BREAKING
November 14, 2025

သတင်း

ချင်းမိုင်မြို့ ၇၂၉ နှစ်ပြည့်အဖြစ် ကမ္ဘာ့စံချိန်တင် အကြီးဆုံးအကပွဲကျင်းပ

Dawei Watch

April 19, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ကို တည်ထောင်သော နှစ်ပေါင်း ၇၂၉ နှစ်ပြည့်ပွဲတော်တွင် လက်သည်းရှည်အကသမားသောင်းချီဖြင့် ကမ္ဘာ့ဂရင်းနစ်စံချိန်တင်နိုင်သည့် ထိုင်းနိုင်ငံ၏ အကြီးဆုံးကပြဖျော်ဖြေပွဲတော်ကို ယနေ့ ကျင်းပခဲ့သည်။ ယနေ့ ဧပြီလ ၁၉ ရက်နေ့ ညနေ ၅ နာရီမှစ၍ ချင်းမိုင်မြို့ဟောင်း Three Kings Monument ရှေ့တွင် ရိုးရာ လက်သည်းရှည်အကသမားပေါင်း ၁၀၀၀၀ ကျော်ဖြင့် ထိုင်းမြောက်ပိုင်း ရိုးရာယဉ်ကျေးမှုကို ဖော်ကျူးကပြခဲ့ခြင်းဖြစ်သည်။ ရိုးရာယဉ်ကျေးမှုအရ အကသမားပေါင်း သောင်းချီဖြင့် လက်သည်းအရှည်များကို ညင်သာစွာ ကပြဖျော်ဖြေရင်း လမ်းတစ်လျှောက်တွင် တင်ဆက်ဖျော်ဖြေကြခြင်းဖြစ်သည်။ ကပြဖျော်ဖြေပွဲကို ဒေသခံများအပါအဝင် ကမ္ဘာလှည့်ခရီးသည်များလည်း လာရောက်ကြည့်ရှုကြသည်ကို တွေ့ရသည်။ ချင်းမိုင်မြို့တည်ပွဲတော်တွင် ဘုန်းကြီး ၇၂၉ ဦးကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်ခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်တိုင်း ပြုလုပ်ကျင်းပနေကြဖြစ်ကြောင်း သိရသည်။ ချင်းမိုင် […]

အချိန်တိုအတွင်း မအောင်မြင်လျှင် ယူကရိန်းငြိမ်းချမ်းရေး မညှိနှိုင်းပေးတော့ဟု ကန်အစိုးရဆို

Dawei Watch

April 19, 2025

အချိန်တိုအတွင်း တိုးတက်မှုမတွေ့ရလျှင် ရုရှား – ယူကရိန်းစစ် အဆုံးသတ်ရေး ကြားဝင်ညှိနှိုင်းပေးနေမှုမှ စွန့်ခွာတော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သောကြာနေ့တွင် ပြောဆိုလိုက်သည်။ အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းစစ်အဆုံးသတ်ရေးကို လျှင်လျှင်မြန်မြန် ပြီးစီးအောင် ဆောင်ရွက်လိုကြောင်း ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ “အခု အကြောင်းရင်းတချို့ကြောင့် (ရုရှား ၊ ယူကရိန်း) ဘက်နှစ်ဘက်စလုံးမှာ တစ်ဘက်ဘက်က ဒါကို အင်မတန်ခက်ခဲအောင် လုပ်နေတယ်ဆိုရင် ကျွန်တော်တို့က ဒီလိုပဲ ပြောတော့မယ် – “မင်းတို့ မိုက်မဲတယ်။ မင်းတို့ အရူးတွေ။ မင်းတို့က ဆိုးရွားလွန်းတဲ့လူတွေပဲ” ၊ ပြီးရင် ကျွန်တော်တို့က ဒါကို လက်လျှော့စွန့်ခွာသွားတော့မှာပဲ။ ဒီလိုမျိုး မလုပ်ရဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရေး […]

အွန်လိုင်းက ထိုင်းစာသင်နေသော ပုလောဒေသခံဆရာမတစ်ဦး မဟာချိုင်တွင် ဖမ်းဆီးခံရ

Dawei Watch

April 19, 2025

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် အွန်လိုင်းကတစ်ဆင့် ထိုင်းဘာသာစကား သင်ကြားပေးနေသော မြန်မာဆရာမတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာအလုပ်သမာများကြား လူသိများသော ဆရာမဖြိုးဖြိုးကို စမွတ်စခွန်ခရိုင် လဝကအဖွဲ့များက ယနေ့ ဧပြီလ ၁၉ ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ စမွတ်စခွန်ခရိုင်ထဲတွင် ထိုင်းဘာသာစကားကို Facebook နှင့် Zoom များကတစ်ဆင့် အွန်လိုင်းဖြင့် မြန်မာနိုင်ငံသားအချင်းချင်း သင်ကြားပေးနေသည်ကို စုံစမ်းသိရှိရသဖြင့် လဝကအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ အရေး၊ အဖတ်၊ အပြော အခြေခံ ထိုင်းဘာသာသင်တန်းများကို အွန်လိုင်းမှတစ်ဆင့် မြန်မာနိုင်ငံသားများကို အုပ်စုဖွဲ့၍ သင်တန်းဖွင့်လှစ်၍ သင်ကြားနေသည်ကို လဝကအဖွဲ့က စုံစမ်းသိရှိခဲ့ကြောင်း ဆိုသည်။ ဆရာမဖြိုးဖြိုးသည် အပတ်စဉ် သောကြာ၊ စနေ နှစ်ရက်တွင် တစ်ရက်ကို ၂ […]

