BREAKING
November 12, 2025

သတင်း

သမ္မတထရမ့်၏ အမိန့်သစ် VOA နှင့် RFA တို့ကို ရိုက်ခတ်၊ လုပ်ငန်းရပ်သွားနိုင်ကြောင်း RFA ပြော

Dawei Watch

March 16, 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လုပ်ငန်းလျှော့ချရေးအမိန့်သစ်ကြောင့် VOA နှင့် RFA သတင်းဌာနများကို တိုက်ရိုက်သက်ရောက်စေပြီး RFA သတင်းဌာနကမူ လုပ်ငန်းရပ်တန့်သွားနိုင်ကြောင်း ဆိုသည်။ VOA နှင့် RFA သတင်းဌာနများကို ငွေကြေးထောက်ပံ့နေသည့် အမေရိကန်ပြည်ထောင်စု ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) အပါအဝင် အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဌာန၊ အိုးအိမ်မဲ့များအတွက်ဌာန၊ လူနည်းစုပိုင် စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးရေးဌာန၊ ပြတိုက်နှင့် စာကြည့်တိုက်ဌာန၊ ပညာရှင်နှင့် သုတေသနဌာနများအား လုပ်ငန်းကို အဆုံးစွန်အထိ လျှော့ချရန် အမိန့်ထုတ်ခြင်းဖြစ်သည်။ USAGM သည် ကမ္ဘာတစ်ဝန်းတွင် ဘာသာစကားပေါင်း ၆၀ ကျော်ဖြင့် ရုပ်သံထုတ်လွှင့်နေသည့် သတင်းလုပ်ငန်း ခြောက်ခုကို ကြီးကြပ်ရသည့် အေဂျင်စီဖြစ်သည်။ လွတ်လပ်တဲ့အာရှအသံ (RFA) က လက်ခံရရှိသည့် အကြောင်းကြားစာတွင် အမေရိကန်အစိုးရက RFA နှင့် မိတ်ဖက် သတင်းဌာနများအတွက်နှစ်စဉ်ပေးအပ်နေသည့် […]

စစ်ကောင်စီတပ်ပစ်ခတ်၍ ဒဏ်ရာရသွားသည့် မြိတ်ဒေသခံတစ်ဦး သေဆုံး

Dawei Watch

March 16, 2025

တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာတွင် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသည့် အသက် ၄၄ နှစ်အရွယ် မြိတ်ဒေသခံအမျိုးသားတစ်ဦး ၄ ရက်အကြာတွင် သေဆုံးသွားကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ ဆိတ်အရောင်းအဝယ်လုပ်ကိုင်သည့် အဆိုပါအမျိုးသားနှင့် သားဖြစ်သူတို့မှာ မတ်လ ၁၁ ရက်နေ့ နံနက်က ဆိတ်များသွားယူရန် တနင်္သာရီဘက်သို့ ဆိုင်ကယ်ဖြင့်အသွားတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူအချို့က ဆိုသည်။ စစ်ကောင်စီတပ်များ ဂိတ်ချစစ်ဆေးတတ်သည့် တနင်္သာရီမြို့နယ် ရေဖြူကျေးရွာရှိ ဗျုဟာကုန်းအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိ ဒေသခံများကပြောသည်။ “ဝယ်ထားတဲ့ဆိတ်ယူဖို့သွားတာ။ ရေဖြူလမ်းဆုံမှာ အပစ်ခံလိုက်ရတာ။ သေနတ်ပစ်တာကတော့ အချက်ရေတော်တော်များတယ်။ သားဖြစ်သူက အရှေ့ကဆိုတော့ ဘာမှမဖြစ်ဘူး။ ဖခင်ဖြစ်သူက နှစ်ချက်ထိသွားတယ်” ဟု ဗျူဟာကုန်း အနီးအနားနေ ဒေသခံတစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်သားများ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

March 15, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၉ ရက်မှ ၁၅ ရက်အထိ မြန်မာနိုင်ငံက လူတစ်သန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မှု WFP ရပ်ဆိုင်း မြန်မာနိုင်ငံက လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့တွေကို လာမယ့်ဧပြီလကစပြီး ရပ်ဆိုင်းတော့မယ်လို့ ကုသလမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ WFP မှာ ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားနေတာကြောင့် အခုလို ရပ်ဆိုင်းရတာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာမှုတွေ မြင့်တက်လာပြီး ကူညီခွင့် ပိတ်ပင်မှုတွေကြောင့် စားနပ်ရိက္ခာ လိုအပ်ချက် ပိုမိုများပြားလာချိန်မှာ အခုလို ရပ်ဆိုင်းဖို့ဖြစ်လာတယ်လို့ ဖော်ပြပါတယ်။ ရန်ပုံငွေ မရရင် ထိခိုက်လွယ်မှုအမြင့်ဆုံးဖြစ်တဲ့ အသက် ၅နှစ်အောက် […]

