BREAKING
November 12, 2025

သတင်း

မင်းပြားသို့ စစ်ကူလာသည့်စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ လေယာဉ်ဖြင့်ချပေးသည့် လက်နက်များဖမ်းမိဟု AA ထုတ်ပြန်

Dawei Watch

January 22, 2024

ရခိုင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်နေသည့် မင်းပြားမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လေယာဉ်ဖြင့် လာချပေးသည့် လက်နက်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ ဇန်နဝါရီလ ၂၂ရက်တွင် ထုတ်ပြန်သည်။ မင်းပြားမြို့သို့ ဇန်နဝါရီလ ၂၀ရက်က စစ်ကူလာသည့် စစ်ကောင်စီတပ် တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကာ လက်နက်ခဲယမ်းများလည်းရရှိကြောင်း ဖော်ပြသည်။ AA ဘက်က ထုတ်ပြန်ထားသည့် ဗီဒီယိုမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးနေသည်ကို တွေ့ရသည်။ ယင်းအပြင် Y8 လေယာဉ်ပေါ်က ချပေးသော ထောက်ပို့ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိကြောင်း ဖော်ပြသည်။ ရခိုင်ပြည်နယ်တွင် မင်းပြား၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် […]

PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူ အသတ်ခံရသည့်ကိစ္စ စုံစမ်းရေးအဖွဲ့ဖွဲ့၍ စစ်ဆေးနေ

Dawei Watch

January 22, 2024

ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့-PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူအသတ်ခံရသည့်ကိစ္စကို စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး စစ်ဆေးမှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း ယင်းအဖွဲ့တွင်ပါဝင်သည့် တပ်ဖွဲ့များက ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အသက် ၄၀ ကျော်အရွယ် ကိုပင်လယ်လူမှာ PRDF တပ်ဖွဲ့မှနုတ်ထွက်ခဲ့သည်မှာ ၉ လ ကျော်ရှိပြီး မိကျောင်းစစ်ကြောင်းတွင် ပြောင်းလဲတာဝန်ထမ်းဆောင်နေသူဖြစ်သည်။ အမျိုးသမီး ကလေးမီးဖွားသည့်ကိစ္စဖြင့် ခန္တီရွာကို ပြန်ရောက်နေသည့် ကိုပင်လယ်လူကို မိကျောင်းစစ်ကြောင်းမှ ကိုဝိုင်လူး ဆိုသူအပါအဝင် လက်နက်ကိုင် ၈ ဦးနှင့် ရွာခံ ၃ ဦးက ယခုလ ၈ ရက်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆွေမျိုးနီးစပ်တော်သူများနှင့် တော်လှန်ရေးအဖွဲ့ဝင်အချို့က အတည်ပြုပြောဆိုထားသည်။ ယင်းသို့ ဖမ်းဆီးသွားပြီးနောက်ရက် နေ့လယ် ၁၁ နာရီခန့်တွင် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။ ယင်းသို့ အသတ်ခံရသည့်ကိစ္စအတွက် အမှန်တရားကိုလိုချင်ကြောင်း မိသားစုဝင်များက တောင်းဆိုထားသလို […]

ရခိုင်က မြို့နယ်ခြောက်ခုတွင် တိုက်ပွဲပြင်းထန်နေကြောင်း AA ပြော

Dawei Watch

January 22, 2024

ရှမ်းမြောက်တွင် အပစ်ရပ်သွားပြီးနောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လာပြီး လက်ရှိတွင် မြို့နယ်ခြောက်ခု၌ တိုက်ပွဲများ ပြင်းထန်နေကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ထားသည်။ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား ဇန်နဝါရီလ ၂၁ရက်က တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း ဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်ညတွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မင်းပြားမြို့တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်တော်လှရပ်ကွက်နှင့် ရွှေပြည်စိုးရပ်ရှိ လူနေအိမ်အချို့ မီးလောင်ပျက်စီးကြောင်း ဖော်ပြသည်။ ရှမ်းမြောက်တွင် အပစ်အခတ် ရပ်ဆိုင်းသွားပြီးနောက် ရခိုင်အပါအဝင် ဒေသအချို့တွင် တိုက်ပွဲများ ပြင်းထန်လာကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်တို့က ထုတ်ပြန်ထားသည်။ ရခိုင်တွင် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုများကြားမှ AA က […]

