BREAKING
November 12, 2025

သတင်း

သံဖြူဇရပ်တွင် ခြံလုပ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်

Dawei Watch

March 10, 2025

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာတွင် ခြံလုပ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်သွားသည်ဟု ဒေသခံများထံမှ သိရသည်။ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာနေ အသက် ၄၃ နှစ်အရွယ် ခြံလုပ်သား ဦနန္ဒာထွန်းဆိုသူသည် မတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က ဝဲခမိကျေးရွာအနီး ရော်ဘာခြံကို ခြံရှင်းရန်အသွား လူသွားလမ်းတွင် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဦးနန္ဒာထွန်းသည် ဘယ်ဘက်ခြေကျင်း ဝတ်ပြတ်ရှိဒဏ်ရာ၊ ညာဘက်ခြေသလုံး မိုင်းစထိမှန်ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်လက်ဖျံအောက် ပေါက်ပြဲဒဏ်ရာ နှင့် ဘယ်ဘက်မေးအောက် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်။ “သူက ခြံကိုသွားတာ လမ်းမှာပဲ နင်းမိတယ်၊ မိုင်းတွေက လူသွား လူလာလမ်းမှာပဲ ထောင်ထားကြတော့ တော်တော်ဆိုးတယ်။ ဒေသခံတွေက အဲ့လမ်းတွေကိုပဲ အသုံးပြုပြီး ခြံသွားဘာညာ သွားကြတာလေ အခုက အဲလိုမျိုး မိုင်းထောင်ထားတော့ ဘယ်လိုသွားလာကြမလဲ။ တချို့ဆို […]

မဟာချိုင်က ဈေးထဲ ထိုင်းအာဏာပိုင်များဝင်စစ်ပြီး မြန်မာ ၇ ဦးကိုဖမ်းဆီး

Dawei Watch

March 10, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသက ဈေးတစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး ဈေးရောင်းနေသော မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မဟာချိုင်ဒေသက မြန်မာနိုင်ငံသားအများစု လာရောက်လေ့ရှိသည့် ဈေးတစ်ခုဖြစ်သော ထိုင်းယူနစ်ဒေသထဲက ဈေးကို မတ်လ ၉ ရက်နေ့ ညနေပိုင်းက ထိုင်းအာဏာပိုင် အဖွဲ့ပေါင်းစုံက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဈေးထဲတွင် မြန်မာပစ္စည်းမျိုးစုံ၊ ဟင်းသီးဟင်းရွက်များအပြင် ဝက်သားတုတ်ထိုးကဲ့သို့ မြန်မာအစားသောက်များလည်း ရောင်းချနေကြောင်း တွေ့ခဲ့ရသဖြင့် ထပ်မံစစ်ဆေးခဲ့ဟုဆိုသည်။ ဈေးရောင်းနေသူများကို စစ်ဆေးကြည့်ရာ ဆိုင်ရှေ့ဈေးရောင်းချခွင့် လျှောက်မထားသော မြန်မာနိုင်ငံသား ၆ ဦးနှင့် အလုပ်ရှင်မတူဘဲ လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁ ဦးကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများသည် အလုပ်လုပ်ခွင့်လက်မှတ် (work permit) ကဲ့သို့ စာရွက်စာတမ်းများ […]

အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူများ ထပ်မံထွက်ပြေး၊ နှစ်ဦးက မြိတ်ပကဖထံခိုလှုံ

Dawei Watch

March 10, 2025

စစ်ကောင်စီတပ်၏ စစ်မှုထမ်း အဓမ္မစုဆောင်းခံရပြီးနောက် ရှေးတန်းပို့ခံရသူ ၁၆ ဦး ထွက်ပြေးလာရာတွင် ၂ ဦးမှာ မြိတ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံ ခိုလှုံလာကြောင်း သိရသည်။ အဆိုပါ လွတ်မြောက်လာသူ ၂ ဦးမှာ ထိုင်းနိုင်ငံ ရနောင်းမြို့အချုပ်ထောင်မှ ကော့သောင်းသို့ ပြန်ပို့ခံရပြီးနောက် စစ်မှုထမ်းစုဆောင်းခံရသူနှစ်ဦး ဖြစ်သည်။ အသက် ၃၀ ဝန်းကျင်ရှိကြသည့် ကိုသက်နိုင်ထွေးနှင့် ကိုနိုင်ဝင်းထွန်းတို့နှစ်ဦးသည် ရနောင်းအချုပ်ထောင်မှ ပြီးခဲ့သည့်ဇန်နဝါရီလ ၂၁ နေ့တွင် ကော့သောင်းမြို့ကို လွှဲပြောင်းခံရခြင်းဖြစ်သည်။ ထိုနောက် ကော့သောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၄၃၁ တပ်ရင်းတွင် တစ်ပတ်ခန့်နေခဲ့ရပြီး အဆိုပါတပ်ရင်းမှတစ်ဆင့် စက်လှေဖြင့် မြိတ်မြို့သို့ပို့ဆောင်ခံရကြောင်း မြိတ် ပကဖ ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။ ယင်းနောက် မြိတ်မြို့ ရွှေဒူးကျေးရွာရှိ တိုက်/စည်း(တိုက်ခိုက်ရေးနှင့် စည်းရုံးရေး) ရွှေဒူးတပ်တွင် ထားရှိချိန် […]

