ဘန်ကောက်တွင် မြန်မာတစ်ဦးကို အပိုင်းပိုင်းခုတ်ဖြတ်ပြီး ရေခဲသေတ္တာထဲထည့်ထား
Dawei Watch
January 22, 2024ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တိုက်ခန်းတစ်ခုတွင် အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခံထားရသော မြန်မာအလုပ်သမားတစ်ဦး၏ အလောင်းကို ရေခဲသေတ္တာ (Freezer) ထဲတွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်မြို့အပြင်ဘက် ဘန်ခွန်ထီယမ်နယ်မြေရှိ အဆောက်အအုံတစ်ခု၏ အခန်းထဲတွင် ဇန်နဝါရီလ ၂၁ ရက်နေ့က ခန္ဓာကိုယ်အစိတ်အပိုင်း ၆ ခုကို ရေခဲသေတ္တာအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရေချိုးခန်းအတွင်းတွင်လည်း သွေးများကို တွေ့ရှိခဲ့ရပြီး အနီးက စက္ကူပုံးထဲတွင် လွှစက်တစ်ခုနှင့် ဓါးနှစ်ချောင်းကိုလည်း တွေ့ရှိခဲ့ရကြောင်း သတင်းတွင်ဖော်ပြထားသည်။ အဆိုပါအဆောက်အအုံသည် အိန္ဒိယနိုင်ငံသားတစ်ဦးက အလုပ်ရှာဖွေရေးရုံးကဲ့သို့ ဖွင့်လှစ်ထားသော အဆောက်အအုံဖြစ်ပြီး အလုပ်သမားများ အလုပ်မရမီ နေထိုင်ရန်နှင့် စာရွက်စာတမ်းများ ပြုလုပ်ရန် ငှားရမ်းထားသောနေရာဖြစ်သည်။ ယင်းအိန္ဒိယနိုင်ငံသားသည် မြန်မာနိုင်ငံသား ငါးဦးနေထိုင်ရန်အတွက် ယင်းအခန်းကို ပြီးခဲ့သည့်ကြာသပတေးနေ့က ခေတ္တငှါးရမ်းပေးခဲ့ခြင်းဖြစ်ဟုဆိုသည်။ သောကြာနေ့မနက်ပိုင်းတွင် အိန္ဒိယနိုင်ငံသားသည် မြန်မာအလုပ်သမား လေးဦးကို […]