တိုက်ပွဲများဖြစ်ပွားနေသည့် တနင်္သာရီတိုင်းတွင် သန်းခေါင်စာရင်းကောက်မည်ဟု စစ်ကောင်စီဆို

Dawei Watch

January 22, 2024

တနင်္သာရီတိုင်းတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် စစ်ကောင်စီပြင်ဆင်လျှက်ရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအား လက်နက်ကိုင်ခုခံတော်လှန်မှုတို့ကြောင့် တိုင်းအတွင်း နေရာအနှံ့အပြားတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည့်အချိန်တွင် သန်းခေါင်စာရင်းကောက်ရန် စီစဉ်လာခြင်းဖြစ်သည်။ “အခုချိန် သန်းခေါင်စာရင်း‌ထကောက်ရင် ဘာအချက်အလက်မှ တိတိကျကျရမှ မဟုတ်ဘူး” ဟု နိုင်ငံရေးအခြေအနေ စိတ်ဝင်စားသည့် ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီကမူ နောက်ထပ်ဆယ်လကြာလျှင် သန်းခေါင်စာရင်း စတင်ကောက်ယူမည်ဟု ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁၉ ရက်က သန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သတ်ပြီး အစည်းအဝေးတစ်ရပ်ကို စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ်က ဦးဆောင်ပြီးကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ၂၀၂၃ ဇန်နဝါရီလကလည်း ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်မည်ဟုဆိုကာ လိုက်လံကောက်ယူခဲ့ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့၏ တိုက်ခိုက်မှုကြောင့် အလုပ်မဖြစ်ခဲ့ပေ။ ယင်းအချိန်က လူဦးရေစာရင်း ကောက်သည့်အဖွဲ့အတွင် လုံခြုံရေးလိုက်ပေးသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ‌ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ပစ်သတ်ခံလိုက်ရသည်။ […]

မော်လမြိုင်တွင် ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးများအပါအဝင် ၂၀နီးပါးဒဏ်ရာရ

Dawei Watch

January 22, 2024

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇန်နဝါရီလ ၂၁ရက် တစ်ရက်တည်းတွင် ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေးငယ် ၁၂နှစ်ဦးအပါအဝင် ၁၈ဦး ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ညက ဂွေးကုန်းရပ်ကွက် မော်လမြိုင်-သံဖြူဇရပ်လမ်းမတွင် ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေး ခြောက်ဦးအပါအဝင် ၁၁ ဦး ထိခိုက် ဒဏ်ရာရကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။ ယမန်နေ့ ည ၉နာရီခန့်က မုဒုံဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် ပရိုဘောက်စ်ကားတစ်စီးသည် အရှေ့တွင် မောင်းနှင်သွားနေသည့် သုံးဘီးဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ကို ဝင်တိုက်မိမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ သုံးဘီးဆိုင်ကယ်ပေါ် လိုက်ပါစီးနင်းလာသည့်အမျိုးသမီးတစ်ဦး ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ပြီး ကလေး ၆ ဦးအပါအဝင် ၁၁ ဦး […]

မဘိမ်းမြို့နှင့် မန့်ဝိန်းကြီးကို KIAနှင့် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းယူ

Dawei Watch

January 22, 2024

ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်းမြို့နှင့် ကချင်ပြည်နယ် မံစီမြို့နယ်၊ မန့်ဝိန်းကြီးရွာရှိ စစ်ကောင်စီ တပ်စခန်းနှင့် ရဲစခန်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်တို့က သိမ်းယူ လိုက်ကြောင်း ဒေသတွင်း သတင်းများတွင်ဖော်ပြချက်နှင့် ရုပ်သံမှတ်တမ်းများအရ သိရသည်။ မိုးမိတ်ခရိုင်တွင်ရှိသည့် မဘိမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းတို့ကို KIA ၊ KPDF၊ PDF နှင့် ကျောင်းသားတပ် ABSDF တို့ ပူးပေါင်းကာ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း ABSDF က ထုတ်ပြန်သည်။ မဘိမ်းမြို့သည် ကချင်၊ ရှမ်းမြောက်၊ စစ်ကိုင်းတို့နှင့် ထိစပ်နေသည့် မြို့ဖြစ်ပြီး မန္တလေး-မြစ်ကြီးနား လမ်းပေါ်တွင် တည်ရှိသည်။ ယင်းနေ့တစ်ရက်တည်းတွင်ပင် တရုတ်-မြန်မာနယ်စပ်က မန့်ဝိန်းကြီးရွာရှိ စစ်ကောင်စီ ခမရ ၄၂၄ တပ်စခန်းနှင့် ရဲစခန်းတို့ကို […]

