ခရီးသည်ဟန်ဆောင် ထွက်ပြေးသည့် ခလရ ၁၀၃ ယာယီတပ်ရင်းမှူးကို ဖမ်းမိ
Dawei Watch
March 28, 2025မြိတ်မြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၁၀၃ ခြေလျင်တပ်ရင်းက ယာယီတပ်ရင်းမှူး ဗိုလ်မှူးသိန်းထိုက်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း မြိတ်ခရိုင်၊ PDF အမှတ်(၁)တပ်ရင်းထံမှ သိရသည်။ မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် အရပ်သားခရီးသည် ဟန်ဆောင်ထားသည့် ခလရ ၁၀၃ ၏ ယာယီတပ်ရင်းမှူးဗိုလ်မှူးသိန်းထိုက်ကို အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မြိတ်ခရိုင်၊ PDF အမှတ်(၁) တပ်ရင်းနှင့် KNDO တပ်ရင်း ၇တို့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အသက် ၄၀ နှစ်အရွယ် ယာယီတပ်ရင်းမှူးဗိုလ်မှူးသိန်းထိုက်ကို ရန်ကုန်သို့သွားမည့် ခရီးသည်တင်ကားပေါ်တွင် စစ်ဆေးဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်၊ PDF အမှတ် (၁) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ဆိုသည်။ “မိတာက ကျွန်တော်တို့က စစ်ဆေးရေးဂိတ်မှာ […]


