တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
March 22, 2025မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၁၆ ရက်မှ ၂၂ ရက်အထိ VOA နဲ့ RFA သတင်းဌာနတွေ ပိတ်သိမ်းရနိုင်ခြေရှိနေ မြန်မာပြည်သူတွေ နှစ်ပေါင်းဆယ်နဲ့ချီပြီး သတင်းတွေနားဆင်ခဲ့ရတဲ့ အမေရိကန်အသံ VOA နဲ့ လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာနတွေ ပိတ်သိမ်းရနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လုပ်ငန်းလျှော့ချရေးအမိန့်အသစ်ဟာ VOA နဲ့ RFA သတင်းဌာနတွေကို တိုက်ရိုက် သက်ရောက်စေခဲ့တာပါ။ VOA နဲ့ RFA အပါအဝင် ကမ္ဘာတစ်ဝန်းမှာ ဘာသာစကားပေါင်း ၆၀ကျော်နဲ့ ရုပ်သံထုတ်လွှင့်နေတဲ့ သတင်းလုပ်ငန်းခြောက်ခုကို ငွေကြေးထောက်ပံ့ ကြီးကြပ်ရတဲ့ အမေရိကန်ပြည်ထောင်စု ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) ကို လုပ်ငန်းအဆုံးစွန်ထိ […]


