တရုတ်၊ အိန္ဒိယမှ ကွန်မြူနစ်ပါတီများနှင့် ပိုနီးကပ်စွာ ဆက်ဆံသွားမည်ဟု သီရိလင်္ကာဆို
Dawei Watch
May 2, 2025တရုတ်နှင့်အိန္ဒိယမှ ကွန်မြူနစ်ပါတီများနှင့် ပိုနီးကပ်စွာ ဆက်ဆံသွားမည်ဟု သီရိလင်္ကာအစိုးရက မေလ ၁ ရက်နေ့က အလုပ်သမားနေ့ လူထုအခမ်းအနားတွင် ကတိပြုပြောဆိုလိုက်သည်။ သီရိလင်္ကာသည် နိုင်ငံအရွယ်အစား သေးငယ်သော်လည်း မဟာဗျူဟာမြောက် အရေးပါသော နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးက သီရိလင်္ကာတွင် လွှမ်းမိုးမှုရရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်။ ယမန်နေ့ကကျင်းပခဲ့သော အလုပ်သမားနေ့ လူထုအခမ်းအနားမှာ လက်ဝဲယိမ်းသမ္မတ အနူရာကုမုဒြာဒိသန်နာယကေ တက်လာပြီးနောက် ပထမဆုံး ကျင်းပသည့် အခမ်းအနားဖြစ်သည်။ အဆိုပါ အခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီ (CCP) နှင့် အိန္ဒိယကွန်မြူနစ်ပါတီများမှ အထူးဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ တရုတ်ကွန်မြူနစ်ပါတီ (CCP) က သီရိလင်္ကာသမ္မတ ဒိသန်နာယကေ၏ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (JVP) နှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ အလုပ်သမားနေ့ လူထုအခမ်းအနား၌ ပရိသတ်အမြောက်အများကို […]