ကံ့ကော်ပန်းတက်ခူးရာမှ အပင်ခွကြား ညပ်နေသည့် မိန်းကလေးကို ထားဝယ်မီးသတ်ကယ်တင်

Dawei Watch

March 10, 2025

ကံ့ကော်ပန်းတက်ခူးရာမှ အပင်ခွကြား၌ ခြေထောက်ညပ်ပြီး အောက်ဆင်းမရဘဲ တန်းလန်းဖြစ်နေသည့် မိန်းကလေးတစ်ဦးကို ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ခဲ့ရကြောင်း ယင်းတပ်ဖွဲ့ထံမှသိရသည်။ ထားဝယ်မြို့ ၊ ထားဝယ်ဆေးရုံကြီးဝင်းအတွင်းရှိ ကံ့ကော်ပင် ပေါ်တက်၍ ကံ့ကော်ပန်းတက်ခူးသည့် အသက် ၁၂ နှစ်အရွယ်မိန်းကလေးကို ယနေ့ (မတ် ၁၀) နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ကယ်တင်ခဲ့ရခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ” မိန်းကလေးက ဆေးရုံထဲကပဲသန့်ရှင်းရေးဝန်ထမ်းရဲ့ သမီးပါ ၊ ပန်းတက်ခူးရင်းနဲ့ အပင်ခွကြားမှာ ခြေထောက်ညပ်နေတာ ဒဏ်ရာကတော့ မရပါဘူး”ဟု မီးသတ်တပ်ဖွဲ့တာဝန်ရှိသူကပြောသည်။ မိန်းကလေး ခြေထောက်ညပ်နေသည့် အဆိုပါ ကံ့ကော်ပင်၏ ခွသည် မြေပြင်မှ ပေ ၃၀ ခန့်ရှိသည့် အမြင့်တွင်ရှိပြီး ထားဝယ်မြို့နယ်မီးသတ်တပ်ဖွဲ့မှာ ကယ်ဆယ်ရေးလှေကားဖြင့် တက်ရောက် ကယ်တင်ခဲ့ရာ […]

လောင်းလုံးမြို့ပေါ်တိုက်ပွဲတွင် ဘုန်းကြီးတစ်ပါးအပါအဝင် မြို့ခံသုံးဦး ဒဏ်ရာရ

Dawei Watch

March 10, 2025

လောင်းလုံးမြို့ပေါ်တွင် ‌မတ်လ ၈ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဘုန်းကြီးတစ်ပါးအပါအဝင် မြို့ခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လောင်းလုံးမြို့ပေါ်ရှိ စရဖရုံး၊ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နံနက်စောစောပိုင်းမှ နေ့လယ် ၁၂ နာရီအထိ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဖက်ကလည်း မြို့အနောက်ဘက်ပင်လယ်ပြင်ရှိ စစ်သင်္ဘောနှင့် ထားဝယ်မြို့ပေါ် တပ်စခန်းများမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ‌မြို့ခံတို့ကပြောသည်။ ယင်းလက်နက်ကြီးကျည်အချို့မှာ ဒေသခံနေအိမ်များနှင့် (က) ရပ်ကွက်ရှိ မြို့ဦးထိန်သစ်ကျောင်းကိုထိမှန်ပြီး ဘုန်းကြီးတစ်ပါး၏ ခြေထောက်ဒဏ်ရာရသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “ခြေထောက်မှာက ဒဏ်ရာပြင်းမယ့်ပုံပဲ။ ဖြတ်မယ်လို့လည်းပြောနေတယ်။ သေချာတော့မသိ‌ရသေးဘူး” ဟု မြို့ခံတစ်ဦးကဆိုသည်။ ယင်းအပြင် မြို့နယ်ပညာရေးမှူးရုံးနံဘေးလမ်းကြားထဲရှိ အမျိုးသားတစ်ဦး၏ ကျောဘက်တွင်လည်း လက်နက်ကြီး ကျည်စထိမှန်းခဲ့သေးကြောင်း၊ ထိန်သစ်လမ်း(ထန်းပင်တန်းလမ်း) ထဲရှိ […]

ထိုင်းတောင်ပိုင်းတွင် ငါးဖမ်းလှေမြုပ်၊ မြန်မာအပါအဝင် ရေလုပ်သား ၉ ဦး ထိုင်းရေတပ်ကယ်တင်

