သံဖြူဇရပ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
diz_admin
December 9, 2021မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ယမန်နေ့ညက ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၈ ရက်နေ့ ည ၉ နာရီဝန်းကျင်က သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်ရှိ ထိပ်တန်း အရက်ချက် စက်ရုံရှေ့တွင် ဆိုင်ကယ်စီးနင်းလာသည့် အသက် ၅၀ နှစ်အရွယ် ဦးသားငယ်ဆိုသူကို ပစ်သတ်ခံရခြင်းဖြစ်ကြောင်း မြို့ခံတို့ထံမှ သိရသည်။ ယင်းအနီးပတ်ဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ လှည့်ကင်း ရှိနေချိန် ဆိုင်ကယ် မောင်းနှင်လာခြင်းဖြစ်သဖြင့် စစ်သားများက ပစ်ခတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း အခင်းဖြစ်ရာ ပတ်ဝန်းကျင် အနီးဝန်းကျင်က ဒေသခံများနှင့် မိသားစုဝင်အချို့က ယူဆကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် ဦးသားငယ်တွင် နောက်ကျောနှင့် ပေါင်တို့တွင် ကျည်ထိမှန်ကာ သေဆုံးကြောင်း ၎င်းက ဆိုသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းရှိ […]