မြိတ်တွင် ဆံပင် စျေးကောင်းရ၊ ငွေကြေးကျပ်တည်းသဖြင့် ရောင်းသူများ
Dawei Watch
March 26, 2025မြိတ်မြို့တွင် ဆံပင်ကို ဈေးကောင်းပေးဝယ်ယူနေကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။ ဆံပင်အရှည်ကို လက်မဖြင့် တိုင်းတာပြီး ဆံပင်အရှည်အပေါ်မူတည်ကာ တစ်ကျပ်သားလျှင် ငွေကျပ် လေးထောင် ဝန်းကျင်မှ ကျပ်လေးသောင်းဝန်းကျင်အထိ ဈေးပေါက်နေကြောင်း မြို့ခံအချို့က ပြောသည်။ အာဏာမသိမ်းမီကာလက ဆံပင်အရှည်အပေါ်မူတည်ကာ တစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ဝန်းကျင်အထိသာ ဈေးရှိခဲ့သည်။ ယင်းအပြင် ဆံပင်ဝယ်ရသည့် ပမာဏလည်း များလာပြီး လက်ရှိတွင် တစ်လလျှင် ပိဿာချိန် နှစ်ဆယ်ကျော်အထိ ဝယ်ယူ နေရရာ အာဏာမသိမ်းမီကထက် ဆယ်ဆခန့်ပိုများလာကြောင်း မြိတ်မြို့ရှိ ဆံပင်ဝယ်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။ “ဆံပင်ကျွတ်တွေလည်း ဝယ်တယ်။ ဒါပေမဲ့ ဆံပင်ကျွတ်က ဈေးနည်းတယ်။ ဆံပင်အရှည်ကိုကျတော့ ကျွန်မတို့ ကိုယ်တိုင် ဖြတ်ပြီး ဝယ်တယ်။ ဆံပင်အရည်အသွေးအပေါ် မူတည်ပြီးဈေးဖြတ်တယ်။ တချို့ကလည်း ၁၀ သိန်းအထိ ရကြတယ်” […]