Dawei Watch

March 10, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်ရှိ ထိုင်းပင်လယ်ပြင်ထဲတွင် ငါးဖမ်းလှေတစ်စီး နစ်မြုပ်ခဲ့ပြီး ငါးဖမ်းလှေပေါ်မှ မြန်မာနိုင်ငံသားများအပါအဝင် ရေလုပ်သား ၉ ဦးကို ထိုင်းရေတပ်က ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ထိုင်းပင်လယ်ကွေ့ထဲရှိ ငါးဖမ်းလှေသည်သ‌င်္ဘောတစ်စီးနှင့် တိုက်မိပြီးနောက် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး လှေပေါ်တွင် မြန်မာရေလုပ်သား ၃ ဦး၊ ထိုင်းရေလုပ်သား ၃ ဦးနှင့် ကမ္ဘောဒီးယားရေလုပ်သား ၃ ဦး စုစုပေါင်း ၉ ဦး ရှိကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ နံနက် ၂ နာရီအချိန်ခန့်က ငါးဖမ်းလှေသည် ဝင်တိုက်ခံရပြီး နစ်မြုပ်တော့မည့် အခြေအနေဖြစ်နေသဖြင့် ကူညီပေးရန် လှေသားများက လှေပိုင်ရှင်ကို ဂြိုလ်တုဖုန်းက ဆက်သွယ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ နစ်မြုပ်နေသော ငါးဖမ်းလှေသည် ထိုင်းတောင်ပိုင်း […]

ဆီးရီးယားတွင် သုံးရက်ကြာ တိုက်ပွဲကြောင့် ၁၃၀၀ ကျော် သေဆုံး

Dawei Watch

March 10, 2025

ဆီးရီးယားအစိုးရသစ်၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အာဆတ်ကို သစ္စာခံသည့် အလာဝိုက်လူနည်းစု လက်နက်ကိုင်များအကြား သုံးရက်ကြာ ပြင်းထန်တိုက်ပွဲများကြောင့် ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့က ဆီးရီးယားနိုင်ငံ၊ မြေထဲပင်လယ် ကမ်းရိုးတန်းဒေသများတွင် စတင်ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲများသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် အာဆတ်အစိုးရ ပြုတ်ကျသွားပြီးနောက် ပေါ်ပေါက်လာသည့် အဆိုးရွားဆုံး သွေးထွက်သံယို အကြမ်းဖက်မှု ဖြစ်သည်ဟု သတ်မှတ်ခံထားရသည်။ ယင်းမှာ ဆီးရီးယားအစိုးရသစ် အာဏာရလာပြီးကတည်းက အကြီးမားဆုံး စမ်းသပ်မှုလည်း ဖြစ်သည်။ သုံးရက်ကြာ တိုက်ပွဲအတွင်း အရပ်သား ၈၃၀ ဦး သေဆုံးခဲ့ပြီး ဆီးရီးယားအစိုးရသစ်ဘက်မှ ၂၃၁ ဦးနှင့် အာဆတ်အစိုးရဟောင်းကို သစ္စာခံသည့် လူနည်းစုအလာဝိုက် စစ်သွေးကြွ လက်နက်ကိုင်များဘက်မှ ၂၅၀ […]

ဘုရင်စနစ်ဆီ ပြန်သွားရေး နီပေါတွင် လူထောင်ချီ ဆန္ဒပြ

Dawei Watch

March 10, 2025

နီပေါနိုင်ငံ၏ မြို့တော်ခတ္တမန္ဒူတွင် ဘုရင်စနစ်ကို ပြန်သွားရေး ၊ ဟိန္ဒူဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ပေးရေး လူထောင်ပေါင်းများစွာက တနင်္ဂနွေနေ့တွင် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ နီပေါဘုရင်ဟောင်း ဂယန်နင်ဒရာရှားသည် နိုင်ငံ့အနောက်ပိုင်းခရီးစဉ်တစ်ခုမှ ပြန်ရောက်လာချိန်တွင် ခတ္တမန္ဒူမြို့ ထရီဘူဗန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆန္ဒပြသူဦးရေ ခန့်မှန်းခြေ ၁၀,၀၀၀ ဝန်းကျင်က လေဆိပ်ဝင်ပေါက်ကို ပိတ်ဆို့ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ “တော်ဝင်နန်းတော်ကို ဘုရင်မင်းမြတ်အတွက် ဖယ်ပေးကြ” “ဘုရင်မင်းမြတ် ပြန်လာပါ ၊ တိုင်းပြည်ကို ကယ်တင်ပါ” “လေးမြတ်ရတဲ့ ဘုရင်မင်းမြတ် သက်တော်ရှည်ပါစေ” “ဘုရင်စနစ်ကို ငါတို့ လိုချင်တယ်” ဟူသော ကြွေးကြော်သံများကို ဆန္ဒပြသူများက အော်ဟစ်ဆန္ဒပြခဲ့ကြသည်။ ရာနှင့်ချီသည့် အဓိကရုဏ်းနှိမ်နှင်းရေးရဲများက ဆန္ဒပြသူများကို လေဆိပ်ထဲသို့ မဝင်ရောက်နိုင်အောင် ဟန့်တားခဲ့ကြသော်လည်း အကြမ်းဖက်မှုများ ဖြစ်ပွားခြင်း မရှိခဲ့ပေ။ အာဏာရှင်ဆန်သည့် နီပေါဘုရင် ဂယန်နင်ဒရာရှားအား အာဏာမှ […]