ထားဝယ်နှင့် မြိတ်တွင်လည်း ငလျင်လှုပ်ခတ်
Dawei Watch
March 28, 2025ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တွင်လည်း ယနေ့နေ့လယ် ၁၂နာရီ ၅၄ မိနစ်အချိန့်ခန့်တွင် ငလှုပ်ခတ်ခဲ့ကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်အရသိရသည်။ ထားဝယ်ခရိုင် အတွင်းရှိ ထားဝယ် ၊ ရေဖြူ ၊ လောင်းလုံး မြို့နယ်များရှိ ဒေသခံများထံ ဆက်သွယ်မေးမြန်းရာတွင် ငလျင်လှုပ်ခတ် သွားသည်ကို ကြုံလိုက်ရကြောင်း ပြောဆိုကြသည် ။ “အလုပ်လုပ်ရင်း ခေါင်းမူးသလိုဖြစ်ပြီး ဝေသလိုဖြစ်လာတယ်။ ပြီးမှ သူများတွေက ငလျင်လှုပ်နေတယ်ဆိုပြီး တိုက်အပြင် ထွက်ပြေးတယ်။ ၄ မိနစ်လောက်ပဲ လှုပ်သလိုဖြစ်သွားတယ် ” ဟု ထားဝယ်မြို့ က ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုတွင်အလုပ်လုပ်နေသည့် အလုပ်သမားတစ်ဦးကပြောသည် ။ မြိတ်ခရိုင်တွင်လည်း မြိတ်မြို့ပေါ်အပြင် ကျွန်းများရှိ ကျေးရွာများတွင်ပင် ငလျင်လှုပ်ခတ်သွားသည်ကို ကြုံရကြောင်း ဒေသခံများကဆိုသည်။ “မြိတ်မြို့ပေါ်လည်းလှုပ်တယ်။ ကျွန်းဘက်က စခန်းသစ်ရွာဘက်ကို မေးကြည့်လည်း […]