ကလိန်အောင်မြို့အနီး လက်နက်ကြီး ထပ်ကျ

Dawei Watch

January 22, 2024

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ ၊ သံတံတားကြီးအနီး ကလိန်အောင် ချောင်းဘေးရှိ ဥယျာဥ်ခြံများအတွင်း မနေ့ (ဇန်နဝါရီ ၂၁) ညက လက်နက်ကြီး နှစ်လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း ကိုင်းခြံပိုင်ရှင်များထံမှသိရသည်။ “လက်နက်ကြီး အသံက ၃ ချက်ကြားတယ်၊ ၂လုံးကတော့ ချောင်းဟိုဘက်ကမ်းမှာတစ်လုံး၊ ဒီဘက်ကမ်းမှာတစ်လုံးကွဲတယ် ၊ ကျန်တစ်လုံးကတော့မကွဲဘူးထင်တယ်” ဟု ကိုင်းသီးနှံ စိုက်ပျိုးသည့် တောင်သူတစ်ဦးကပြောသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုနှင့်နေအိမ်၊အဆောက်အအုံ ထိခိုက်မှု မရှိသော်လည်း ကိုင်းခြံအတွင်းရေသွယ်ထားသည့် ရေပိုက်လိုင်းများပျက်စီးသွားကြောင်း ၎င်း ကပြောသည်။ ဇန်နဝါရီလ ၁၅ ရက်ကလည်း ကလိန်အောင်မြို့ ၊ အမှတ် ၃ ရပ်ကွက် ၊ မာလာရေအိုင်အတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သေးကြောင်း မြို့ခံများက ပြောသည်။ “အရင်က လက်နက်ကြီးပစ်သံတွေကြားရတာရှိတယ်။ နီးနီးနားနားလာကျတာမရှိဘူး။ အခုက […]

ချွန်ဘူရီတွင် ကားမှောက်မှုကြောင့် မြန်မာလုပ်သားများ အပါအဝင် ၂၃ ဦး ဒဏ်ရာရ

Dawei Watch

January 22, 2024

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ကားမှောက်မှုကြောင့် ယာဉ်ပေါ်ပါ မြန်မာအလုပ်သမားများအပါအဝင် ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ချွန်ဘူရီခရိုင် စီရာချားဒေသ ဘော်ဝင်းရပ်ကွက်ရှိ လမ်းမပေါ်တွင် ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ပစ်ကပ်ကားတစ်စီး ကားဘီးပေါက်ပြီး မှောက်သွားခြင်းဖြစ်သည်။ ကားမှောက်မှုကြောင့် မြန်မာနှင့် ထိုင်းအလုပ်သမား ၂၃ ဦးမှာ ဦးခေါင်းနှင့် ခြေလက်များတွင် ဒဏ်ရာရရှိခဲ့သဖြင့် ရှေးဦးပြုစုကုသပေးပြီးနောက် နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။ ကားပေါ်တွင် မြန်မာနှင့် ထိုင်းအလုပ်သမား အားလုံး ၂၆ ဦး လိုက်ပါလာခဲ့ပြီး ချွန်ဘူရီခရိုင်ရှိ လုပ်ငန်းခွင်တစ်ခုသို့ အလုပ်လုပ်ရန်သွားစဉ် လမ်းတွင် ကားဘီးပေါက်သဖြင့် အရှိန်မထိန်းနိုင်တော့ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားတစ်ဦးကဆိုသည်။ ကားမှောက်မှု အကြောင်းအရင်းကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး ဥပဒေအရ […]