်

Dawei Watch

January 19, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ ကမ်းနီကျေးရွာထဲကို စစ်ကောင်စီတပ် က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ်ရင်းက ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီဝန်းကျင်က လက်နက်ကြီး ဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ကမ်းနီကျေးရွာအနီး ကွမ်းသီးခြံထဲကျရောက် ပေါက်ကွဲကြောင်း ဒေသခံတို့က ပြောသည်။ လူထိခိုက်မှု မရှိသော်လည်း ကွမ်းသီးပင်ရာနှင့်ချီ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ခြံထဲမှာ ကျသွားတော့ လူထိတာတော့မရှိဘူး။ ကွမ်းပင်တွေ ခြံထဲက သီးပင် စားပင်တွေ ထိတာတော့ ရှိတယ်။ ဒီလိုမျိုး လက်နက်ကြီးတွေကျနေတော့ ထိတ်လန့်နေကြတာပေါ့။ ရွာထဲမှာ လာကျသွားရင် ဘယ်လိုလုပ်မလဲ” ဟု ၎င်းက ပြောဆိုသည်။ ကျေးရွာအနီးဝန်းကျင်တွင် လက်နက်ကြီးကျည် […]

ဘီးလင်း ဇီးဝန်းရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၊ ဒေသခံသုံးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

Dawei Watch

January 19, 2024

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ဇီးဝန်းကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံသုံးဦးသေဆုံးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဘီးလင်းအခြေစိုက် စစ်ကောင်စီတပ် အမှတ် (၃၁၄) က ယနေ့ ဇန်နဝါရီလ ၁၉ရက် နံနက် ၉နာရီကျော်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇီးဝန်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲပြီး ဒေသခံ အမျိုးသမီးခုနစ်ဦးနှင့် အမျိုးသားသုံးဦး စုစုပေါင်း ၁၀ဦး ထိခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းအနက် အသက် ၂၂နှစ်အရွယ် မစန္ဒာ၊ အသက် ၄၅နှစ်အရွယ် ဒေါ်နော်မူနှင့် နော်ကော်လာမူတို့ သေဆုံးပြီး အသက် ၂နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး၊ အသက် ၂၆နှစ်အရွယ် မဝါဝါသင်း၊ အသက် ၄၆နှစ်အရွယ် […]

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်တစ်ဦး လှေပေါ်တွင် ကလေးမွေး

Dawei Watch

January 19, 2024

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်တစ်ဦး လှေပေါ်တွင် ကလေးမွေးဖွားကြောင်း တွဲလက်ညီညီစစ်ဘေးရှောင်ကူညီရေး အဖွဲ့ထံမှ သိရသည်။ ဗိုက်နာသဖြင့် သွားရောက်သယ်ဆောင်လာစဉ် ယနေ့ ဇန်နဝါရီလ ၁၉ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ပဝချောင်းထဲရှိ လှေပေါ်၌ အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ်ကျန်းမာရေးတာဝန်ရှိသူများက အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ “ဗိုက်နာလို့ ခေါ်တော့ ကျွန်တော်တို့ (လှေနဲ့) သွားသယ်ပေးတယ်။ ဆရာမတွေကို သွားခေါ်လာပြီး အဲဒီလှေပေါ်မှာပဲ မွေးပေး လိုက်ရတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောဆိုသည်။ မွေးကင်းစကလေးမှာ ၇ ပေါင်နှင့် ရှစ်အောင်စရှိပြီး ယောက်ျားလေးဖြစ်ကာ မိခင်နှင့် ကလေးပါ ကျန်းမာကြောင်း ၎င်းက ဆိုသည်။ ကလေးမွေးဖွားသည် မိခင်မှာ တနင်္သာရီမြို့နယ် ဆင်ဒင်ပြင်‌ဝေါရွာဇာတိဖြစ်ပြီး တိုက်ပွဲများကြောင့် လွန်ခဲ့သည့် ၅ လခန့် ကတည်းက တနင်္သာရီစစ်ဘေးရှောင်ယာယီစခန်းတွင် […]

တနင်္သာရီမြို့နယ်တွင် လူနာတင်ယာဥ်တစ်စီးတိမ်းမှောက်

Dawei Watch

January 19, 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် ဗြဟ္မစိုရ် သွေးနှင့် ကျန်းမာရေးအထောက်အကူပြုအသင်း၏ လူနာတင်ယာဥ်တစ်စီး ယနေ့ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁၂နာရီခန့်က တိမ်းမှောက်ကြောင်း ယင်းအသင်းထံက သိရသည်။ ညောင်ပင်ကွင်းအုပ်စု၊ အနောက်ဘက်ကမ်းရွာက အသက် ၈၂ နှစ်အရွယ် လူနာအဘိုးတစ်ဦးအား ပျို့အိုင်ရွာ နေအိမ်သို့ ပို့ဆောင်ပေးပြီးနောက်ပြန်လာစဥ် သရက်ပင်စု (ဒေသအခေါ်) အနီးတွင် ဘယ်ဘက် အရှေ့တာယာ ပွင့်ထွက်၍ အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲထိုးကျ တိမ်းမှောက်ခြင်းဖြစ်ကြောင်း အသင်းထံမှ သိရသည်။ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်း၊ ယာဥ်နောက်လိုက်နှင့် ယာဥ်ပေါ် လိုက်ပါသူများ ထိခိုက်မှု မရှိသော်လည်း လူနာတင်ယာဥ်၏ မှန်နှင့်ကိုယ်ထည် အစိတ်အပိုင်းအချို့ ကြေကွဲပျက်စီးခဲ့ကြောင်း ယင်းအသင်း၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယာဥ်တိမ်းမှောက်မှု နောက်ဆက်တွဲအခြေအနေနှင့်ပတ်သက်၍ “ကျွန်တော်တို့ဘက်မှာ ဖုန်းလိုင်းတွေ သိပ်မကောင်းလို့ ဖုန်းတွေ အချင်းချင်းဆက်လို့မရသေးဘူး။ […]

သထုံမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်၍ ဆိုင်ကယ်စီးလာသူ ၂ ဦးဒဏ်ရာပြင်းထန်

Dawei Watch

January 19, 2024

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲမရှိသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသည့် လင်မယား ၂ ဦး ကျည်ဆန်ထိမှန်ခဲ့ပြီး ခင်ပွန်းဖြစ်သူ အသက်အန္တရာယ် စိုးရိမ်နေရကြောင်းသိရသည်။ သထုံအခြေစိုက် အမှတ်(၉) ခြေမြန်တပ်ရင်းမှ ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန် ခန့်တွင် လက်နက်ကြီး ၁၀ လုံးခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကော့လှိုင်းနှင့် ကုလားကုန်းကျေးရွာကြား ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ကျိုက္ကော်မြို့မှ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသည့် ကော့လှိုင်းကျေးရွာနေ စောသန်းမြင့်နှင့် နော်ကူးကူးတို့ လင်မယား ၂ ဦးကို လက်နက်ကြီးကျည်ဆန် ထိမှန်သွားခြင်းဖြစ်သည်။ လက်နက်ကြီးထိမှန်ခဲ့သည့်အတွက် ခင်ပွန်းဖြစ်သူ စောသန်းမြင့်တွင် ညာဘက်ခြေထောက် ကျိုးကြေဒဏ်ရာရခဲ့သလို ဇနီးဖြစ်သူ နော်ကူးကူးမှာလည်း ညာဘက်ပေါင် ကျည်စထိမှန် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှသိရသည်။ […]