ထားဝယ်သို့ စစ်ကောင်စီရဟတ်ယာဉ်သုံးစင်းရောက်၊ အထူးစီးပွားရေးဇုန်သို့ ဆက်သွား

Dawei Watch

April 19, 2025

ထားဝယ်မြို့ရှိ လေယာဉ်ကွင်းသို့ ယနေ့ ဧပြီလ ၁၉ ရက် နံနက်ပိုင်းတွင် Mi 17 အမျိုးအစား ရဟတ်ယာဉ်သုံးစင်း တစ်ပြိုင်နက် ရောက်ရှိလာကြောင်း‌ မြို့ခံများနှင့် ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ အဆိုပါရဟတ်ယာဉ်သုံးစင်းသည် မော်လမြိုင်မြို့မှ ပျံသန်းလာပြီး ထားဝယ် လေယာဉ်ကွင်းတွင် ဆင်းသက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ လေကြောင်းအား စောင့်ကြည့်ထောက်လှမ်းနေသည့် Enemy Air Route တယ်လီဂရမ်ချယ်နယ်က ဖော်ပြသည့် အချက်အလက်များအရသိရသည်။ ထားဝယ်မြို့ခံအချို့ကလည်း ယနေ့ နံနက် ၁၁ နာရီကျော်တွင် ထားဝယ်လေယာဉ်ကွင်း သို့မဟုတ် စကခ ၈ ဘက်မှ ရဟတ်ယာဉ်အသံများ ကျယ်လောင်စွာ ကြားရကြောင်း ပြောဆိုသည်။ “(ရဟတ်ယာဉ်) ဆင်းတာတော့ မမြင်လိုက်ဘူး။ အသံတော့ကြားတယ်။ လေယာဉ်ကွင်းထဲပဲဖြစ်မလား၊ စကခ ၈ထဲပဲ ဆင်းလားတော့ […]

တိုက်ပွဲကြောင့် မြိတ်-ထားဝယ်လမ်းပိတ်နေသဖြင့် အမြန်ရေယာဉ်ပြေးဆွဲရန်စီစဉ်

Dawei Watch

April 19, 2025

မြိတ်-ထားဝယ်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်နေသောကြောင့် ကားလမ်းပိတ်မိနေသဖြင့် ခရီးသွားများ သွားလာမှု အဆင်ပြေစေရန် စပိတ်ဘုတ် အမြန်ရေယာဉ်ဖြင့် ပြေးဆွဲရန်စီစဉ်နေကြောင်း MOE (Myeik) Travel &Tours ကုမ္ပဏီထံမှ သိရသည်။ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဝင်း၀ရွာ စစ်ကောင်စီရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဧပြီလ ၁၈ ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ကာ မြိတ်-ထားဝယ်လမ်းတွင် ခရီးသွားဒေသခံများ ပိတ်မိနေ သည်။ ထို့ကြောင့် ကျန်းမာရေးနှင့် အရေးပေါ် ခရီးသွားရန်လိုအပ်သည့် ခရီးသွားများအတွက် အမြန်ယာဉ်ပြေးဆွဲ ရန်စီစဉ်ရခြင်း ဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီတာဝန်ရှိသူ ဦးမိုးဇော်က ပြောသည်။ “အဓိက ကားလမ်းပိတ်နေချိန် အရေးပေါ်ခရီးသွားမယ့်သူတွေအတွက် စီစဉ်ပေးတာပါ။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ကားလမ်းတွေ ပိတ်မိနေချိန် ခရီးသွားဖို့ မဖြစ်မနေလိုအပ်တဲ့ သူတွေအတွက် အဆင်ပြေအောင် စီစဉ်တာမျိုးပါ” […]

သရက်ချောင်းရှိ ရွာများကိုစစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ ရငဲရွာမှ မြေး၊အဘိုးနှစ်ဦးသေဆုံး

