ငလျင်ကြောင့် သေဆုံးသူ ၁၆၀၀ ကျော်ရှိလာ
Dawei Watch
March 29, 2025အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ ၁၆၀၀ ကျော် ရှိပြီဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ မတ်လ ၂၉ ရက် ညပိုင်းမှာ ထုတ်ပြန်သည်။ သေဆုံးသူ၁၆၄၄ ဦး၊ ဒဏ်ရာရရှိသူ ၃၄၀၈ ဦးအထိ ရှိလာကာ ပျောက်ဆုံးသူမှာ ၁၃၉ဦး ရှိနေကြောင်း ဖော်ပြသည်။ မြန်မာသို့ တရုတ်၊ ရုရှား၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးပစ္စည်းများ လာရောက်နေရှိနေပြီး ထိုင်းနိုင်ငံက စစ်သားများအပါအဝင် ကယ်ဆယ်ရေးအဖွဲ့လည်း မတ်လ ၃၀ ရက်တွင်လည်း ရောက်ရှိရန် ရှိသည်။ မတ်လ ၂၈ရက်က ရစ်(ခ်)တာစကေး ၇ဒသမ ၇အဆင့်ရှိ အင်အားအလွန်းပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် ယနေ့ ညနေပိုင်းအထိ နောက်ဆက်တွဲ ငလျင် ၁၄ ကြိမ်အထိ လှုပ်ခတ်ခဲ့သည်။ […]


