ရေလုပ်ငန်းနှင့် ဆက်စပ် လုပ်ငန်းအချို့ကို အတိုးမဲ့ ကိုဗစ်ချေးငွေပေးရန် စီစဉ်
diz_admin
July 6, 2020ကိုဗစ်အလွန်တွင် ရေလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် လှေပိုင်ရှင်၊ ငါးတင်၊ ငါးချ ဆိပ်ခံတံတားပိုင်ရှင်၊ ငါး၊ ပုစွန်ပြုပြင်မွမ်းမံရေး စက်ရုံများတွင် ပါဝင်သော အအေးခန်း၊ ငါးမှုန့်ကြိတ်စက်ရုံပိုင်ရှင်တို့ကို ငါးလုပ်ငန်းဦးစီးဌာနက အတိုးမဲ့ချေးငွေ ထုတ်ချေးရန် စီစဉ် နေကြောင်း တိုင်းငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။ လှေတစ်စီးလျှင် ကျပ်သိန်းတစ်ရာနှုန်း၊ ငါးပုစွန် ပြုပြင်မွမ်းမံရေးစက်ရုံတစ်ရုံလျှင် ကျပ်သိန်းတစ်ထောင်နှုန်း၊ ဆိပ်ခံတံတား တစ်ခုလျှင် ကျပ်သိန်း နှစ်ထောင်နှုန်းဖြင့် ထုတ်ချေးရန် စီစဉ်နေကြောင်း အထက်ပါဌာန ဦးစီးအရာရှိ ဦးစိုးသန့်က ပြောသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးရှိ လှေအစီးရေ ၃၁၉၀ စီး၊ ဆိပ်ခံတံတား ဆယ်ခုကို ချေးငွေထုတ်ချေးရန် စီစဉ်နေပြီး ငါး၊ ပုစွန်ပြုပြင်မွမ်းမံ ရေးစက်ရုံများကိုမှု အရေအတွက် ဖော်ပြထားခြင်း မရှိပေ။ […]