ခရုအုန်း ဖမ်းဆီးရရှိမှုနည်းလာပြီး ဈေးလေးဆနီးပါးမြင့်တက်
Dawei Watch
March 12, 2025မြိတ်တွင် ခရုအုန်း (ခေါ်) အုန်းခရု ရှားပါးလာပြီး တစ်နှစ်ကျော်ကာလအတွင်း ဈေးလေးဆခန့် မြင့်တက်လာကြောင်း ပင်လယ်ထွက်ကုန်ရောင်းဝယ်သူများထံမှ သိရသည်။ ၂၀၂၃ နှစ်ကုန်ပိုင်းက ခရုအုန်း အသားသီးသန့် တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းဝန်းကျင်ဈေးရှိရာက လက်ရှိအချိန်တွင် ကျပ်လေးသောင်းဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း ပင်လယ်ထွက်ကုန် အဝယ်ဒိုင်ပိုင်ရှင်အချို့က ဆိုသည်။ “ခရုအုန်းက အမြဲတမ်းမရဘူး။ အခုနောက်ပိုင်းရှားပါး ရေစာ (ပင်လယ်စာ) ဖြစ်လာတယ်။ ပင်လယ်ငါးဖမ်းလှေတွေဝင်လို့ ကုန်(ပင်လယ်စာ)တွေ သွားယူရင်တောင် ဆယ်ခါတစ်ခါလောက်ပဲ ခရုအုန်းရတော့တယ်” ဟု မြိတ်မြို့ရှိ ပင်လယ်ထွက်ကုန် အဝယ်ဒိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ ပင်လယ်အတွင်း ဖမ်းဆီးရရှိမှု နည်းလာလာသဖြင့် ဈေးတက်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “ရှားပါးလာတာတော့ ဟုတ်တယ်ဗျ။ အရင်က ပင်လယ်ပြင်မှာ ငါးဖမ်းပိုက်တွေချရင် ခရုအုန်းတွေ ပါပါလာတတ်တယ်။ အခုနောက်ပိုင်း ပိုက်ချရင် […]


