ကန်သမ္မတဟောင်း ကနေဒီ လုပ်ကြံခံရမှု လျှို့ဝှက်စာရွက်စာတမ်းများ ထုတ်ပြန်မည်ဟု ထရမ့်ပြော
Dawei Watch
March 18, 2025စာမျက်နှာ ၈၀,၀၀၀ ခန့် ပါဝင်သော အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရမှုနှင့် ပတ်သက်သည့် လျှို့ဝှက်စာရွက်စာတမ်းများကို အင်္ဂါနေ့တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုလိုက်သည်။ အမေရိကန်နိုင်ငံ၏ ၃၅ ယောက်မြောက် သမ္မတဖြစ်သူ ဂျွန်အက်ဖ်ကနေဒီသည် ၁၉၆၃ ခုနှစ် ၊ နိုဝင်ဘာ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ ၊ တက္ကဆက်ပြည်နယ် ၊ Dallas မြို့၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ၎င်း လုပ်ကြံခံရမှုသည် ဆယ်စုနှစ် ၆ ခုကျော်ကြာသည်အထိ လျှို့ဝှက်ကြံစည်မှုကိစ္စရပ်တစ်ခုအနေဖြင့် ပဟေဠိဆန်ဆန် ရှိနေဆဲ ဖြစ်သည်။ “ကျွန်တော်တို့ တစ်ခုခုကို ထိန်ချန်သွားမယ်လို့ ကျွန်တော် မယူဆပါဘူး။ မထိန်ချန်နဲ့ ၊ ထိန်ချန်လို့ မရဘူးလို့ပဲ ကျွန်တော် ပြောခဲ့ပါတယ်” ဟု ထရမ့်က သတင်းထောက်များကို […]


