ဆေးရုံသုံးရုံ အပိတ်ခံထားရချိန် ထားဝယ်မြို့တွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များ
Dawei Watch
March 11, 2025ထားဝယ်မြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံသုံးရုံ အပိတ်ခံထားရသည့်အချိန်တွင် မြို့ပေါ်တွင် ဝမ်းပျက်၊ ဝမ်းလျှောနှင့် ပါးချိတ်ရောင် (ဒေသအခေါ် ခွေးပါးရောင်) ရောဂါအဖြစ်များနေကြောင်း မြို့ခံများက ပြောသည်။ ပါးချိတ်ရောင်ရောဂါမှာ ဇန်နဝါရီလကတည်းက စတင်ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ ရောဂါကူးစက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါမှာ မတ်လဆန်းပိုင်းမှ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ Dawei Watch က ဆက်သွယ်မေးမြန်းခဲ့သည့် မိသားစုသုံးခုတွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြကြောင်း ပြောသည်။ ယင်းအနက် မိသားစုတစ်ခုတွင်မူ ၎င်းတို့နေအိမ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် ပါးချိတ်ရောင်ရောဂါပါ မိသားစုဝင်အားလုံး တစ်ပြိုင်တည်းဖြစ်ပွားနေကြောင်း ပြောဆိုသည်။ ယင်းကဲ့သို့ ရောဂါပွားသူများနေသည့်အချိန် ထားဝယ်မြို့ရှိ မယ်ဒီလန်း၊ အေး၊ ဆာဒိုဝါး ပုဂ္ဂလိက ဆေးရုံသုံးရုံမှာ အပိတ်ခံထားရသဖြင့် လူနာလက်ခံကုသပေးနိုင်ခြင်း မရှိပေ။ ထိုကဲ့သို့ ဆေးရုံသုံးရုံ အပိတ်ခံထားရသဖြင့် […]