ဆင်ထိုးကြီးရွာသားတစ်ဦး နေအိမ်အနီး မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်တောက်

Dawei Watch

March 15, 2025

ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာသားတစ်ဦး နေအိမ်အနီးတွင် မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ပြတ်တောက်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ မတ်လ ၁၅ ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် အသက် ၃၀ ဝန်းကျင်အရွယ် ကိုပြုံးဆန်းအောင် (ခေါ်) ကိုပြုံးပြုံးသည် နေအိမ်ခြံဝင်း အတွင်းရှိ ဒူးရင်းပင်အောက် ဒူးရင်းသီးသွားကောက်စဉ် မိုင်းနင်းမိကြောင်း ဆင်ထိုးကြီးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “သူ့အိမ်ခြံဝန်းထဲမှာပဲဖြစ်တာ။ ဒူးရင်းသီးမှည့်နေတယ်ဆိုတော့ ဒူးရင်းသီးသွားကောက်တယ်တဲ့။ အဲ့ဒီမှာ မိုင်းနင်းမိတာ။ ခြေကျင်းဝတ်အောက်ပိုင်း ပြတ်ထွက်သွားတယ်။ အခုထားဝယ်ဆေးရုံကြီးကို ပို့ထားတယ်လို့ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ဆင်ထိုးကြီးရွာတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်မှ နှစ်ကုန်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းနောက် ဆင်ထိုးကြီးရွာထဲတွင် KNLA […]

မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကို အမေရိကန်ဗီဇာ ကန့်သတ်ဖွယ်ရှိ

Dawei Watch

March 15, 2025

မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကို အမေရိကန်ဗီဇာ ထုတ်ပေးမှု ကြီးကြီးမားမား ကန့်သတ်သွားဖွယ်ရှိကြောင်း ယင်းကိစ္စနှင့် ပတ်သက်၍ သိရှိသူ သတင်းအရင်းအမြစ်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော််ပြထားသည်။ ထရမ့်အစိုးရက ဗီဇာကန့်သတ်သွားမည့် အဆိုပါ နိုင်ငံပေါင်း ၄၁ နိုင်ငံကို အုပ်စု ၃ စု ခွဲပြီး ဖော်ပြထားကြောင်း သိရသည်။ ပထမအုပ်စုတွင် အာဖဂန်နစ္စတန် ၊ အီရန် ၊ ဆီးရီးယား ၊ ကျူးဘားနှင့် မြောက်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံပါဝင်သည်။ ပထမအုပ်စုဝင်နိုင်ငံများကို အမေရိကန်ဗီဇာ ထုတ်ပေးမှု လုံးဝရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယအုပ်စုတွင် အဲရစ်ထရီးယား ၊ ဟေတီ ၊ လာအို ၊ မြန်မာနှင့် တောင်ဆူဒန် နိုင်ငံတို့ ပါဝင်ပြီး […]

ဘန်ကောက်တွင် ဆောက်လက်စ ဖလန်စောင်အဝေးပြေးလမ်း ပြိုကျ၊ မြန်မာအပါအဝင် ၅ ဦးသေဆုံး

Dawei Watch

March 15, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လက်စ ဖလန်စောင်အဝေးပြေးလမ်းမကြီး ယနေနံနက်ပိုင်းတွင် ပြိုကျမှုဖြစ်သဖြင့် မြန်မာအပါအဝင် ဆောက်လုပ်ရေးအလုပ်သမား ၅ ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ နံနက် ၂ နာရီအချိန်ခန့် လုပ်ငန်းခွင်ထဲ အလုပ်သမားအနည်းဆုံး ၃၆ ဦးခန့် ကွန်ကရစ်လောင်းနေသည့် အချိန်တွင် ပြိုကျခဲ့ခြင်းဖြစ်သည်။ ပြိုကျမှုကြောင့် မြန်မာနိုင်ငံသား ၂ ဦးနှင့် ထိုင်းနိုင်ငံသား ၃ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူမြန်မာနှစ်ဦးမှာ ကိုဇင်ကိုအောင်နှင့် ကိုနိုင်လင်းအောင်များဖြစ်ကြောင်း သိရသည်။ ပြိုကျမှုကြောင့် အလုပ်သမား ၂၉ ဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ထားပြီး အပျက်အစီးများအောက် ၂ ဦးပျောက်ဆုံးနေဆဲဖြစ်၍ ရှာဖွေနေကြာင်း သတင်းများအရ သိရသည်။ လက်ရှိတွင် အပျက်အစီးများအောက်က သေဆုံးသူများ၏ အလောင်းအားလုံးကို ပြန်သယ်ထုတ်နိုင်ပြီဖြစ်ကြောင်း၊ အဝေးပြေးလမ်း […]

