စင်ကာပူကယ်ဆယ်ရေးအဖွဲ့ မြန်မာ့ငလျင်ဘေး ကူညီမည်
Dawei Watch
March 29, 2025စင်္ကာပူအရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ (SCDF) ၏ ဦးဆောင်မှုအောက်မှ Operation Lionheart( OLH) ဟု အမည်ပေးထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က ငလျင်ဘေးသင့် မြန်မာပြည်သူများကို ကူညီရန် ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။ အဖွဲ့ဝင်ဦးရေ ၈၀ ဦး ပါဝင်သည့် အဆိုပါ ကူညီကယ်ဆယ်ရေးအဖွဲ့သည် စင်္ကာပူနိုင်ငံ ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ မိနစ် ၂၀ တွင် မြန်မာနိုင်ငံသို့ စတင်ထွက်ခွာလာခြင်းဖြစ်သည်။ အဆိုပါ ခရီးစဉ်တွင် ကယ်ဆယ်ရေးလုပ်ငန်းကျွမ်းကျင်သူများ၊ ဆရာဝန်များ၊ ဆေးဘက်အကူများ ၊ ရှာဖွေရေးလုပ်ငန်း အထူးကျွမ်းကျင်သူများ ၊ အန္တရာယ်ရှိပစ္စည်းများကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်သူများနှင့် အထူးလေ့ကျင့်ပေးထားသည့် ခွေးလေးကောင်လည်း လိုက်ပါလာမည် ဖြစ်သည်။ ၎င်းတို့နှင့်အတူ အသက်ရှင်သူရှာဖွေရေးကိရိယာများ ၊ […]


