စစ်ကောင်စီတပ်သားများက စားဆီတစ်ဘူး အတင်းသောက်ခိုင်းသည့် အမျိုးသမီးသေဆုံး
Dawei Watch
May 3, 2025မြိတ်မြို့နယ်၊ ကြေးနန်းတိုင်တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် အမျိုးသမီးကြီးတစ်ဦးကို စားသုံးဆီတစ်ဘူး အတင်းအဓမ္မသောက်ခိုင်းပြီးနောက် သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဧပြီလ ၂၆ ရက်နေ့က မြိတ်မြို့မှပြန်လာသည့် တညက်ကျေးရွာနေ အသက်၅၀ ဝန်းကျင်အရွယ် အမျိုးသမီးကြီးတစ်ဦးကို စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားများက စစ်ဆေးခဲ့ကြောင်း ယင်းသို့ စစ်ဆေးရာတွင် အမျိုးသမီးကြီးက ဆိုင်ကယ်ထိုင်ခုံ(တူးဘောက်)အတွင်း ဆီ ၄ ဘူး ထည့်ကာ သယ်လာသည်ဟု ဖြေဆိုခဲ့ကြောင်း ယင်းဖြစ်စဉ်ကိုသိသူ အမျိုးသမီးတစ်ဦးကဆိုသည်။ စစ်ကောင်စီတပ်သားများက တူးဘောက်ကို ဖွင့်ပြီးစစ်ဆေးရာ ဆီ ၅ ဘူးဖြစ်နေသည့်အတွက် ဆီတစ်ဘူးကို အဆိုပါအမျိုးသမီးကြီး၏ ပါးစပ်အတွင်းကို အတင်းလောင်းထည်ခဲ့ကြောင်း အဆိုပါအမျိုးသမီးက ဆိုသည်။ “ဘာတွေဝယ်လာလဲလို့ စစ်တယ်။ ဆီဝယ်လာတယ်ပြောတော့ ဘယ်နှစ်ဘူးပါတယ်ဆိုစစ်ပြီး ၅ ဘူးပါတာ မိန်းမကြီးကမေ့ပြီး လေးဘူး ပါလို့ပြောလိုက်တယ်။ ပိုနေတဲ့တစ်ဘူးကို သူ့ပါးစပ်ထဲလောင်းထည့်လိုက်တယ်”ဟု […]


