မြန်မာ့ငလျင်ဘေး မလေးရှား ကူညီမည်
Dawei Watch
March 29, 2025ငလျင်ဘေးသင့် မြန်မာပြည်သူများကို အရေးပေါ်ကူညီရန် မလေးရှားနိုင်ငံ အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ ကယ်ဆယ်ရေးအဖွဲ့နှစ်ခုကို နှစ်သုတ်ခွဲ၍ စေလွှတ်သွားမည် ဖြစ်ကြောင်း သိရသည်။ မလေးရှားနိုင်ငံ အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် ကူညီကယ်ဆယ်ရေးကနဦးလေ့လာမှုအဖွဲ့သည် ရန်ကုန်မြို့သို့ ဒီကနေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဖွဲ့ဝင် ၄၀ ဦးပါဝင်သည့် နောက်ထပ်ကယ်ဆယ်ရေးအဖွဲ့ကို တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံမှ ထပ်မံစေလွှတ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ပထမစေလွှတ်ထားသည့် ကနဦးမြေပြင်လေ့လာရေးအဖွဲ့က ဦးစားပေးဧရိယာအဖြစ် သတ်မှတ်ထားသည့် ဒေသများတွင် အရေးပေါ် အကူအညီပေးရန် အဖွဲ့ဝင် ၄၀ ဦး ပါဝင်သည့် ကူညီကယ်ဆယ်ရေးဒုတိယအဖွဲ့ကို တနင်္ဂနွေနေ့တွင် ထပ်မံစေလွှတ်သွားမည် ဖြစ်သည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ငလျင်ဘေးသင့်မြန်မာပြည်သူများအတွက် ဝမ်းနည်းကြောင်း သောကြာနေ့က ထုတ်ပြန်ခဲ့သည်။ အာဆီယံအဖွဲ့ဝင်အိမ်နီးချင်းနိုင်ငံများနှင့်အတူ […]


