တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
Dawei Watch
March 21, 2025ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ အိုင်အက်စ်ခေါင်းဆောင်တစ်ဦးကို အမေရိကန် ရှင်းလင်း အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် Abu Khadijah ကို အမေရိကန်က အီရတ်အစိုးရနဲ့ ပူးပေါင်းပြီး မတ်လ ၁၃ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ပါတယ်။ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ခေါင်းဆောင်တစ်ဦးနဲ့အတူ နောက်ထပ် အိုင်အက်စ်အဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့တာပါ။ အီရတ်ထောက်လှမ်းရေး၊ အီရတ်လုံခြုံရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ် ကွပ်ကဲရေးဌာနချုပ်က ထုတ်ပြန်ပါတယ်။ ကမ္ဘာ့ အိုင်အက်စ်အဖွဲ့ရဲ့ တိုက်ခိုက်ရေးလုပ်ငန်း ထောက်ပို့ရေးနဲ့ အစီအစဉ်တွေကို Abu Khadijah က ညွှန်ကြားနေပြီး အဖွဲ့ရဲ့ အရေးကြီးတဲ့ ဘဏ္ဍာရေးအပိုင်းကိုလည်း ကိုင်တွယ်နေသူဖြစ်တယ်လို့ ဆိုပါတယ်။ Ref: BBC ……………………………….. မြောက်ကိုးရီးယားက […]