Dawei Watch

April 19, 2025

သရက်ချောင်းမြို့နယ်၊ ဝင်းဝနယ်မြေရဲစခန်းအနီးဝန်းကျင် ကျေးရွာများကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလိုက်ကြဲနေခြင်းကြောင့် ရငဲရွာကမြေးအဘိုးနှစ်ဦး ထိမှန်သေဆုံးသွားကြောင်း ကနဦးရရှိသည့် အချက်အလက်များအရ သိရသည်။ ယနေ့(ဧပြီ ၁၉) မနက် ၁၀ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်းဝစခန်းအနီးပတ်ဝန်းကျင်၊ မင်းဒပ်၊ ချောင်းဝပြင်၊ ရငဲရွာများကို ဗုံး ၈ လုံးခန့်ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ “ရငဲရွာထဲကို ဗုံးနှစ်လုံးလာချသွားတယ်။ မြေးအဘိုးနှစ်ဦးသေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အသက် ၇ နှစ်အရွယ် ယောကျ်ားကလေးတစ်ဦးနှင့် အသက် ၅၀ ကျော်အရွယ်အမျိုးသားကြီးတစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး အပါအဝင်စုစုပေါင်းလေးဦးဒဏ်ရာရသည်ဟု ဒေသခံအချို့က ပြောသည်။ ဧပြီလ ၁၈ ရက် မနက် ၆ နာရီခန့်တွင် ဝင်းဝစခန်းကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေ […]

ထွက်ပြေးလာသည့် စစ်မှုထမ်းစုဆောင်းခံရသူနှစ်ဦး တော်လှန်ရေးအဖွဲ့များထံ ခိုလှုံ

Dawei Watch

April 19, 2025

ထိုင်းနိုင်ငံမှ ကော့သောင်းမြို့သို့ ပို့ဆောင်ခံရစဥ် စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခံရသူ တစ်ဦးနှင့် စစ်မှုထမ်းသင်တန်းသို့ အဓမ္မတက်ခိုင်းပြီး ရှေ့တန်းပို့ခံရသူတစ်ဦးတို့ ကော့သောင်းခရိုင် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ထွက်ပြေးလာကာ ခိုလှုံခဲ့ကြသည်။ ထိုင်းမှပြန်ပို့ခံရသည့် ကိုအောင်စိုးမှာ ကော့သောင်းမြို့၊ ခမရ (၄၃၁)တပ်ရင်းတွင် စစ်မှုထမ်းအဖြစ် စုဆောင်းခံရပြီး ဧပြီလ ၁၆ ရက် ညတွင် ထွက်ပြေးလာခဲ့ကာ ဧပြီ ၁၇ရက်တွင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပကဖ)ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ ထွက်ပြေးစဉ် ကိုအောင်စိုး အပါအဝင် ၃ ဦးဖြစ်သော်လည်း ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သားများတွေ့ပြီး တိုက်ခိုက်ကြရာမှ လူစုကွဲသွားကြောင်း ဘက်ပြောင်းခိုလှုံသူ၏ပြောဆိုချက်ကို ကိုးကား၍ ကော့သောင်းပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက Dawei Watch ကို ပြန်ပြောပြသည်။ “ကျွန်တော်တို့ဘက်ကို ဆက်သွယ်လာလို့ သွားခေါ်ပေးတော့ […]

ရာသီဥတုဖောက်ပြန်မှုကြောင့် ဆန်စပါးများ အဆိပ်သင့်မှုမြင့်လာမည်

Dawei Watch

April 19, 2025

လေထုအပူချိန်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်လာမှုကြောင့် ဆန်စပါးအဆိပ်သင့်မှု မြင့်မားလာမည်ဖြစ်ကြောင်း သုတေသနတွေ့ရှိချက်အသစ်တစ်ခုက ဆိုသည်။ ယင်းကြောင့် လူသန်းပေါင်းများစွာတွင် ကင်ဆာနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ခြေပိုများလာနိုင်ခြေ ရှိကြောင်း The Lancet ဆေးပညာဂျာနယ်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည့် တွေ့ရှိချက်က ဆိုသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်မှီခိုစားသုံးနေရသည့် ဆန်စပါးသည် ကမ္ဘာ့အရေးကြီးဆုံး ကောက်ပဲသီးနှံဟု ဆိုနိုင်သည်။ ကိုလံဘီယာတက္ကသိုလ်က အပင် ဇီဝကမ္မဗေဒပညာရှင်နှင့် တွဲဖက်ပါမောက္ခ Lewis Ziska နှင့် သုတေသီများအဖွဲ့သည် သုတေသနလယ်ကွင်းများတွင် ဆန်စပါးစိုက်ပျိုးမှုကို ခြောက်နှစ်ကြာ လေ့လာခဲ့ကြသည်။ အဆိုပါ လယ်ကွင်းများတွင် ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အပူချိန်ကို အတိုးအလျှော့ ပြုလုပ်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ နှစ်မျိုးလုံး တိုးမြှင့်လိုက်သောအခါ စပါးနှံများတွင် အာဆင်းနစ် ပမာဏနှင့် သက်ရှိသတ္တဝါများမှ ဖြစ်ပေါ်ခြင်းမဟုတ်သည့် အာဆင်းနစ်တို့ […]