သက်ငယ်မုဒိမ်းဖြင့် စွပ်စွဲခံရသူ တစ်ဦးကို သရက်ချောင်း ပအဖ ဖမ်းဆီးစစ်ဆေးနေ

Dawei Watch

March 15, 2025

အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှုဖြင့် စွပ်စွဲခံရသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ထံမှသိရသည်။ သရက်ချောင်းမြို့နယ် ရငဲကျေးရွာရှိ အသက် ၁၁ နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သည်ဟု တိုင်ကြားထားသဖြင့် ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးနေခြင်းဟု ၎င်းတို့ကဆို‌သည်။ မိန်းကလေးငယ်မိသားစုနှင့် ဆွေမျိုးနီးစပ်တော်ပြီး နေအိမ်မကြာခဏဝင်ထွက် နေလေ့ ရှိသည့် အဆိုပါအမျိုးသားသည် မတ်လ ၆ ရက် ည ၉ နာရီကျော်အချိန်တွင် အပေါ့သွားရန် အိမ်အောက်သို့ ဆင်းလာသည့် မိန်းကလေးကို ပါးစပ်ပိတ်ပြီး လယ်ကွင်းထဲခေါ်သွားကြောင်း ယင်းဖြစ်စဉ်ကိုသိသည့် ဒေသခံတစ်ဦးက ပြောသည်။ မိန်းကလေးငယ်၏ မိခင်ဖြစ်သူက သံသယရှိသဖြင့် သမီးဖြစ်သူကို ချက်ချင်းလိုက်လံရှာဖွေရာ သမီးဖြစ်သူကို လယ်ကွင်းထဲ‌တွင်တွေ့ရှိခဲ့ကြောင်း ဆိုသည်။ “သူ့အမေက ချက်ချင်းသတိရပြီး က‌လေးနာမည်ကိုအော်ခေါ်ပြီးလိုက်ရှာတော့ […]

KNLA ဂိတ်တွင် မိသားစုဝင် ၃ ဦး ပစ်ခတ်ခံရမှု တပ်စုမှူးနှင့် ၇ ဦးကို အရေးယူမည်ဟုဆို

Dawei Watch

March 15, 2025

ပလောက်မြို့ပေါ်ကို အရေးပေါ်ဆေးရုံသွားပြသည့် မိသားစုဝင်သုံးဦး ပစ်ခတ်ခံရပြီး ရက်သားကလေးနှင့် ဖခင်သေဆုံးမှုတွင် တာဝန်ရှိသည့် တပ်စုမှူး မုတ်ဆိတ်(ဖိုးခွား)အပါအဝင် တပ်ဖွဲ့ဝင် ၈ ဦးကို အရေးယူမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း ၁၂ တပ်ရင်းမှူးက ပြောသည်။ သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာမှ ပလောက်မြို့ပေါ်ဆေးရုံကို အရေးပေါ်ပြသရန် ဖေဖော်ဝါရီလ ၂၃ ရက်ည ၇ နာရီကျော်တွင် ဆိုင်ကယ်ဖြင့်လာသည့် (ကရင်တိုင်းရင်းသား) ရက်သားကလေးနှင့် မိဘတို့နှစ်ဦးကို ဆင်ထိုးကြီးရွာ KNLA စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “သူတို့က ပိတောက်ကြီးကနေ ပလောက်ကို အရေးပေါ်ဆေးရုံတက်ပြတယ်၊ ဂိတ်ရောက်တော့ ရပ်မပေးပဲ တခါတည်းမောင်းသွားတော့ ရပ်ရပ်ဆိုပြောတဲ့အချိန်မှာ ဆိုင်ကယ်က အရှိန်နည်းနည်းလွန်သွားတယ်ထင်တယ်။ အဲ့မှာဆိုင်ကယ်ဒေါက်ထောက်တာနဲ့ သူ့လင်ကို ထိုးပစ်တာ ပထမခြေထောက်မှာထိတယ်၊ နောက်တော့ ရင်ဘတ်ကိုပစ်တယ် အဲ့မှာသူ့လင်သေသွားတယ်၊ ကလေးက […]